Saturday 8 November 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိ

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဒေသ တွင်း စီးပွားရေးပူးပေါင်းဆောင် ရွက်ရေးဆွေးနွေးပွဲသို့တက်ရောက် ရန် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်မှ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ဒေသစံတော်ချိန် ည နေ ၆နာရီတွင် တရုတ်နိုင်ငံ ပေကျင်း မြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား တရုတ်နိုင်ငံ ပေကျင်းမြို့ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိ ယဥက္ကဋ္ဌ မစ္စတာလီကျောက်လင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာနမှ တာဝန် ခံနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ဇနီး၊ စစ်သံမှူးဗိုလ်မှူးကြီးမြင့်သိန်း၊ သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများက ပေကျင်းမြို့ အပြည်ပြည်ဆိုင်ရာလေ ဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ကလေးငယ်တစ်ဦးက ပန်းစည်း ကမ်းကာ ဝမ်းသာအားရကြိုဆိုနှုတ် ဆက်သည်။ ထို့နောက် နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည် ခေတ္တတည်းခို မည့် ကျောက်ယုထိုင် နိုင်ငံတော်ဧည့် ဂေဟာသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတ၏ ယခုအ ကြိမ် တရုတ်နိုင်ငံခရီးစဉ်မှာ သမ္မတ သက်တမ်းတစ်လျှောက် ငါးကြိမ် မြောက်ခရီးစဉ်ဖြစ်ပြီး ယခင်ကချစ် ကြည်ရေးခရီးစဉ် နှစ်ကြိမ်နှင့် ဆွေး နွေးပွဲများတက်ရောက်ရန် နှစ်ကြိမ် သွားရောက်ခဲ့ပြီးဖြစ်သည်။

သတင်းစဉ်

Yangon Media Group

No comments:

Post a Comment