Friday 7 November 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘီလာရုစ်မှ ပြန်လည်ရောက်ရှိ

ဘီလာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည် ရေးခရီး သွားရောက်ခဲ့သည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မ တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည်  နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိ လာကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦး ဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည်နိုဝင် ဘာ ၅ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဘီလာရုစ်နိုင်ငံရှိ အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ရာ  ဘီလာရုစ်သမ္မတနိုင်ငံ ဒုတိယကာကွယ်ရေး ဝန်ကြီးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ကာကွယ်ရေးနှင့် စက်မှုကော်မတီ ဒုတိယဥက္က|၊ မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ် နိုင်ငံကောင်စစ်ဝန် ဒေါက်တာအောင်မိုးမြင့် တို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည်ဒေသစံတော်ချိန် နံနက် ၁ဝ နာ ရီ ၁ဝ မိနစ်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ လေဆိပ် သို့ ခေတåရောက်ရှိခဲ့ပြီး ရုရှားနိုင်ငံတွင် သင် တန်းများ တက်ရောက် နေသည့် မြန်မာပညာ တော်သင်များအား ဂုဏ်ပြုငွေများပေးအပ် ခဲ့သည်။ ထို့နောက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ် တွင် ပြန်လည်ထွက်ခွာလာရာရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် ဘီလာရုစ်သမ္မနိုင်ငံသို့ နို ဝင်ဘာ ၁ ရက်တွင် ထွက်ခွာသွား ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်တွင် ဘီလာရုစ်ဝန်ကြီး ချုပ်နှင့် တွေ့ဆုံခဲ့သည်။

Eleven

No comments:

Post a Comment