Friday 7 November 2014

နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူမှ ဂျာနယ်ဖြန့်ချိရေးအထိ ၁၁ ဦးကို တရားရင်ဆိုင်ရန်အတွက် သမ္မန်စာပို့

မြန်မာသံတော်ဆင့်ဂျာနယ်ပါဆောင်းပါးသည် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ မြန်မာသံတော် ဆင့်ဂျာနယ်၏ ထုတ်ဝေသူ/အယ်ဒီတာချုပ် မှ ဖြန့်ချိရေးအထိ ၁၁ ယောက်ကို တရားစွဲ ဆိုခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံးက ဆင့် သမ္မန်စာပေးပို့ခဲ့သည်ဟု အဆိုပါဂျာနယ်၏ တာဝန်ခံအယ်ဒီတာတစ်ဦးဖြစ်သူ ဦးအောင် ထွန်းလင်းက The Daily Elevenသို့ ပြော ကြားသည်။

ပုဗ္ဗသီရိတရားရုံးမှ ရုံးတော်သို့ လာ ရောက်ရန်ဆင့်ခေါ်စာကို နိုဝင်ဘာ ၅ ရက် က မြန်မာသံ တော်ဆင့်ဂျာနယ်သို့ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် စွဲဆိုဆင့်ခေါ်ခဲ့ခြင်းဖြစ် သည်။

နိုဝင်ဘာ ၆ ရက်အထိ မည်သူကတရား လိုပြုလုပ်တိုင်တန်းသည်ကို အတိအကျမသိ ရှိရသေးကြောင်း သမ္မန်စာလက်ခံရရှိသူများ ထံမှ သိရသည်။

တရားရုံးသို့ ဆင့်ခေါ်သူများစာရင်း တွင် မြန်မာသံတော်ဆင့်ဂျာနယ် ထုတ်ဝေသူ/အယ်ဒီတာချုပ် ဦးကျော်စွာဝင်း၊ ဒုတိယ အယ်ဒီတာချုပ်သုံးဦးဖြစ်သည့် ဦးအောင် ကျော်မင်း၊ ဦးဆန်းဝင်းထွန်း၊ ဦးအံ့ခေါင် မင်း၊ တာဝန်ခံအယ်ဒီတာနှစ်ဦးဖြစ်သည့် ဦးအောင်ထွန်းလင်း၊ တာမွေ ဦးအောင်ကို၊ အမှုဆောင်အယ်ဒီတာ ဦးချစ်ကိုကိုသော်၊ အယ်ဒီတာနှစ်ဦး ဖြစ်သည့် ဦးခင်မောင်လင်း၊ ဦးရှိန်းဝေနောင်၊ စာပေတိုက်မန်နေဂျာ(ဖြန့် ချိရေး) ဦးမြင့်ဇော်၊ ဖြန့်ချိရေး ဦးဇေယျာမိုး တို့ပါဝင်ပြီး စုစုပေါင်း ၁၁ ဦးအထိ တရား ရုံးသို့ ဆင့်ခေါ်ထားခြင်းဖြစ်သည်ဟု သိရ သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာသံ တော်ဆင့်ဂျာနယ်တာဝန်ခံအယ်ဒီတာ ဦးအောင် ထွန်းလင်းက“တရားစွဲဖို့ ဆင့်ခေါ်ထားတဲ့ အဆင့်ဖြစ်သွားလို့ ကျွန်တော်တို့ဘက်က ဘာမှမှတ်ချက်မပေးလိုတော့ပါဘူး။ အမှု ဖြစ်သွားတဲ့အနေအထားမှာ နောက်ထပ်အမှု တွေ ထပ်တက်နိုင်တဲ့အတွက် ကျွန်တော်တို့ ဘက်က ထင်မြင်ချက်မပေးလိုတော့ပါဘူး”ဟုပြောကြားသည်။

နိုဝင်ဘာ ၅ ရက်က နေပြည်တော်ကောင် စီ၊ ပုဗ္ဗသီရိမြို့နယ် တရားရုံးကပေးပို့သောစာ တွင် တရားစွဲ ဆိုခံရသူ ၁၁ ဦးစလုံး နိုဝင် ဘာ ၁၄ ရက်တွင် တရားရုံးသို့ လာရောက် ရမည်ဟု ဆင့်ခေါ်ထား သည်။

“၁၁ ဦးစလုံး နိုဝင်ဘာ ၁၄ ရက်နေ့ ရောက်အောင်သွားရမှာပေါ့။ ရှေ့နေကတော့ ကျွန်တော်တို့ဂျာနယ်ရဲ့ ဥပဒေအကြံပေးတွေ ရှိပါတယ်။ သူတို့ပဲ ဒီအမှုကိုလိုက်ပေးကြပါ မယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပုဗ္ဗသီရိတရားရုံးမှ ရုံးတော်သို့ လာရောက်ရန်ဆင့်ခေါ်စာကို နိုဝင်ဘာ ၅ ရက် က မြန်မာသံတော်ဆင့် ဂျာနယ်သို့ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် . . .

ဩဂုတ် ၉ ရက်ထုတ်မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၃၊ အမှတ် ၂၂ စာမျက်နှာ ၃ဝ ပါ အံ့ခေါင်မင်း၏ နိုင်ငံရေးတွေ့ဆုံမေးမြန်း ခြင်းကဏ္ဍတွင် ကောက်စာနှင့်အတွင်းစာသား တို့၌ နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိ ခိုက်စေပြီး အကြည်ညိုပျက်စေသည့် ]နိုင်ငံ တော်သမ္မတသည် အထွတ်အထိပ်၊ အဲဒီပုဂ္ဂိုလ် တစ်ယောက်ရဲ့စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေ ကဝ၊ ကျွန်တော်စကားလုံး ထပ်ရှာလို့ရရင် အကုန်ထည့် သုံးမှာ၊ အရည်မရ၊ အဖတ်မရ၊ ပေါက်လွှတ်ပဲစား ပြောသလိုဖြစ်နေတာ}ဟုလည်းကောင်း၊ဆောင်းပါး စာသားတွင် လည်း ၊ ဘာကြောင့်မို့လို့ ရူးကြောင်မူးကြောင် အတွေးတွေကို ဘယ်သူတွေထည့်ပေးလို့ ဘယ် လိုမျိုးစနစ်မကျတဲ့၊ ဘာမှမဟုတ်တဲ့ အပေါ စားပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလိုလုပ် နေလဲဆိုတာ စဉ်းစားလို့ကို မရဘူး} စသည့် အသုံးအနှုန်းများကိုလည်းကောင်း ရေးသား ဖော်ပြခဲ့သဖြင့် နိုဝင်ဘာ ၄ ရက်ထုတ် အစိုးရ ပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ များတွင် နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်သိက္ခာ နှင့်အခွင့်အရေးကိုထိခိုက်စေသည့်အတွက် တရားဥပဒေနှင့်အညီ တရားစွဲဆိုတော့မည် ဆိုသော သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ တရားရုံးကို ဆင့်ခေါ်သည့်အဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သတင်းမီဒီယာဥပဒေ ပုဒ်မ၂၅(ခ)တွင် မည်သည့်သတင်းမီဒီယာသမားမဆို ပုဒ်မ၉ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲ(စ)နှင့်ပုဒ်မခွဲ(ဆ)တို့ပါ တာဝန်နှင့် ကျင့်ဝတ်တစ်ရပ်ရပ်ဖြင့် ပြစ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံ ရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံးကျပ်သုံး သိန်းမှ အများဆုံးကျပ်တစ်ဆယ်သိန်း အထိ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

သတင်းမီဒီယာဥပဒေ ပုဒ်မ(၉)ပုဒ်မခွဲ (ဃ) တွင် သတင်းဓာတ်ပုံနှင့် အရုပ်အသံများ ဖော်ပြရာတွင် နည်းပညာတစ်ရပ်ရပ် အသုံး ပြု၍ မလျော်ကန်သော ပြုပြင်ပြောင်းလဲခြင်း မှ ရှောင်ကြဉ်ခြင်း၊ ပုဒ်မခွဲ (စ) တွင်တစ် ပါးသူပိုင်ဆိုင်သည့် Óဏဆိုင်ရာ ပစ္စည်းများ ကို ခွင့်ပြုချက်မရဘဲ ကူးယူ ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပုဒ်မခွဲ (ဆ)တွင်အများပြည် သူ၏ အကျိုး စီးပွားနှင့် စပ်ဆိုင်သည့်သတင်း ရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အ ဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့် အရေးကိုထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှရှောင်ကြဉ်ခြင်းဟု ပြ|ာန်းထား သည်ကို တွေ့ရသည်။

ထို့ပြင် ယခုကဲ့သို့မြန်မာသံတော်ဆင့် ဂျာနယ်အား သတင်းမီဒီယာဥပဒေဖြင့် တရားစွဲဆိုခြင်းသည် သတင်းမီဒီယာဥပဒေ ထွက်ပေါ်ပြီးနောက် ပထမဆုံးအကြိမ်ဖြစ် ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment