Friday 7 November 2014

အဝါရောင်အဆင့်မုန်တိုင်းငယ် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ခြင်းမရှိ

ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈၀ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲ(လ်)ယားမြို့၏ အနောက်မြောက်ဘက် မိုင် ၃၆၀ ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့ တောင်ဘက် မိုင် ၃၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

မုန်တိုင်းငယ်သည် မြန်မာ့ကမ်း ရိုးတန်းသို့ ဦးတည်ရွေ့လျားနေခြင်း မရှိသည့်အတွက် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီအဆိုပါ မုန်တိုင်းငယ်သည် ပိုမိုအား ကောင်းလာကာ နောက် ၂၄ နာရီ အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး မြောက်-အနောက် မြောက် ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရသည်။

တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချူန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောကနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

MOI

No comments:

Post a Comment