Friday 7 November 2014

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် ပိုမိုအားကောင်းကာ ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ပြီး စောင့်ကြည့်ရမည့် အနေအထားရှိနေ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ် နေသော မုန်တိုင်းသည် မြောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကာ ပိုမိုအားကောင်းပြီး ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲ နိုင်သော ကြောင့် စောင့်ကြည့်ရမည့် အနေအထားရှိနေ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီး ဌာနမှ သိရသည်။


“မုန်တိုင်းငယ်က အခုဘင်္ဂလားပင် လယ်အော်အလယ်ပိုင်းမှာပဲရှိနေတယ်။ အား ကောင်းလာပြီးတော့ ဆိုင်ကလုန်းမုန်တိုင်း ကိုပြောင်းလဲနိုင်တယ်။ မုန်တိုင်းက Cell နှစ်ခုကွဲနေတယ်။Cell တစ်ခုကမြောက်ဘက် ကို ရွေ့လျားနေပြီး တစ်ခုက မိုးအဖြစ်နဲ့ ရွာ ချလို့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်း ဘက်ကိုပျံ့နှံ သွားတယ်။ အဲဒါကြောင့်အား ပျော့သွားပြီ။ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းမှာကျန်ရှိနေတဲ့ Cell တစ်ခုကတော့ အားပိုကောင်းလာနိုင်တယ်။ မုန်တိုင်းအရှိန် ကြောင့်တော့ နောက်နှစ်ရက် သုံးရက်အထိ မိုးရွာနိုင်တယ်။ ဒါပေမဲ့ အရင်ရက်တွေက ရွာသလောက်တော့ မိုးမများနိုင်ဘူး”ဟု မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောကြားသည်။

ထို့ပြင် နိုဝင်ဘာ ဒုတိယပတ်အတွင်း ထိုင်းပင်လယ်ကွေ့မှလာသော လေဖိအား နည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရောက်ရှိ ကာ ပိုမိုအားကောင်းလာနိုင်သဖြင့် မိုးရွာ သွန်းမှုများလည်း ဆက်လက်ဖြစ်ပွားနိုင် ကြောင်း ဦးကျော်မိုးဦးက ဆက်လက်ပြော ကြားသည်။

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၄၈ဝ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့၏ အနောက်မြောက်ဘက် မိုင် ၃၆ဝ ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၁ဝ ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြု  နေကြောင်း၊ အဆိုပါမုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့် သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် ထားသည်။

အဆိုပါမုန်တိုင်းကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက် ကျား မိုးကြီးနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည် နယ်နှင့် ချင်းပြည် နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေ ရာစိပ်စိပ်နှင့် ကျန်ပြည်နယ်နှင့်တိုင်းဒေသ ကြီးတို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ နိုဝင်ဘာ ၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။

မုန်တိုင်းမှ ခွဲထွက်လာသော တိမ်တိုက် များကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဘု တလင်မြို့နယ်တွင် နိုဝင်ဘာ ၅ ရက်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် နှင့် လှိုင်မြို့နယ်တို့တွင်လည်း လေဆင်နှာ မောင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း လည်း သိရသည်။

Eleven Media Group

No comments:

Post a Comment