Sunday 10 August 2014

မြန်မာ့လက်ရွေးစင်ဟောင်းတွေနဲ့ အနုပညာရှင်တွေ ဘာ့ကြောင့် ဘောလုံးကန်ကြတာလဲ

မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်းတွေနဲ့ ရုပ်ရှင်အစည်းအရုံး လက်ရွေးစင်အသင်းတို့ သြဂုတ် ၉ရက်နေ့ က သုဝဏ္ဏကွင်းမှာ MFF Ooredoo Charity Cup 2014 ရန်ပုံငွေဖလားအဖြစ် ခြေစမ်း ယှဉ်ပြိုင် ခဲ့ ပါတယ်။ ဘာအတွက် သူတို့ဘောလုံးကန်ကြတာလဲ။
အခြေခံလူတန်းစားတွေရဲ့ လူမှုဘဝမှာ လိုအပ်နေတဲ့ မိဘမဲ့ကျောင်းတွေ၊ ဘုန်းကြီးကျောင်းသင် ပညာရေးကျောင်းတွေကို လှူဒါန်းဖို့အတွက် လူမှုတာဝန်သိစိတ်အဖြစ် အခုလို ရန်ပုံငွေ ခြေစမ်းကစားပွဲကို ပြုလုပ်တာဖြစ်တယ်လို့ Ooredoo Myanmar က မသီရိကြာညိုက ပြောပါတယ်။

MFF Ooredoo Charity Cup 2014 ခြေစမ်းပွဲမှာ လက်ရွေးစင်ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ မျိုးလှိုင်ဝင်း၊ စိုးမြတ်မင်း၊ ကြည်လွင်တို့ပါဝင် သလို ရုပ်ရှင်အစည်းအရုံးလက်ရွေးစင်မှာတော့ လူမင်း၊ ပြေတီဦး၊ မြင့်မြတ်၊ ရာဇာနေဝင်း၊ ဖိုးချစ်တို့ပါဝင်ကစားခဲ့ကြပြီး လက်ရွေးစင်ဘောလုံး သမားဟောင်းများ အသင်းက ၃ဂိုး ၂ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အခုလို လက်ရွေးစင်ကစားသမားဟောင်းတွေနဲ့ ပြန်ဆုံရပြီး မိဘမဲ့ကလေးတွေ အတွက် ရန်ပုံငွေပွဲမှာ အနုပညာရှင်တွေနဲ့ ကစားရတာမို့ ဝမ်းသာပီတိဖြစ်တယ်လို့ ၁၉၉ဝ ပြည့်လွန်နှစ်တွေက ဘောလုံး လက်ရွေးစင် ဖြစ်ခဲ့တဲ့ မျိုးလှိုင်ဝင်းက ပြောပါတယ်။

ရန်ပုံငွေ ခြေစမ်းကစားပွဲကိုတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်အပါအဝင် အနုပညာ ရှင်တွေ တက်ရောက်အားပေးခဲ့ပြီး Ooredoo Myanmar က မိဘမဲ့ကျောင်းအပါအဝင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၇ကျောင်းအတွက် တစ်ကျောင်းကို ငွေ ၁ဝသိန်းစီ လှူဒါန်းခဲ့ပါတယ်။ ပရဟိတ လုပ်ငန်း အဖြစ် အခုလို ရန်ပုံငွေခြေစမ်းပွဲမှာ ပါဝင်တာဖြစ်ပြီး လူတိုင်းဟာ အသက်ရှင်နေထိုင်စဉ်အတွင်း နည်းနည်း များများ ပရဟိတတွေမှာ ပါဝင်သင့်တယ်လို့ အကယ်ဒမီ ပြေတီဦးက တိုက်တွန်းခဲ့ပါတယ်။

Kamayut Media
https://www.youtube.com/watch?v=Xd2LOmKPztA

No comments:

Post a Comment