Sunday 10 August 2014

မြို့နယ် ၅၀ ကျော်၏ မြို့ပြစီမံကိန်းများ ၂၀၁၅ အပြီးဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် လူဦး ရေတစ်သိန်းနှင့်အထက်ရှိသော မြို့ပေါင်း ၅၆ မြို့နယ်၏ မြို့ပြစီ မံကိန်း ရေးဆွဲခြင်းကို ၂၀၁၅ တွင်   အပြီးသတ်  ဆောင်ရွက် သွားမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဒေါ်အေးအေးမြင့်က ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ် ၈၁ မြို့နယ်မှ ၅၆ မြို့နယ်ကို ပြန်လည်ရွေးချယ်ပြီး ဆောင်ရွက်ခြင်း လည်းဖြစ်သည်။

မြို့များ၏ စီမံကိန်းများ ပြန် လည်ရေးဆွဲရာတွင် စီးပွားရေး လုပ်ကိုင်သင့်သော ဒေသများ၊ သယ်ယူ ပို့ဆောင်ရေး လမ်း ကြောင်းဆုံမှတ်များ အပါအ၀င် ယဉ်ကျေးမှုဒေသများ၊ ခရီးသွား လာရေး လုပ်ငန်းများ လုပ်ကိုင် သင့်သည့် မြို့များအဖြစ် အဓိက ရေးဆွဲသွားရန် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနက ရည်ရွယ်ထား သည်။

‘‘စီမံကိန်းတွေအတွက် သက် ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအ ဖွဲ့တွေ့ရဲ့ ခွင့်ပြုချက်တွေ ရဖို့ လည်း တင်ပြ ထား ပါတယ်’’ ဟု ညွှန်ကြားရေးမှူး ဒေါ်အေးအေး မြင့်က ပြောသည်။

လူဦးရေ တစ်သိန်းနှင့်အ ထက် မြို့ကြီးများကို ပထမဦးစား ပေးရေးဆွဲသွားမည်ဖြစ်ပြီး ဒုတိ ယဦးစားပေး အဆင့်အနေဖြင့် လူ ဦးရေ ငါးသောင်းကျော်ရှိ မြို့များ ကို ရေးဆွဲသွားမည်ဟု ဒေါ်အေး အေးမြင့်က ဆိုသည်။

လက်ရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ ကိုယ်တိုင် ကွင်းဆင်းကောက်ယူနိုင်သည့် မြို့မှာ လေးမြို့နယ်သာ ရှိသေး ပြီး ပြည်၊ စစ်ကိုင်း၊ မုံရွာ၊ မော်လ မြိုင်မြို့များကို စတင်လုပ်ဆောင် နေပြီဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး မှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ပထမဦးစားပေးမြို့များအ ဖြစ် ရန်ကုန်၊ မန္တလေး၊ မော်လ မြိုင်၊ တောင်ကြီး၊ စစ်တွေ၊ မိတ္ထီ လာ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ဟင်္သာတတို့ကို စတင်ဦးစားပေး ဆောင်ရွက်နေကြောင်း သိရ သည်။

အဆိုပါ မြို့များ၏ မြို့ပြစီမံ ကိန်းများ ရေးဆွဲရန် အစိုးရသာ မဟုတ်ဘဲ နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ ရယူမည့် အစီအစဉ်များလည်းရှိ ကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment