Sunday 10 August 2014

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး ကျင်းပ

Photo: အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး ကျင်းပ
Suanday, August 10, 2014 

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး တို့ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC-I) ၌ ဆက်လက် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်များ၊ တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာ ဆောင်ရွက်ရမည့် ကြေညာစာတမ်း အကောင်အထည် ဖော်နေမှု လုပ်ငန်းစဉ်နှင့် အာဆီယံ အသိုက်အဝန်း အကောင်အထည်ဖော်မှု ဖြစ်ပေါ် တိုးတက်မှုများ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံ အစိုးရချင်း ဆိုင်ရာ ကော်မရှင်၏ ၂ဝ၁၄ ခုနှစ် အစီရင်ခံစာကို မှတ်တမ်းတင်ခြင်း၊ ၂ဝ၁၅ ခုနှစ် လုပ်ငန်း အစီအစဉ် များနှင့် ဘဏ္ဍာငွေ တို့ကို အတည်ပြုခြင်း၊ အာဆီယံ နော်ဝေ မိတ်ဖက် အစီအစဉ် ဆိုင်ရာ ပူးတွဲ ကြေညာချက် တစ်ရပ်ကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက နော်ဝေ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးနှင့် အတူ အတည်ပြုခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ၊ ဒေသတွင်း ဖွဲ့စည်း တည်ဆောက်ပုံနှင့် ပြင်ပ ဆက်ဆံရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။ ထို့ပြင် အာဆီယံ ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေး ဌာန ဖြစ်စဉ်များနှင့် ဦးဆောင် ဦးရွက် အစီအစဉ်များ ဆိုင်ရာ စာအုပ် မိတ်ဆက်ခြင်း အစီအစဉ် တို့ကို ပြုလုပ် ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် သဘာပတိ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆက်လက် ကျင်းပမည့် အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၁၅) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၄) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများနှင့် စပ်လျဉ်းသည့် ကြိုတင် ပြင်ဆင်မှုများ ကိုလည်း ရှင်းလင်း ဆွေးနွေး ခဲ့သည်။

မြ၀တီ
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့် အစည်းအဝေး တို့ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁) (MICC-I) ၌ ဆက်လက် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြ သည်။ အစည်းအဝေးတွင် (၂၄) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၏ နောက်ဆက်တွဲ လုပ်ငန်း စဉ်များ၊ တောင်တရုတ်ပင်လယ်တွင်း နိုင်ငံများ လိုက်နာ ဆောင်ရွက်ရမည့် ကြေညာစာတမ်း အကောင် အထည် ဖော်နေမှု လုပ်ငန်းစဉ်နှင့် အာဆီယံ အသိုက်အဝန်း အကောင်အထည်ဖော်မှု ဖြစ်ပေါ် တိုးတက်မှု များ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံ အစိုးရချင်း ဆိုင်ရာ ကော်မရှင်၏ ၂ဝ၁၄ ခုနှစ် အစီရင် ခံစာကို မှတ်တမ်းတင်ခြင်း၊ ၂ဝ၁၅ ခုနှစ် လုပ်ငန်း အစီအစဉ် များနှင့် ဘဏ္ဍာငွေ တို့ကို အတည်ပြုခြင်း၊ အာဆီယံ နော်ဝေ မိတ်ဖက် အစီအစဉ် ဆိုင်ရာ ပူးတွဲ ကြေညာချက် တစ်ရပ်ကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက နော်ဝေ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးနှင့် အတူ အတည်ပြုခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ၊ ဒေသတွင်း ဖွဲ့စည်း တည်ဆောက်ပုံနှင့် ပြင်ပ ဆက်ဆံရေး ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။ ထို့ပြင် အာဆီယံ ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေး ဌာန ဖြစ်စဉ်များနှင့် ဦးဆောင် ဦးရွက် အစီအစဉ်များ ဆိုင်ရာ စာအုပ် မိတ်ဆက်ခြင်း အစီအစဉ် တို့ကို ပြုလုပ် ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် သဘာပတိ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆက်လက် ကျင်းပမည့် အာဆီယံနှင့် ဆွေးနွေးဖက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၁၅) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ (၄) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများနှင့် စပ်လျဉ်းသည့် ကြိုတင် ပြင်ဆင်မှုများ ကိုလည်း ရှင်းလင်း ဆွေးနွေး ခဲ့သည်။

မြ၀တီ

No comments:

Post a Comment