Sunday 10 August 2014

မြန်မာနိုင်ငံတွင် အီဘိုလာအတွက် ပြင်ဆင်ထား

 မြန်မာနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ် ပိုးတွေ့ရှိလျှင် ဆေးကုသနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းများရှိ ဗဟို ဆေးရုံကြီး လေးခုနှင့် ခရိုင်ဆေးရုံ ၁၅ ခုတို့ကို ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ပြောကြားသည်။
‘‘လေဆိပ်တွေ၊ သင်္ဘောဆိပ် တွေမှာ စစ်ဆေးတွေ့ရှိတယ် ဆိုရင် ရန်ကုန်မှာဆို အထွေထွေ ဆေးရုံသစ်ကြီး နဲ့ ဝေဘာဂီဆေးရုံ တွေကို စပြင်ဆင်နေပြီ။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ တွေ့ရင် လည်း သက်ဆိုင်ရာ ဆေးရုံတွေမှာ စပြီး ပြင်ဆင်ထားပါတယ်။ လက် ရှိအနေအထားအရ စောင့်ကြပ် ကြည့်ရှုနေချိန် တစ်ပတ် အတွင်း မှာတော့ သံသယဖြစ်ဖွယ်လူနာ မတွေ့ရှိသေးပါဘူး’’ ဟု ၎င်းက ပြောကြားသည်။

ယင်းရောဂါ ဖြစ်ပွားလျှင် ဆေးကုသမှု ခံယူရမည့် ဆေးရုံ များမှာ ရန်ကုန်အထွေထွေဆေးရုံ သစ်ကြီး၊ ဝေဘာဂီအထူးကုဆေး ရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံ ကြီး၊နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် တစ်ထောင်)တို့နှင့် ခရိုင် အသီးသီးဆေးရုံများ၌ ကုသရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

လက်ရှိအချိန်၌ အာဖရိက နိုင်ငံများတွင် အီဘိုလာရောဂါကူး စက်ခံရသူ ၁၇၁၁ ဦးရှိပြီး ၉၂၁ ဦး သေဆုံး ခဲ့သည်။ ထို့ကြောင့် မြန် မာနိုင်ငံအနေဖြင့် ကြိုတင်ကာ ကွယ်မှုများကို လေဆိပ်၊ နယ်စပ် ဂိတ်၊ သင်္ဘောဆိပ် များ၌ စောင့် ကြပ်စစ်ဆေးနေပြီး တွေ့ရှိပါက မပြန့်ပွားစေရန် ယခုကဲ့သို့ ဆေးရုံ ကြီးများကို ပြင်ဆင် ထားခြင်းဖြစ် သည်။

သို့သော်မြန်မာနိုင်ငံတွင် အီ ဘိုလာရောဂါ၏ ယေဘုယျလက္ခ ဏာများကိုသာ ကြည့်ရှုစစ်ဆေး နိုင်ပြီး အဆိုပါရောဂါပိုးစစ်မှန်၊ မစစ်မှန်ခြင်းကိုမူ မြန်မာနိုင်ငံတွင် နည်းပညာမရှိသေးခြင်းကြောင့် အိန္ဒိယနိုင်ငံရှိ ဓာတ်ခွဲခန်း၌ သွား ရောက်စစ်ဆေးရမည်ဟု ကျန်းမာရေးဦးစီးဌာန အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနက ညွှန်ကြားရေးမှူး ပါမောက္ခ ဒေါက်တာဌေးဌေးတင်က ပြောသည်။

‘‘WHO ရဲ့စံချိန်စံညွှန်းသတ် မှတ်ချက်အရ ကျွန်မတို့က အိန္ဒိယ နိုင်ငံမှာသွားပြီး ဓာတ်ခွဲခန်းက ရရှိ တဲ့ လူနာရဲ့ သွေးရည်ကြည်ကို ပို့ ရမှာဖြစ်ပါတယ်။ ပို့တဲ့အခါမှာ လည်း နိုင်ငံတကာက သတ်မှတ်  ထားတဲ့ ထုပ်ပိုးခြင်း၊ စနစ်တကျ သယ်ဆောင်ခြင်းတွေနဲ့ ဓာတ်ခွဲ ခန်းပညာရှင်တွေပါ ရောဂါကူး စက်မှုမရှိအောင်လို့ ကာကွယ်ပြီး ပို့ရမှာပါ။ အဲဒီက စစ်ဆေးလို့ရ လာမှ ဒီရောဂါဟုတ်၊ မဟုတ်ဆို တာ သိနိုင်မှာပါ’’ဟု ၎င်းကပြော ကြားသည်။

အဆိုပါအီဘိုလာဗိုင်းရပ်စ် ပိုးမှာ အာဖရိကတိုက်၌ စတင်ဖြစ် ပွားခဲ့ပြီး တောတွင်းရှိ မျောက်နှင့် လင်းနို့ အသေကောင်များကိုတောလိုက်မုဆိုးများမှ ထိတွေ့ ကိုင်တွယ်မိရာကကူးစက်လာခြင်း ဖြစ်သည်။

သွေးရည်ကြည်မှ တစ်ဆင့်ကူးစက်နိုင်ကာ ၉၀ ရာခိုင်နှုန်းအသက်ဆုံးရှုံးနိုင်ခြေရှိပြီး ကမ္ဘာ ပေါ်၌ ယင်းရောဂါ ကို ကုသဆေးနှင့် ကာကွယ်ဆေး မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ သတင်းထုတ်ပြန် ထားသည်။

ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အလွန်အမင်း အားနည်းခြင်း၊ လည်ချောင်းနာခြင်း၊ အဆစ်နှင့် ကြွက်သားများနာကျင်ခြင်းတို့ ခံစားရပြီး ထပ်မံဖြစ်ပေါ်မည့် လက္ခဏာများမှာ အန်ခြင်း၊ အစာအိမ် နာခြင်း၊ ၀မ်းလျှောခြင်း၊ အစက် အပြောက်များ ထွက်ခြင်း၊ အသည်းနှင့် ကျောက်ကပ်ပုံမှန်အလုပ် မလုပ်ခြင်းတို့အပြင် အဆိုး ရွားဆုံးအဖြစ် ခန္ဓာကိုယ်အတွင်း၊ အပြင် သွေးယိုခြင်းတို့ဖြစ်ပေါ်နိုင် သည်။

ထို့ကြောင့် ကိုယ်အပူချိန်မြင့် မားလွန်း၍ မျက်ထောင့်နီ၊ ဗိုက် နာ၊ မကြာခဏအန်နေသူများကို ထိတွေ့ ကိုင်တွယ်ခြင်း မပြုရန်၊ လက်ကို မကြာခဏသန့်ရှင်းသော ရေ၊ ဆပ်ပြာတို့ဖြင့် ဆေးကြော ရန်၊ လင်းနို့၊ မျောက်များနှင့် ဝေး ဝေးနေခြင်း၊ အသားများကို ဆူ ပွက်အောင် ကျိုချက်ပြီးမှ စား သောက်ကြရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိ ပေးကြေညာချက် ထုတ်ပြန်ထား သည်။

7Day DAILY

No comments:

Post a Comment