Sunday 10 August 2014

မိန်းကလေးတွေ သူတို့ ရည်းစားကို လိမ်ပြောတတ်တဲ့ အချက်(၆) ချက်

Photo: မိန်းကလေးတွေ သူတို့ ရည်းစားကို လိမ်ပြောတတ်တဲ့ အချက်(၆) ချက်
Suanday, August 10, 2014 

အလုပ်တစ်ခုခုကို လျှောက်တော့မယ်ဆိုရင် ကိုယ့်လုပ်ငန်းရှင်တွေကို သင့်ရဲ့ ကိုယ်ရေးအကျဉ်းချုပ်လှအောင် လိမ်သင့်ရင် လိမ်ရသလို ဒုတိယတစ်ခေါက် ထပ်အခေါ်ခံရဖို့ ပထမနေ့ချိန်တွေ့တဲ့အချိန်မှာ ကိုယ့်အကြောင်းကို အနည်းငယ်လောက်သာ ဖော်ပြရပါတယ်။ ထိုနည်းအတိုင်း သင့်ရည်းစားလည်း သင့်အပေါ်လုပ်ကောင်းလုပ်ခဲ့ပါလိမ့်မယ်။

(၁)ကျွန်မက အားကစားဝါသနာအိုးကြီးတစ်ယောက်ပါ
အားကစားကို စွဲလန်းရူးသွပ်တဲ့ အမျိုးသမီး အမြောက်အများရှိကြတယ်။ ဒါပေမဲ့ အမျိုးသမီးအများအပြားကတော့ ဒါကို လုံးဝကို စိတ်ဝင်စားမှုမရှိကြပါဘူး။ ပြဿနာက သူတို့ ဟာ တီဗီဖန်သားပြင်ရှေ့မှာ အကြာကြီး အချိန်ကိုဖြုန်းတီးနေကြရတာကိုပါပဲ။ ဒါကို ပျော်နေသလို ထင်နေရပေမဲ့ စိတ်ထဲမှာတော့ တစ်နည်းနည်းနဲ့ သူတို့ ထွက်ပေါက်ရချင်နေကြပါတယ်။ တချို့သော အမျိုးသမီးတွေက အဲ့ဒါကို ကောင်လေးတွေ စိတ်ဝင်စားမှုရတဲ့ အချက်လို့ယုံကြည်ကြတယ်။ သူနှစ်သက်တဲ့အရာကို သူလည်း သဘောကျပေးရမယ်ပေါ့။ တကယ်တော့ အဲဒီနည်းလမ်းက မမှန်ကန်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေပေးရမယ့်အချိန်မှာ သင်ပျော်ရွှင်မှုရအောင် သူမက ESPN ကို ဆက်ကြည့်ပေးနေမယ်ဆိုရင် မပျော်ရွှင်မှုတွေ ထပ်ပြီးဖြစ်လာဖို့ပဲ ရှိတော့တယ်လို့ Behavioral scientist and dating expert Christie Hartman( Ph.D.,) ကပြောဆိုခဲ့ပါတယ်။

(၂) လွတ်လပ်မှုကို နှစ်သက်တယ်
သူမရဲ့ လွတ်လပ်မှုကို သူမတန်ဖိုးထားတာ အမှန်ပဲဖြစ်တယ်။ ဒါပေမဲ့ သူမတကယ် ကြိုက်နှစ်သက်တဲ့အရာတွေကို ဇွတ်အတင်း အရယူလိုက်မှာ မဟုတ်ပါဘူး။ သူတို့ကို လွတ်လပ်မှု အရမ်းပေးလိုက်တဲ့အခါမှာ အမျိုးသမီးတွေက သူတို့ ကို ဂရုစိုက်မခံရဘူးလို့ ခံစားကြတယ်။

(၃) ကျွန်မ အမြဲတမ်း ပျော်ရွှင်တယ်
သူမနဲ့ လက်တွဲတဲ့အစပိုင်းမှာတော့ သူမက လက်တွေကိုဖြုတ်ရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုလည်း သူမ အရင်အတိုင်းဆက်ဖြစ်နေတယ်။ အမျိုးသမီးတွေက သူတို့ လက်တွဲဖော်တွေအကြောင်းကို ဒီလိုနေရာမျိုးမှာ အရမ်းသတိထားတတ်ကြတယ်။ စိတ်ထိခိုက်မှုမရစေချင်ဘူး။

(၄) မိန်းမလေးသူငယ်ချင်းအများကြီးရှိတာ ကောင်းပါတယ်
သီအိုရီအရတော့ မိန်းကလေးတွေက ယောက်ျားလေးတွေကို မိတ်ဆွေသူငယ်ချင်းအဖြစ်နဲ့ ခင်ကြတယ်။ တကယ်တမ်းကျတော့ ယောက်ျားလေးနဲ့ မိန်းကလေးသူငယ်ချင်းမိတ်ဆွေတွေဖြစ်လာရင် မနာလိုမှုတွေဖြစ်လာတတ်တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်ကို ဂရုစိုက်ပေးတဲ့တအခါမှာ မနာလိုမှု အတိုင်းအတာတစ်ခုထိ ရှိတာ သဘာဝဖြစ်ပါတယ်။ မွေးရာပါလည်းဖြစ်တယ်။

(၅) ကျွန်မကို ဂရုစိုက်ပေးစရာမလိုပါဘူး

ဂရုစိုက်မှုကို မလိုလားတဲ့ မိန်းကလေးတစ်ယောက်နေနဲ့တော့ ဒီစကားကို နှုတ်ကဖွင့်ပြောနေမှာတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်လက်တွဲဖော်က စည်းကမ်းတွေ သတ်မှတ်ထားပြီး သူမက အဆင်ပြေတယ်လို့ အမြဲတမ်းပြောနေမယ်ဆိုရင် တစ်စုံတစ်ခုဖြစ်လာနိုင်ပါတယ်။ တောင်းဆိုရမှာကို အခက်အခဲဖြစ်စေနိုင်တယ်၊ (သို့) ဂရုစိုက်မှုလိုချင်တယ်လို့ ပြောရမှာကို အခက်တွေ့ပါလိမ့်မယ်။ ပထမချိန်းတွေ့တဲ့နေ့မှာ တောင်းဆိုမှုတွေဘာမှ မပြောဘဲ သင်သာပြောနေမယ်၊ သူဆီက ဘာမှမကြားခဲ့ဘူးဆိုရင် အဲဒါက ပြဿနာတစ်ခုဖြစ်ပါတယ်။

(၆) ကျွန်မအဆင်ပြေပါတယ်
သူမအနေနဲ့ ဒေါသကို ထုတ်ဖော်မှာ မဟုတ်ပါဘူး။ သဘောထားကြီးကြီးနဲ့ သူ့ဒေါသကို သူဖုံးကွယ်ဖို့ကြိုးစားတယ်။ အဟုတ်ကို အဟုတ်တိုင်းပြောတာက ဒေါသတွေ၊ ဆန့်ကျင်မှုတွေဖြစ်စေတတ်တယ်။ ဒါကြောင့် အဆင်ပြေတယ်လို့ ပြောလိုက်တာက အမှန်ကို ပြောတာထက်လွယ်ကူတယ်။ 

Source: menshealth.com
Trend Myanmar
အလုပ်တစ်ခုခုကို လျှောက်တော့မယ်ဆိုရင် ကိုယ့်လုပ်ငန်းရှင်တွေကို သင့်ရဲ့ ကိုယ်ရေးအကျဉ်းချုပ် လှအောင် လိမ်သင့်ရင် လိမ်ရသလို ဒုတိယတစ်ခေါက် ထပ်အခေါ်ခံရဖို့ ပထမနေ့ချိန်တွေ့တဲ့အချိန်မှာ ကိုယ့် အကြောင်းကို အနည်းငယ်လောက်သာ ဖော်ပြရပါတယ်။ ထိုနည်းအတိုင်း သင့်ရည်းစားလည်း သင့်အပေါ် လုပ်ကောင်းလုပ်ခဲ့ပါလိမ့်မယ်။

(၁)ကျွန်မက အားကစားဝါသနာအိုးကြီးတစ်ယောက်ပါ
အားကစားကို စွဲလန်းရူးသွပ်တဲ့ အမျိုးသမီး အမြောက်အများရှိကြတယ်။ ဒါပေမဲ့ အမျိုးသမီးအများအပြား ကတော့ ဒါကို လုံးဝကို စိတ်ဝင်စားမှုမရှိကြပါဘူး။ ပြဿနာက သူတို့ ဟာ တီဗီဖန်သားပြင်ရှေ့မှာ အကြာကြီး အချိန်ကိုဖြုန်းတီးနေကြရတာကိုပါပဲ။ ဒါကို ပျော်နေသလို ထင်နေရပေမဲ့ စိတ်ထဲမှာတော့ တစ်နည်းနည်းနဲ့ သူတို့ ထွက်ပေါက်ရချင်နေကြပါတယ်။ တချို့သော အမျိုးသမီးတွေက အဲ့ဒါကို ကောင်လေးတွေ စိတ်ဝင်စားမှုရတဲ့ အချက်လို့ယုံကြည်ကြတယ်။ သူနှစ်သက်တဲ့အရာကို သူလည်း သဘောကျပေးရမယ်ပေါ့။ တကယ်တော့ အဲဒီနည်းလမ်းက မမှန်ကန်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေ ပေးရမယ့်အချိန်မှာ သင်ပျော်ရွှင်မှုရအောင် သူမက ESPN ကို ဆက်ကြည့်ပေးနေမယ်ဆိုရင် မပျော်ရွှင် မှုတွေ ထပ်ပြီးဖြစ်လာဖို့ပဲ ရှိတော့တယ်လို့ Behavioral scientist and dating expert Christie Hartman( Ph.D.,) ကပြောဆိုခဲ့ပါတယ်။

(၂) လွတ်လပ်မှုကို နှစ်သက်တယ်
သူမရဲ့ လွတ်လပ်မှုကို သူမတန်ဖိုးထားတာ အမှန်ပဲဖြစ်တယ်။ ဒါပေမဲ့ သူမတကယ် ကြိုက်နှစ်သက်တဲ့ အရာတွေကို ဇွတ်အတင်း အရယူလိုက်မှာ မဟုတ်ပါဘူး။ သူတို့ကို လွတ်လပ်မှု အရမ်းပေးလိုက်တဲ့အခါမှာ အမျိုးသမီးတွေက သူတို့ ကို ဂရုစိုက်မခံရဘူးလို့ ခံစားကြတယ်။

(၃) ကျွန်မ အမြဲတမ်း ပျော်ရွှင်တယ်
သူမနဲ့ လက်တွဲတဲ့အစပိုင်းမှာတော့ သူမက လက်တွေကိုဖြုတ်ရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ အခုလည်း သူမ အရင်အတိုင်းဆက်ဖြစ်နေတယ်။ အမျိုးသမီးတွေက သူတို့ လက်တွဲဖော်တွေအကြောင်းကို ဒီလိုနေရာမျိုးမှာ အရမ်းသတိထားတတ်ကြတယ်။ စိတ်ထိခိုက်မှုမရစေချင်ဘူး။

(၄) မိန်းမလေးသူငယ်ချင်းအများကြီးရှိတာ ကောင်းပါတယ်
သီအိုရီအရတော့ မိန်းကလေးတွေက ယောက်ျားလေးတွေကို မိတ်ဆွေသူငယ်ချင်းအဖြစ်နဲ့ ခင်ကြတယ်။ တကယ်တမ်းကျတော့ ယောက်ျားလေးနဲ့ မိန်းကလေးသူငယ်ချင်းမိတ်ဆွေတွေဖြစ်လာရင် မနာလိုမှုတွေဖြစ်လာတတ်တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်ကို ဂရုစိုက်ပေးတဲ့တအခါမှာ မနာလိုမှု အတိုင်းအတာတစ်ခုထိ ရှိတာ သဘာဝဖြစ်ပါတယ်။ မွေးရာပါလည်းဖြစ်တယ်။

(၅) ကျွန်မကို ဂရုစိုက်ပေးစရာမလိုပါဘူး
ဂရုစိုက်မှုကို မလိုလားတဲ့ မိန်းကလေးတစ်ယောက်နေနဲ့တော့ ဒီစကားကို နှုတ်ကဖွင့်ပြောနေမှာတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်လက်တွဲဖော်က စည်းကမ်းတွေ သတ်မှတ်ထားပြီး သူမက အဆင်ပြေတယ်လို့ အမြဲတမ်းပြောနေမယ်ဆိုရင် တစ်စုံတစ်ခုဖြစ်လာနိုင်ပါတယ်။ တောင်းဆိုရမှာကို အခက်အခဲဖြစ်စေနိုင် တယ်၊ (သို့) ဂရုစိုက်မှုလိုချင်တယ်လို့ ပြောရမှာကို အခက်တွေ့ပါလိမ့်မယ်။ ပထမချိန်းတွေ့တဲ့နေ့မှာ တောင်း ဆိုမှုတွေဘာမှ မပြောဘဲ သင်သာပြောနေမယ်၊ သူဆီက ဘာမှမကြားခဲ့ဘူးဆိုရင် အဲဒါက ပြဿနာ တစ်ခုဖြစ်ပါတယ်။

(၆) ကျွန်မအဆင်ပြေပါတယ်
သူမအနေနဲ့ ဒေါသကို ထုတ်ဖော်မှာ မဟုတ်ပါဘူး။ သဘောထားကြီးကြီးနဲ့ သူ့ဒေါသကို သူဖုံးကွယ်ဖို့ကြိုးစား တယ်။ အဟုတ်ကို အဟုတ်တိုင်းပြောတာက ဒေါသတွေ၊ ဆန့်ကျင်မှုတွေဖြစ်စေတတ်တယ်။ ဒါကြောင့် အဆင်ပြေတယ်လို့ ပြောလိုက်တာက အမှန်ကို ပြောတာထက်လွယ်ကူတယ်။ 

Source: menshealth.com
Trend Myanmar 

No comments:

Post a Comment