Wednesday 7 May 2014

BREAKING: ယင်လတ်ရှင်န၀တ်ကို ၀န်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ဖို့ အမိန့်ချ

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းဝန်ကြီးချုပ် ယင့်လခ် ရှင်န၀ပ်ကို အာဏာအလွဲသုံးစားမှုနဲ့ ရာထူးကနေ နှုတ်ထွက်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ ဖွဲ့စည်းပုံ ပုဒ်မ ၂၆၆၊ ၂၆၈ အရ ၀န်ကြီးချုပ် တာဝန်ကို ဆက်ထမ်းဆောင်ဖို့ အရည်အချင်း ပျက်ယွင်းတယ်လို့ တခဲနက် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ယင့်လခ်က ချေပရာမှာတော့ အာဏာအလွဲသုံးစားလုပ်တာ မဟုတ်ဘဲ ဥပဒေအရ လုပ်ပိုင်ခွင့် အာဏာကို သုံးခဲ့တာလို့ ဆိုပါတယ်။ ၀န်ကြီးချုပ် ယင့်လခ်ဟာ ၂၀၁၁ ခုနှစ် သြဂုတ်လမှာ ၀န်ကြီးချုပ်အဖြစ် ပထမဆုံး ကျမ်းသစ္စာကျိန်ဆိုပါတယ်။ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကြောင့် အရင်လတွေကတည်းက ၀န်ကြီးချုပ်ကနေ နုတ်ထွက်ထားပြီး အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် တာဝန်ဆက်ယူနေတာ ဖြစ်ပါတယ်၊

DVB TV News

No comments:

Post a Comment