Wednesday 7 May 2014

ဝဲဘက်ရှေ့ဘီးပေါက်၍ လမ်းလယ်ကျွန်း ဘာရီယာတုံးများအား ၀င်ရောက်တိုက်မိ

၂၀၁၄ ခုနှစ်၊ မေလ ၄ ရက်နေ့ နေ့လည် ၁ နာရီအချိန် နေပြည်တော်၊ ဒကိ္ခဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၉၉/၄-၅)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေး အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အမြန်လမ်းမီးသတ်မှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှမကွေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အောင်အာကာ (၂၁)နှစ် မောင်းနှင် လာသော ၁ဃ/xxxx ဂရန်ဒီမတ်တူး အဖြူရောင်ယာဉ်သည် ၀ဲဘက်ရှေ့ဘီးပေါက်ကာ အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံး(၃)တုံးအား ၀င်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ကြောင်း သိရှိရ သည်။
ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် အောင်အာကာတွင် နှာခေါင်းသွေးယို၊ ယာလက်ကောက်ဝတ်/ ယာဒူး ပွန်းဒဏ်ရာနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော မကွေးတိုင်းဒေသကြီး၊ ရွှေညောင်ပင် ရပ်ကွက်နေသူ များဖြစ်ကြ သည့် ဒေါ်ဌေးဌေးခိုင်(၅၂)နှစ်တွင် ယာလက်ကောက်ဝတ်နာကျင် ကိုက်ခဲဒဏ်ရာ၊ မချစ်စုပြည့် (၂၃)နှစ်တွင် ၀ဲလက်ဖျံ/၀ဲဒူး/ခြေမပွန်း၊ မေးစေ့ညိုမဲ၊ ယာခြေညိုးပေါက်ပြဲ ဒဏ်ရာ၊ မကေဇင်ခိုင်(၂၀)နှစ်တွင် ယာချိုစောင်း ဖူးရောင်၊ အောက်နှုတ်ခမ်းပေါက်ပြဲ၊ ယာလက်ဖ၀ါးပွန်း ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် ယာဉ်မောင်း အောင်အာကာအား ပလွေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment