Wednesday 7 May 2014

နာမည်ကြီး ပြည်တွင်းကုမ္ပဏီ ၆ဝ တွင် ရာခိုင်နှုန်း ၅ဝ မျှသာ လုပ်ငန်း တာဝန်ယူမှု ရှိကြောင်း ဖော်ပြ

မြန်မာ့စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းမှ ထင်ရှားသော ကုမ္ပဏီ ၆ဝ တွင် တာဝန်ယူမှုရှိသော ကုမ္ပဏီ အချို့သာ ရှိကြောင်း ပွင့်သစ်စစီမံချက် (Time) က အစီရင်ခံစာ ထုတ်ပြန်သည်။

အဆိုပါကုမ္ပဏီအချို့မှာ သူတို့၏တာဝန်ယူမှုကို ပြသလိုသောကြောင့် အွန်လိုင်းဝက်ဘ်ဆိုက်ကို အသုံးပြုကြ ခင်းဖြစ်ပြီး ကုမ္ပဏီ ၆ဝ တွင် ၃ဝ သာ ဝက်ဘ် ဆိုက်ကိုအသုံးပြုကြပြီး ထိုကုမ္ပဏီ ၃ဝ ထဲကမှ အချို့ ကုမ္ပဏီ များကသာ သူတို့၏ ကုမ္ပဏီအကြောင်း အသေးစိတ်နှင့် တာဝန်ယူမှုကို ပြသနေကြကြောင်း အစီရင်ခံစာ ကဆိုသည်။

မတ် ၁၈ ရက်မှ စတင်ခဲ့သည့် ပွင့်သစ်စစီမံချက်(ွှငာန)၏ လတ်တ လောတွေ့ရှိချက်အား မြန်မာစီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူ ပြုဌာန(MCRB)က ထုတ်ပြန်ခြင်းလည်းဖြစ်သည်။

''၃၄ ခုပဲ ဝက်ဘ်ဆိုက်ရှိတာကို တွေ့တယ်။ ဒီထဲမှာ တချို့က သူတို့ရဲ့ ကုမ္ပဏီ(သို့)အဖွဲ့အစည်းတွေရဲ့ အချက် အလက်တွေ ကို အသေးစိတ် တင်ထား တယ်။ တချို့က အဂတိတိုက်ဖျက်ရေးတွေကို ဖော်ပြထား တယ်''ဟု မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ဒါရိုက်တာ ဗစ်ကီ ဘိုးမင်းက ပြောသည်။

ယင်းစီမံချက်၏ နောက်တစ်ဆင့်အနေဖြင့် အဆိုပါအဖွဲ့အစည်း၏ အ ကြမ်းဖျင်းတွေ့ရှိချက်များနှင့် မေလ ပထမပတ်တွင် အဆိုပါကုမ္ပဏီများဖြင့် တွေ့ ဆုံသွားမည်ဖြစ်ကြောင်း ယင်းကပြောသည်။

မြန်မာနိုင်ငံရှိ ကုမ္ပဏီအများစုသည် မိမိကုမ္ပဏီ၏ လိပ်စာကတ်ပြား များတွင် ဝက်ဘ်ဆိုက်တစ်ခု ရေးထည့် လိုက်ခြင်း အားဖြင့် အဆင့်မီသည်ဟု အထင် တစ်ခုဖြင့်သာအသုံးပြုသည်ဟု မြန်မာ့စီးပွားရေးပညာရှင် ဦးလှမောင်က မှတ်ချက် ပြုပြောဆိုသည်။

ယင်းက ''အမှန်ဆိုဝက်ဘ်ဆိုက်သုံးမယ်ဆိုရင် Domain name လုပ် ရတယ်။ ဒါမှ နိုင်ငံတကာက အသိ အမှတ်ပြုတာပေါ့။ အခုက အဲဒီလိုလဲမဟုတ်ဘူး။ ဝက်ဘ်ဆိုက်ကတော့ လိပ်စာကတ်မှာရေးလိုက်တယ်။ ကုမ္ပဏီနဲ့ပတ်သတ်တဲ့ အ ချက်အလက်လဲ မတင်ဘူး။ ကုမ္ပဏီရဲ့ အချက်အလက်နဲ့ပတ်သက်ပြီး တခြားလူက လဲ စိတ်ဝင်တစားနဲ့ မေးမြန်းတာလဲမရှိဘူး''ဟု ပြောသည်။

ဝက်ဘ်ဆိုက်တင်ထားသည့် အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင် ကိုမြင့်ဇော် က ''ကျွန်တော့်မှာတော့ ဝက်ဘ်ဆိုက် ရှိတယ်။ အဲဒီမှာလဲ ရောင်းမယ့်တိုက်ခန်း၊ ကွန် ဒို၊ မြေ အငှားအရောင်း အကုန်တင်ထားတယ်။ ဒီထဲကဈေးတွေကလဲ နေ့အလိုက် ပေါက်ဈေးနဲ့ တင်တယ်။ ဒါကျွန်တော့်ကုမ္ပဏီရဲ့ တာဝန်ယူမှုတစ်ခု''ဟု ပြောသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန ((MCRB) ၏ဒါရိုက်တာ ဗစ်ကီဘိုးမင်းက ''တချို့ကုမ္ပဏီမှာ ဝန်ထမ်းကျင့်ဝတ်တွေ ဒါမှမဟုတ် တာဝန်ယူမှုရှိတဲ့ စီးပွားရေးမူဝါဒတွေရှိပြီးသားပါ။ ဒီလိုမျိုးတွေကို သတင်းထုတ်ပြန်လိုက်ရင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဂုဏ်သတင်းကြီးထွားမှု၊ တာ ဝန်ယူမှု ရှိတဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကို ထုတ်ပြန်လိုက်ရင် မြန်မာ့လူ့အဖွဲ့အ စည်းကို အကျိုးပြုနိုင်တယ်ဆိုတာ ကို ကုမ္ပဏီတွေသတိပြုမိပုံမရဘူး''ဟု ပြောသည်။

မြန်မာပြည်တွင်း ကုမ္ပဏီများအနေဖြင့် ယင်းအဖွဲ့အစည်း၏ စစ်တမ်း ကောက်ယူ အဆုံးသတ်ချိန်အထိ သတင်း အချက်အလက်များ ပိုမိုထုတ်ပြန်ပေး ရန် အချိန်နှစ်လရသေးကြောင်း စီမံချက်ရလဒ်မျာအား ဇူလိုင်လ တွင် ထုတ်ပြန်သွား မည်ဖြစ်ပြီး စစ်တမ်းအား ၂ဝ၁၅ တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။

Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇

No comments:

Post a Comment