Sunday 18 May 2014

မျိုးစောင့်ဥပဒေရေးဆွဲနေဆဲကာလ၌ ဝေဖန်မှုများသည်ရည်ရွယ်ချက်ပါသော လုပ်ရပ်များသာဖြစ်ဟု မဘသဆို

မျိုးစောင့်ဥပဒေရေးဆွဲရေးကော်မရှင်က နိုင်ငံတော်သမ္မတ အပါ အဝင် ပြည်သူများ၏အကြံပြုတင်ပြချက်များနှင့်ရေးဆွဲနေဆဲ ဖြစ်သော မျိုးစောင့်ဥပဒေမူကြမ်းကို ဝေဖန်အကြံပြုကန့်ကွက်နေမှုများ ပြုလုပ်နေ ခြင်းမှာ သဘာဝမကျ၍အခြားမသမာသောရည်ရွယ်ချက်များသာဖြစ် သည်ဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(ဗဟို)က သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်မှုကို ယနေ့ ညနေ ၃ နာရီတွင် ရွာမပရိယတ္တိ စာသင်တိုက်၌ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ကကျင်းပသော မျိုးစောင့်ဥပဒေဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန်အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး
အဖွဲ့(ဗဟို)က ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပမှ နိုင်ငံရေးနှင့်ဆက်နွှယ်နေသော အသင်း အဖွဲ့များနှင့် ပုဂ္ဂိုလ်များအချို့က ကန့်ကွက်မှုများမှာ ဥပဒေပါ အချက်အလက်များကို သိရှိခြင်းမရှိဘဲမျိုးစောင့်ဥပဒေကိုထောက်ခံ သောပြည်သူများနှင့်ဆန့်ကျင်နေပြီး ဆန့်ကျင်နေသူများသည် မိမိ တို့၏ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲများထက်မျိုးစောင့် ဥပဒေကိုပြဋ္ဌာန်း နိုင်ရန် နိုင်ငံသားတိုင်းပါဝင်၍ညီညွတ်ရန်လိုအပ်ကြောင်း မဘသမှ ဗဟိုကော်မတီဝင် ဓမ္မစက္ကဦးမောင်မောင်ကဆိုသည်။
မျိုးစောင့်ဥပဒေဟုဆိုရာတွင်ကိုး
ကွယ်ရာဘာသာကူးပြောင်း ခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေဟူ၍ ဥပဒေလေးရပ်ဖြင့် ပြဋ္ဌာန်းရန် ယခုလွှတ်တော်၌တင်ပြထားဆဲအခြေအနေဖြစ်ပြီး လူထုဆန္ဒခံယူမှုများကိုတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်နေဆဲကာလဖြစ်ကြောင်း မဘသမှ ဥပဒေအကြံပေးနှင့်ဗဟိုကော်မတီဝင် ရှေ့နေဦးအေးပိုင် က ဆက်လက်၍ရှင်းလင်းပြောကြားခဲ့သည်။ ဝေဖန်မှုများနှင့်ပတ် သက်၍ ပြည်ထောင်စုအစိုးအဖွဲ့၊အချို့သောပါတီများနှင့်လုံးဝဆက် နွှယ်မှု မရှိကြောင်း၂ဝ၁၅ ရွေးကောက်ပွဲအတွက်ကြိုတင်ကြံစည် ခြင်းနှင့်ဖွဲ့စည်းပုံပြင်ဆင်ရေးကို လမ်းလွဲအောင်ပြု လုပ်နေသည်ဟု ဆိုသောစသည့် နိုင်ငံရေးအခြေအနေများနှင့်မျိုးစောင့် ဥပဒေပြဋ္ဌာန်း နိုင်ရေးဆောင်ရွက်နေ သူများ လုံးဝမသက်ဆိုင်မှုများကို အချက်အလက်နှင့်တကွဓမ္မစက္က ဦးမောင်မောင်က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်
မျိုးစောင့်ဥပဒေကိုပြဋ္ဌာန်းနိုင်
ပါကလက်ထပ်ပြီးနောက်၌ဖြစ်ပေါ်လာသောပြဿနာများ၊ ဘာသာ တစ်ခုနှင့်တစ်ခု ဥပဒေမညီမျှမှုကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာ များ၊ အမျိုးသမီးများ လူ့အခွင့်ရေးချိုးဖောက်ခံရမှုပြဿနာ များ၊ နိုင်ငံအတွင်း ဘာသာရေး၊ လူမှုရေးလွှမ်းမိုးမှုများကြောင့်ဖြစ်ပေါ် လာနိုင်သော ပဋိပက္ခများစသည့် အချက်များကို လွယ်ကူစွာဖြေရှင်း နိုင်၍ကြိုတင်ကာကွယ်မှု များပြုလုပ်နိုင်ပြီးနိုင်ငံ၏အနာဂတ် မျှတ လုံလောက်သော လူနေမှုဘဝနှင့် ကိုယ်ကျင့်စာရိတ္တကောင်းများရရှိ လာမည်ဖြစ်ကြောင်းထုတ်ပြန်မှုတွင်
ဖော်ပြခဲ့သည်။

The Union Daily

No comments:

Post a Comment