Sunday 18 May 2014

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခရီးသည် ၂ဝဝ ခန့် လိုက်ပါလာသော ကူးတို့ယာဉ် တစ်စင်း တိမ်းမှောက်

Photo: ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခရီးသည် ၂ဝဝ ခန့် လိုက်ပါလာသော ကူးတို့ယာဉ် တစ်စင်း တိမ်းမှောက်
Sunday, May 18, 2014 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အနီးရှိ မဂ္ဂနာမြစ် အတွင်း၌ မေ ၁၅ ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်၍ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ခရီးသည် ၂ဝဝ ဝန်းကျင်ခန့် လိုက်ပါလာသော ကူးတို့ယာဉ် တစ်စင်း တိမ်းမှောက် ခဲ့ကြောင်း သိရသည်။

M.V. Miraj-4 အမည်ရှိ အဆိုပါ ကူးတို့ယာဉ်ပေါ်တွင် ခရီးသည် မည်မျှ လိုက်ပါလာသည်ကို အတိအကျ မသိရှိသော်လည်း ၎င်းတို့အနက် အများစုမှာ သီတင်းပတ် အကုန်တွင် အိမ်သို့ ပြန်လာကြသည့် အစိုးရ အမှုထမ်းများနှင့် ကျောင်းသားများ ဖြစ်ကြောင်း၊ ၎င်းတို့အနက် ၄ဝ ဦးခန့်သည် ကူးတို့ယာဉ် နစ်မြုပ်ပြီး နောက် ကမ်းခြေသို့ ရေ ကူးခပ်လာခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့် တပ်ဖွဲ့မှ ရေငုပ်သမား တစ်ဦးသည် ငါးနှစ် ဝန်းကျင်ရှိ ကလေးငယ် တစ်ဦး၏ ရုပ်အလောင်းကို ၎င်း ကူးတို့ယာဉ် အတွင်းမှ ဆွဲထုတ်ခဲ့ပြီး ၎င်း ယာဉ်ပေါ်တွင် လိုက်ပါလာသော လူ ၂၆ ဦး၏ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့က ပြန်လည် ဆယ်ယူနိုင်ခဲ့သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကူးတို့ယာဉ် တိမ်းမှောက်မှုသည် မကြာခဏ ဖြစ်ပွားလေ့ ရှိပြီး ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ဘေးအန္တရာယ် ကင်းရှင်းမှုဆိုင်ရာ စံချိန်စံညွှန်း အားနည်းသောကြောင့် ဖြစ်ကြောင်း Munshiganj ခရိုင်မှ လက်ထောက် ရဲမှူးကြီး Saiful Hassan Badal က ရိုက်တာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

မြ၀တီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့အနီးရှိ မဂ္ဂနာမြစ် အတွင်း၌ မေ ၁၅ ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်၍ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ခရီးသည် ၂ဝဝ ဝန်းကျင်ခန့် လိုက်ပါလာသော ကူးတို့ယာဉ် တစ်စင်း တိမ်းမှောက် ခဲ့ကြောင်း သိရသည်။
M.V. Miraj-4 အမည်ရှိ အဆိုပါ ကူးတို့ယာဉ်ပေါ်တွင် ခရီးသည် မည်မျှ လိုက်ပါလာသည်ကို အတိအကျ မသိရှိသော်လည်း ၎င်းတို့အနက် အများစုမှာ သီတင်းပတ် အကုန်တွင် အိမ်သို့ ပြန်လာကြသည့် အစိုးရ အမှုထမ်းများနှင့် ကျောင်းသားများ ဖြစ်ကြောင်း၊ ၎င်းတို့အနက် ၄ဝ ဦးခန့်သည် ကူးတို့ယာဉ် နစ်မြုပ်ပြီး နော က် ကမ်းခြေသို့ ရေ ကူးခပ်လာခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့် တပ်ဖွဲ့မှ ရေငုပ်သမား တစ်ဦးသည် ငါးနှစ် ဝန်းကျင်ရှိ ကလေးငယ် တစ်ဦး၏ ရုပ်အလောင်းကို ၎င်း ကူးတို့ယာဉ် အတွင်းမှ ဆွဲထုတ်ခဲ့ပြီး ၎င်း ယာဉ်ပေါ်တွင် လိုက်ပါလာသော လူ ၂၆ ဦး၏ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့က ပြန်လည် ဆယ်ယူနိုင်ခဲ့သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ကူးတို့ယာဉ် တိမ်းမှောက်မှုသည် မကြာခဏ ဖြစ်ပွားလေ့ ရှိပြီး ယင်းကဲ့ သို့ ဖြစ် ရခြင်းမှာ ဘေးအန္တရာယ် ကင်းရှင်းမှုဆိုင်ရာ စံချိန်စံညွှန်း အားနည်းသောကြောင့် ဖြစ်ကြောင်း Munshiganj ခရိုင်မှ လက်ထောက် ရဲမှူးကြီး Saiful Hassan Badal က ရိုက်တာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

မြ၀တီ

No comments:

Post a Comment