Sunday 18 May 2014

တောင်တရုတ်ပင်လယ်အကျပ်အတည်း အရုတ်နှင့် ဗီယက်နမ်စတင်ဆွေးနွေး

Photo: တောင်တရုတ်ပင်လယ်အကျပ်အတည်း အရုတ်နှင့် ဗီယက်နမ်စတင်ဆွေးနွေး
Sunday, May 18, 2014

တရုတ်နှင့် ဗီယက်နမ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများသည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုအပေါ် သဘောထားကွဲလွဲချက်များ ဖြေရှင်းရန် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွားပြီး နောက် သောကြာနေ့က တရုတ်မြို့ ချင်းတောင်၌ ကျင်းပခဲ့သည်။

ဗီယက်နမ်နှင့် ဖိလစ်ပိုင်ဆန္ဒပြသူများသည် မနီလာမြို့ တရုတ်သံရုံးအပြင်ဘက်၌ ဆန္ဒပြခဲ့ရာ တရုတ်နိုင်ငံက အဆိုပါနှစ်နိုင်ငံက ပိုင်ဆိုင်ထားသော နယ်မြေများကို ကျူးကျော်နေသည်ဟု ဆိုသည်။

ယင်းတို့က ဗီယက်နမ်ပြည်သူများနှင့် ဖိလစ်ပိုင်တို့က တရုတ်နှင့်မပေါင်းရန် တိုက်တွန်းဆော်သြ လိုက်သည်။ ယင်းအဓိကရုဏ်း၌ ဆက်နွှယ်သူ ၅ဝဝ အား ဖမ်းဆီးထားကြောင်း အာဏာပိုင်များက ပြောသည်။

ယင်းအစည်းအဝေးတွင် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ပိုင်ဆိုင်မှုများကို လုံခြုံရေးအာမခံပေးရန် တောင်းဆိုလိုက်ကြောင်း တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုဆိုခွင့်ရှိသူ ရှန်ဒန် ရန်းကပြောသည်။

တရုတ်နိုင်ငံသားများ သေဆုံး မှုရှိပြီး ၉ဝ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း ၎င်းကပြောသည်။

တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်အတွင်း ကာလအတန်ကြာကပင် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေခဲ့သည်။

တရုတ်တို့က တောင်တရုတ် ပင်လယ်ကြီးတစ်ခုလုံးကို ၎င်းပိုင်ဆိုင်ကြောင်း ပြောဆိုထားသည်။ သို့သော်လည်း ဘရူနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်တို့က ပိုင်ဆိုင်ကြောင်း ပြောဆိုလျက်ရှိသည်။ ယင်းရေပိုင်နက် နယ်မြေအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်တွေ့ရှိလိမ့်မည်ဟု ယုံကြည် ထားကြသည်။

ဘီဘီစီ
တရုတ်နှင့် ဗီယက်နမ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများသည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုအပေါ် သဘောထားကွဲလွဲချက်များ ဖြေရှင်းရန် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွားပြီး နောက် သောကြာနေ့က တရုတ်မြို့ ချင်းတောင်၌ ကျင်းပခဲ့သည်။

ဗီယက်နမ်နှင့် ဖိလစ်ပိုင်ဆန္ဒပြသူများသည် မနီလာမြို့ တရုတ်သံရုံးအပြင်ဘက်၌ ဆန္ဒပြခဲ့ရာ တရုတ်နိုင်ငံက အဆိုပါနှစ်နိုင်ငံက ပိုင်ဆိုင်ထားသော နယ်မြေများကို ကျူးကျော်နေသည်ဟု ဆိုသည်။

ယင်းတို့က ဗီယက်နမ်ပြည်သူများနှင့် ဖိလစ်ပိုင်တို့က တရုတ်နှင့်မပေါင်းရန် တိုက်တွန်းဆော်သြ လိုက်သည်။ ယင်းအဓိကရုဏ်း၌ ဆက်နွှယ်သူ ၅ဝဝ အား ဖမ်းဆီးထားကြောင်း အာဏာပိုင်များက ပြောသည်။

ယင်းအစည်းအဝေးတွင် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ပိုင်ဆိုင်မှုများကို လုံခြုံရေးအာမခံပေးရန် တောင်းဆိုလိုက်ကြောင်း တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုဆိုခွင့်ရှိသူ ရှန်ဒန် ရန်းကပြောသည်။

တရုတ်နိုင်ငံသားများ သေဆုံး မှုရှိပြီး ၉ဝ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း ၎င်းကပြောသည်။

တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်အတွင်း ကာလအတန်ကြာကပင် နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားနေခဲ့သည်။

တရုတ်တို့က တောင်တရုတ် ပင်လယ်ကြီးတစ်ခုလုံးကို ၎င်းပိုင်ဆိုင်ကြောင်း ပြောဆိုထားသည်။ သို့သော် လည်း ဘရူနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်တို့က ပိုင်ဆိုင်ကြောင်း ပြောဆိုလျက်ရှိသည်။ ယင်းရေပိုင် နက် နယ်မြေအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်တွေ့ရှိလိမ့်မည်ဟု ယုံကြည် ထားကြသည်။

ဘီဘီစီ

No comments:

Post a Comment