Sunday 18 May 2014

အိန္ဒိယ ရွေးကောက်ပွဲတွင် နာရန်ဒါမိုဒီ၏ BJP လက်ယာယိမ်း ပါတီ အနိုင် ရရှိ

Photo: အိန္ဒိယ ရွေးကောက်ပွဲတွင် နာရန်ဒါမိုဒီ၏ BJP လက်ယာယိမ်း ပါတီ အနိုင် ရရှိ
Sunday, May 18, 2014 

အိန္ဒိယနိုင်ငံ တစ်ဝန်းတွင် သီတင်းပတ် ခြောက်ပတ်ကြာ ကျင်းပခဲ့သော ရွေးကောက်ပွဲ ၏ ရလဒ်များအရ နာရန်ဒါမိုဒီ ဦးဆောင်သော BJP လက်ယာယိမ်း ပါတီနှင့် မဟာမိတ် ပါတီများက ရွေးကောက်ပွဲတွင် အနိုင် ရရှိကြောင်း မေ ၁၆ ရက် အင်တာနက် သတင်းတစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။

ရွေးကောက်ပွဲတွင် BJP လက်ယာယိမ်း ပါတီနှင့် မဟာမိတ် ပါတီများ၏ အနိုင်ရရှိမှုသည် အိန္ဒိယ ဝန်ကြီးချုပ် အဖြစ် ၁ဝ နှစ်ကြာ တာဝန်ယူခဲ့သည့် မန်မိုဟန်ဆင်းနှင့် ဂန္ဒီမိသားစု ဦးဆောင်သော ကွန်ဂရက်ပါတီကိုလည်း အထိ နာစေခဲ့သည်ဟု နိုင်ငံရေး ကျွမ်းကျင် ပညာရှင်များက ပြောကြားထားခဲ့သည်။ BJP ပါတီသည် လွှတ်တော် အမတ်နေရာ ၂၇၆ နေရာကို ရရှိခဲ့ပြီး မိုဒီအနေဖြင့် လက်ရှိ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ နေရာကို ဆက်ခံရန် မေ ၂၁ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေး ကျဆင်းလာမှု၊ ငွေကြေး ဖောင်းပွမှုနှုန်းနှင့် အလုပ်လက်မဲ့နှုန်းများ မြင့်တက်လာမှု၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းလာမှုနှင့် အကျင့်ပျက် ခြစားမှုများတွင် ပါဝင် ပတ်သက်နေသည် ဟူသော လက်ရှိ အစိုးရအဖွဲ့၏ မကောင်း သတင်းတို့သည် အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် ကာလအကြာဆုံး ဖြစ်သော ရွေးကောက်ပွဲကြီးကို ကျင်းပ ခဲ့ရသည့် အဓိက အကြောင်းရင်းများ ဖြစ်သည်ဟု သိရသည်။

မြ၀တီ
အိန္ဒိယနိုင်ငံ တစ်ဝန်းတွင် သီတင်းပတ် ခြောက်ပတ်ကြာ ကျင်းပခဲ့သော ရွေးကောက်ပွဲ ၏ ရလဒ်များအရ နာရန်ဒါမိုဒီ ဦးဆောင်သော BJP လက်ယာယိမ်း ပါတီနှင့် မဟာမိတ် ပါတီများက ရွေးကောက်ပွဲတွင် အနိုင် ရရှိကြောင်း မေ ၁၆ ရက် အင်တာနက် သတင်းတစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။
ရွေးကောက်ပွဲတွင် BJP လက်ယာယိမ်း ပါတီနှင့် မဟာမိတ် ပါတီများ၏ အနိုင်ရရှိမှုသည် အိန္ဒိယ ဝန်ကြီးချုပ် အဖြစ် ၁ဝ နှစ်ကြာ တာဝန်ယူခဲ့သည့် မန်မိုဟန်ဆင်းနှင့် ဂန္ဒီမိသားစု ဦးဆောင်သော ကွန်ဂရက်ပါတီကို လည်း အထိ နာစေခဲ့သည်ဟု နိုင်ငံရေး ကျွမ်းကျင် ပညာရှင်များက ပြောကြားထားခဲ့သည်။ BJP ပါတီသည် လွှတ်တော် အမတ်နေရာ ၂၇၆ နေရာကို ရရှိခဲ့ပြီး မိုဒီအနေဖြင့် လက်ရှိ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ၏ နေရာကို ဆက်ခံရန် မေ ၂၁ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေး ကျဆင်းလာမှု၊ ငွေကြေး ဖောင်းပွမှုနှုန်းနှင့် အလုပ်လက်မဲ့နှုန်း များ မြင့်တက် လာမှု၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းလာမှုနှင့် အကျင့်ပျက် ခြစားမှုများတွင် ပါဝင် ပတ်သက်နေသည် ဟူသော လက်ရှိ အစိုးရအဖွဲ့၏ မကောင်း သတင်းတို့သည် အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် ကာလ အကြာ ဆုံး ဖြစ်သော ရွေးကောက်ပွဲကြီးကို ကျင်းပ ခဲ့ရသည့် အဓိက အကြောင်းရင်းများ ဖြစ်သည်ဟု သိရ သည်။

မြ၀တီ

No comments:

Post a Comment