Sunday 27 April 2014

လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ခြောက်လုံးမီးလောင်ကျွမ်း

Photo: လှိုင်မြို့နယ် ၁၃ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ခြောက်လုံးမီးလောင်ကျွမ်း
Sunday, April 27, 2014

လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင်လမ်းနှင့် ပန်းခြံကျောင်းလမ်းထောင့်ရှိ နေအိမ်တစ်လုံးမှ ညနေ ၃ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို စိစစ်နေဆဲဖြစ်ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းရာသို့ လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့အပါဝင် အခြားမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ခန့်၊ မီးသတ်ယာဉ် အစီး ၂၀ ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး ညနေ ၃ နာရီခွဲခန့်တွင် မီးငြှိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

မီးလောင်ကျွမ်းရာသို့ လာရောက်ငြှိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက “မီး ဘာကြောင့်လောင်လဲဆိုတာတော့ မသိသေးပါဘူး။ အိမ်ခြောက်လုံး လောင်သွားတယ်” ဟု ပြောကြားသည်။

ထိုသို့ မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်အမှတ် ၁၉ (အေ) မှ အိမ်ထောင်ဦးစီး ဖြစ်သူအား လှိုင်မြို့မရဲစခန်းမှ (ပ)၂၃၈/၁၄၊ ပုဒ်မ- ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားသည်။

Eleven Media Group
လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်တွင် ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွား ခဲ့ပြီး နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင်လမ်းနှင့် ပန်းခြံကျောင်း လမ်းထောင့်ရှိ နေအိမ်တစ်လုံးမှ ညနေ ၃ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင် ကျွမ်းမှု ဖြစ် ပွားရခြင်း အကြောင်းရင်းကို စိစစ်နေဆဲဖြစ်ကြောင်း လှိုင်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြား သည်။

မီးလောင်ကျွမ်းရာသို့ လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့အပါဝင် အခြားမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင် ၂၅၀ ခန့်၊ မီးသတ်ယာဉ် အစီး ၂၀ ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး ညနေ ၃ နာရီခွဲခန့်တွင် မီးငြှိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

မီးလောင်ကျွမ်းရာသို့ လာရောက်ငြှိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက “မီး ဘာကြောင့်လောင်လဲ ဆိုတာတော့ မသိသေးပါဘူး။ အိမ်ခြောက်လုံး လောင်သွားတယ်” ဟု ပြောကြားသည်။

ထိုသို့ မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်အမှတ် ၁၉ (အေ) မှ အိမ်ထောင်ဦးစီး ဖြစ်သူအား လှိုင်မြို့မရဲစခန်းမှ (ပ)၂၃၈/၁၄၊ ပုဒ်မ- ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားသည်။

Eleven Media Group

No comments:

Post a Comment