Saturday 22 February 2014

နိုင်ငံတော်သမ္မတရုံး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ် ကျပ်တစ်သောင်း ငါးထောင်ကျော် သုံးစွဲနိုင်ရန် အဆိုပြု

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၄-၂၀ ၁၅ ဘဏ္ဍာနှစ် သာမန်အသုံးစရိတ် အတွက် ငွေကျပ် သန်း တစ်သောင်းငါး ထောင်ကျော် အဆိုပြုထားရာ ယခင်နှစ်ထပ် သန်းသုံးထောင်ကျော် ပိုလာ သည်။

ယင်းကဲ့သို့ ဖြစ်ရခြင်းသည် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ သမ္မတရုံး ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၏ လစာစရိတ်များကို သတ်မှတ်ချက်အတိုင်း ယခုဘဏ္ဍာနှစ်မှစ၍ တိုးမြှင့် ခံစားခြင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းအတွက် သီးသန့်အသုံးစရိတ်ကျပ်သန်း (၄၀၀၀) ထည့်‌သွင်း လျာထားခြင်းကြောင့်ဟု ပြုပြ င်ပြောင်း လဲရေးနှင့် ခေတ်မီဖွံဖြိုးတိုးတက်မှု စီစစ်ရေးေ ကာ် မတီဥက္ကဌဦးအောင် သိန်းလင်း က ဖေဖော် ၀ါရီ (၂၁)ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြသည်။

စိစစ်တွေ့ရှိချက်အနေဖြင့် သာမန်အသုံးစရိတ်နင့်ပတ်သက်၍ (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ် တွင် ကျပ် (၁၁၅၃၃ ဒသမ ၀၁၄) သန်း သုံးစွဲခဲ့ပြီး (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်အတွက် ကျပ် (၁၅၃၀၃ ဒသမ ၇၉၆) သန်း အဆိုပြုထားသည့်အတွက် ကျပ် (၃၇၅၀ ဒသမ ၇၅၅) ကျပ်သန်း ပိုလာကြောင်း သာမန်အသုံးစရိတ် အား ဖြတ်တောက်ခြင်းမပြုဘဲ တင်ပြထားသည့်အတိုင်း ခွင့်ပြုသင့်ကြောင်း တွေ့ရှိရပြီး တိုင်းပြည်ဖွံ့ဖြိုး တိုး တက်ရေး အတွက် အဓိကလိုအပ်ချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီ ညွ တ်ရေးဖြစ် သည့် အတွက် ပြည် တွင်းငြိမ်း ချမ်းရေးဆောင်ရွက်ရာတွင် ပြည်ပနိုင်ငံများ၏ ငွေကြေး အကူ အညီတစ်ခုတည်း ကိုသာ အားကိုးဆောင်ရွက်ခြင်းမပြုသင့်ဘဲ နိုင်ငံတော်ဘတ်ဂျက်မှလည်း ကျခံသုံးစွဲ သင့်သည် ဟု ၎င်းကဆိုသည်။

Popular Myanmar News Journal 

No comments:

Post a Comment