Monday 3 February 2014

မြန်မာအမျိုးသားရေးကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အခြေခံဥပဒေပုဒ်မ ၅၉ အောက်ရှိ ဥပဒေပုဒ်မများကို ရှိရင်းစွဲအတိုင်း ထားရှိသင့်ဟု ထုတ်ပြန်

Photo: မြန်မာအမျိုးသားရေးကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အခြေခံဥပဒေပုဒ်မ ၅၉ အောက်ရှိ ဥပဒေပုဒ်မများကို ရှိရင်းစွဲအတိုင်း ထားရှိသင့်ဟု ထုတ်ပြန်
 Monday, Frbruary 3, 2014

မြန်မာအမျိုးသားရေးကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ အောက်ရှိ ဥပဒေပုဒ်မများသည် သာမန်နိုင်ငံသား တစ်ဦးအတွက် ပြဋ္ဌာန်းချက်မဟုတ်ဘဲ နိုင်ငံဦးသျှောင် သမ္မတတစ်ဦးအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ရာ အရှည်ကိုမျှော်ကိုး၍ ရှိရင်းစွဲအတိုင်း ထားရှိသင့်သည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက စတင်ဟောပြောခဲ့ခြင်းဖြစ်ပြီး ဟောပြောပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း အပါအ၀င် တက်ရောက်သူ တစ်ထောင်ကျော်ရှိကြောင်း မြန်မာအမျိုးသားရေးကွန်ရက် အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

ဦးနေမျိုးဝေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ နှင့် ပတ်သက်ပြီး “ကျွန်တော်တို့ ဒါကိုပြင်ခြင်းအားဖြင့် များစွာအကျိုးယုတ်နိုင်မယ်ဆိုတာ မုချပြောနိုင်တယ်။ အခုဆိုရင် ရေနံကိုရောင်းစားတယ်။ ရေနံကိုရောင်းစားရင် လယ်ကျန်တယ်။ လယ်ယာကိုရောင်းစားရင် ရေကျန်တယ်။ အဲဒီဟာတွေ ရောင်းစားရင် ကျွန်တော်တို့တိုင်းပြည် မြေဧရိယာကတော့ ကျန်နေသေးတယ်။ အခုတော့ တစ်နိုင်ငံလုံးကို ရောင်းစားနိုင်တဲ့ နေရာကို သူတို့က ပြောင်းလဲချင်နေကြတယ်။ အကယ်၍ သမ္မတဖြစ်မယ့် အရည်အချင်းကို လျှော့ပေါ့ပြဋ္ဌာန်းလိုက်မယ်ဆိုရင် အဲဒီနေရာကို ရောင်းစားလိုက်သလိုပဲဖြစ်မယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတဖြစ်ရမယ့် အရည်အချင်းသည် အလွန်အရေးကြီးပါတယ်” ဟု ဟောပြောခဲ့သည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ရဲ့ ကျောထောက်နောက်ခံမှ မယူထားပါဘူး။ ဒီနေ့လုပ်ရတဲ့ပွဲကတော့ ပုဒ်မ ၅၉ ကို အမျိုးသားရေး ရှုထောင့်ကနေပြီး ပြုပြင်ဖို့ကို မလိုအပ်ပဲ မပြုပြင်သင့်ဘူး၊ ထိကိုမထိသင့်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ စီစဉ်ခြင်းဖြစ်ပါတယ်” ဟု ဟောပြောပွဲကို ဦးဆောင်ကျင်းပခဲ့သည့် မြန်မာ့အမျိုးသားကွန်ရက်မှ ကိုသီရိမောင်က ပြောကြားသည်။

မြန်မာအမျိုးသားကွန်ရက်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သက်တမ်းသုံးလရှိပြီဖြစ်သည်ဟု ကိုသီရီမောင်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက “ဒီနေ့လာတာက လာလေ့လာဖြစ်ပါတယ်။ ဒီမှာ လူထုအနေနဲ့ ဘယ်လိုရှိသလဲဆိုတာ လာနားထောင်တာပါ။ ကျွန်တော်အနေနဲ့ကတော့ လွှတ်တော်ထဲမှာဆိုထားတဲ့ ကတိအတိုင်းပဲ ကျွန်တော်တည်ရမယ်။ ပုဒ်မ ၅၉ ပြင်ရေး၊ မပြင်ရေးနဲ့ ပတ်သက်ပြီးကတော့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကတိသစ္စာပြုထားပြီ ဖြစ်တဲ့အတွက် ကျွန်တော်ကတိတည်သွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်သိန်းလင်းက ပြောကြားသည်။

“ကျွန်တော်က ပြည်သူတစ်ယောက်အနေနဲ့ လာနားထောင်တာ ၅၉(စ)နဲ့ပတ်သက်ပြီးတော့ ရုတ်တရက်ပြင်မယ်ဆိုတာ သိပ်မကြိုက်ဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ခံယူချက်တော့ မတူဘူးပေါ့။ ၅၉(စ)ကို မပြင်ဘူးဆိုတာကို ပြောမှာဖြစ်တဲ့အတွက် ကျွန်တော်တို့စိတ်ဝင်စားတယ် လာနားထောင်တယ်” ဟု ဟောပြောပွဲသို့ သာကေတမြို့နယ်မှ လာရောက်သူ ဦးမောင်စိုးက ပြောပါသည်။

ဟောပြောပွဲသို့ တက်ရောက်လာသည့် မင်္ဂလာဒုံမြို့နယ်မှ မွန်တိုင်းရင်းသား ဦးရွှေငိုးက “ရွှေနံ့သာကွင်းမှာ လယ်သိမ်းခံထားရတယ်။ ကိုယ့်လယ်ကို ကိုယ်လုပ်နေပေမယ့် ဘယ်သူရတယ်ဆိုတာ အခုအချိန်ထိ မသိရသေးဘူး။ ဒီအမှုက ကိုနေမျိုးဝေနဲ့ ကျွန်တော်တို့အပ်ထားတယ်။ သူလိုက်နေတယ်။ လယ်သိမ်းတဲ့ကိစ္စတွေ သူပြောမလားလို့လာတာ။ အခု တို့နဲ့ဘာမှမဆိုင်ဘူး။ သူ့အကြောင်းသူပြောတာ။ အခုဆွေးနွေးပွဲက သူဘာသာသူ ဆွေးနွေးတာ တို့နဲ့ဘာမှမဆိုင်ဘူး။ တို့လာတာ အားလုံးငါးဆယ်လောက်ရှိတယ်။ ကားသုံးစီးနဲ့လာတာ” ဟု ပြောပြပါသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများနှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉(စ) တွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ(သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ စသည့်အချက်များ ပါဝင်သည်။

ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား တွေ့ရစဉ်

Eleven Media Group
ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြော ပွဲအား တွေ့ရစဉ်
မြန်မာအမျိုးသားရေးကွန်ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉ အောက်ရှိ ဥပဒေပုဒ်မများသည် သာမန်နိုင်ငံသား တစ်ဦးအတွက် ပြဋ္ဌာန်းချက် မဟုတ်ဘဲ နိုင်ငံဦးသျှောင် သမ္မတတစ်ဦးအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ရာ အရှည်ကိုမျှော်ကိုး၍ ရှိရင်းစွဲ အတိုင်း ထားရှိ သင့်သည်ဟု ထုတ်ပြန်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက စတင်ဟောပြော ခဲ့ခြင်းဖြစ်ပြီး ဟောပြောပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း အပါအ၀င် တက်ရောက်သူ တစ်ထောင်ကျော်ရှိကြောင်း မြန်မာအမျိုးသားရေးကွန်ရက် အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

ဦးနေမျိုးဝေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ နှင့် ပတ်သက်ပြီး “ကျွန်တော်တို့ ဒါကိုပြင်ခြင်း အားဖြင့် များစွာအကျိုးယုတ်နိုင်မယ်ဆိုတာ မုချပြောနိုင်တယ်။ အခုဆိုရင် ရေနံကိုရောင်းစား တယ်။ ရေနံ ကိုရောင်းစားရင် လယ်ကျန်တယ်။ လယ်ယာကိုရောင်းစားရင် ရေကျန်တယ်။ အဲဒီဟာတွေ ရောင်းစားရင် ကျွန်တော်တို့တိုင်းပြည် မြေဧရိယာကတော့ ကျန်နေသေးတယ်။ အခုတော့ တစ်နိုင်ငံလုံး ကို ရောင်း စားနိုင်တဲ့ နေရာကို သူတို့က ပြောင်းလဲချင်နေကြတယ်။ အကယ်၍ သမ္မတဖြစ်မယ့် အရည်အချင်း ကို လျှော့ပေါ့ပြဋ္ဌာန်း လိုက်မယ်ဆိုရင် အဲဒီနေရာကို ရောင်းစားလိုက်သလိုပဲဖြစ်မယ်။ ဒါကြောင့် နိုင် ငံတော်သမ္မတဖြစ်ရမယ့် အရည်အချင်းသည် အလွန်အရေးကြီးပါတယ်” ဟု ဟောပြောခဲ့ သည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ရဲ့ ကျောထောက်နောက်ခံမှ မယူထား ပါဘူး။ ဒီနေ့လုပ်ရတဲ့ပွဲကတော့ ပုဒ်မ ၅၉ ကို အမျိုးသားရေး ရှုထောင့်ကနေပြီး ပြုပြင်ဖို့ကို မလိုအပ်ပဲ မပြုပြင်သင့်ဘူး၊ ထိကိုမထိသင့်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ စီစဉ်ခြင်းဖြစ်ပါတယ်” ဟု ဟောပြောပွဲကို ဦးဆောင်ကျင်းပ ခဲ့သည့် မြန်မာ့အမျိုးသားကွန်ရက်မှ ကိုသီရိမောင်က ပြောကြားသည်။

မြန်မာအမျိုးသားကွန်ရက်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး သက်တမ်းသုံးလ ရှိပြီဖြစ်သည်ဟု ကိုသီရီမောင်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက “ဒီနေ့ လာတာက လာလေ့လာဖြစ်ပါတယ်။ ဒီမှာ လူထုအနေနဲ့ ဘယ်လိုရှိသလဲဆိုတာ လာနားထောင်တာပါ။ ကျွန်တော်အနေနဲ့ကတော့ လွှတ်တော်ထဲမှာဆိုထားတဲ့ ကတိအတိုင်းပဲ ကျွန်တော်တည်ရမယ်။ ပုဒ်မ ၅၉ ပြင်ရေး၊ မပြင်ရေးနဲ့ ပတ်သက်ပြီးကတော့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ပါ့မယ်လို့ ကတိသစ္စာပြုထားပြီ ဖြစ်တဲ့အတွက် ကျွန်တော်ကတိတည်သွား မှာ ဖြစ်ပါတယ်” ဟု ဦးအောင်သိန်းလင်းက ပြောကြားသည်။

“ကျွန်တော်က ပြည်သူတစ်ယောက်အနေနဲ့ လာနားထောင်တာ ၅၉(စ)နဲ့ပတ်သက်ပြီးတော့ ရုတ်တရက်ပြင် မယ်ဆိုတာ သိပ်မကြိုက်ဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ခံယူချက်တော့ မတူဘူးပေါ့။ ၅၉(စ)ကို မပြင်ဘူးဆိုတာကို ပြောမှာဖြစ်တဲ့အတွက် ကျွန်တော်တို့စိတ်ဝင်စားတယ် လာနားထောင်တယ်” ဟု ဟောပြော ပွဲသို့ သာကေတမြို့နယ်မှ လာရောက်သူ ဦးမောင်စိုးက ပြောပါသည်။

ဟောပြောပွဲသို့ တက်ရောက်လာသည့် မင်္ဂလာဒုံမြို့နယ်မှ မွန်တိုင်းရင်းသား ဦးရွှေငိုးက “ရွှေနံ့သာကွင်းမှာ လယ်သိမ်းခံထားရတယ်။ ကိုယ့်လယ်ကို ကိုယ်လုပ်နေပေမယ့် ဘယ်သူရတယ်ဆိုတာ အခုအချိန်ထိ မသိရသေးဘူး။ ဒီအမှုက ကိုနေမျိုးဝေနဲ့ ကျွန်တော်တို့အပ်ထားတယ်။ သူလိုက်နေတယ်။ လယ်သိမ်းတဲ့ ကိစ္စတွေ သူပြောမလားလို့လာတာ။ အခု တို့နဲ့ဘာမှမဆိုင်ဘူး။ သူ့အကြောင်းသူပြောတာ။ အခုဆွေးနွေးပွဲက သူဘာသာသူ ဆွေးနွေးတာ တို့နဲ့ဘာမှမဆိုင်ဘူး။ တို့လာတာ အားလုံးငါးဆယ်လောက်ရှိတယ်။ ကားသုံးစီးနဲ့ လာတာ” ဟု ပြောပြပါသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများနှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉(စ) တွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ စသည့်အချက်များ ပါဝင်သည်။


Eleven Media Group

No comments:

Post a Comment