Thursday 10 October 2013

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အပါအ၀င် အချက်ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု သမ္မတဦးသိန်းစိန် ပြောကြား

Photo: အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အပါအ၀င် အချက်ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု သမ္မတဦးသိန်းစိန် ပြောကြား
Thursday, 10 October 2013

၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား မြန်မာနိုင်ငံက ထမ်းဆောင်ချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အပါအ၀င် အချက်
ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု သမ္မတ ဦးသိန်းစိန်က အောက်တို
ဘာ ၉ ရက်က ပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေး
ပွဲတွင် ပြောကြားသည်။

(၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေး
များကို အောက်တိုဘာ ၉ ရက်မှစတင်ပြီး ဘရူနိုင်း နိုင်ငံ International Convention Center ၌ ပြုလုပ်လျှက် ရှိနေကာ အဆိုပါနေ့ နံနက်ပိုင်း ကပွဲဦးထွက် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အာဆီယံ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ အာဆီယံရဲ့ လက်ရှိလုပ်ငန်းတွေကို အောင်မြင်ပြီးစီးအောင် ဆောင်ရွက်ပြီး အာဆီယံ
အသိုက်အ၀န်း ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ရင်း အာဆီယံရဲ့ အနာဂတ်အတွက် အဆွေတော်များနဲ့ အတူတကွ လုပ်ဆောင်
သွားပါမယ်။ မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အချိန် ၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက်အ၀န်းဆီကို ညင်သာစွာ လွှဲပြောင်းပေးနိုင်ဖို့ မိမိတို့ အစွမ်းကုန် ကြိုးစားသွားပါမယ်''ဟု ဦးသိန်းစိန်က ပြောကြားသည်။

ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံ၏ အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အာဆီယံ အသိုက်အ၀န်းထူထောင်ရေးကို အထောက်အပံ့ဖြစ်စေရန် အချက်များအပါအ၀င် အချက်ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု
နိုင်ငံတော်သမ္မတက ဆိုသည်။

''နိုင်ငံရဲ့ အမျိုးသားရေး ဦးတည်ချက်တွေနဲ့အညီ အာဆီယံ အသိုက်အ၀န်း ထူထောင်ရေးကို အထောက်အပံ့ဖြစ်ဖို့ ရာသီဥတုပြောင်းလဲခြင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲခြင်း၊ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် ကိစ္စရပ်များ၊ စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံရေး၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပေါင်းစပ်ဆက်သွယ်ရေးတို့အပြင် လူ့အခွင့်အရေး
ဆိုင်ရာ ကိစ္စရပ်တွေကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဦးသိန်းစိန်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရေးအတွက် ကျန်ရှိသော အာဆီယံနိုင်ငံများ၏ အားပေးထောက်ခံမှုကို အထူး ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံ၏ ညီညွတ်မှုနှင့် ဗဟိုပြုမှုကို ထုတ်ဖော်ပြ
သပြီး တိုးတက်မှုကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ ဘရူနိုင်းဘုရင် ဆူလတန်
ဟာဂျီဟာဆန်နယ်လ်ဘိုကီးယားမူ အစ်ဇာဒင်ဝါဒူလာက ပြောကြားသည်။

''အာဆီယံဟာ ညီညွတ်မှုနဲ့ ဗဟိုပြုမှုကို ထုတ်ဖော်ပြသမှသာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေး ရရှိနိုင်မယ့်အပြင် အင်အားကြီးနိုင်ငံ
များရဲ့ အကျိုးစီးပွားနဲ့ ယှဉ်တဲ့ကိစ္စရပ်တွေ ဒါမှမဟုတ် ကုန်သွယ်မှု သဘောတူညီချက်တွေ ဖော်ဆောင်ရာမှာ အထောက်အကူ ဖြစ်စေမှာဖြစ်
ပါတယ်''ဟု ဘရူနိုင်းဘုရင် မူအစ်ဇာဒင်ဝါဒူလာက ဆိုသည်။

အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး
ဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများတွင် တန်းတူညီမျှသော လူမှုလုံခြုံရေး
စနစ် ဖော်ဆောင်ရန်၊ အာဆီယံမျိုးဆက်သစ် လူငယ်များအား ပြုစုပျိုးထောင်
ရန်၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်စေ
ရန်၊ သဘာဝဘေးအန္တရာယ် ထိန်းသိမ်းရေးလုပ်ငန်းများကို အာဆီယံ နိုင်ငံ
များအကြား အထောက်အပံ့ပြုရန် သဘောတူညီခဲ့ကြသည်။

eleven media group
၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား မြန်မာနိုင်ငံက ထမ်းဆောင်ချိန်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အပါအ၀င် အချက်ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၉ ရက်က ပြုလုပ် ခဲ့သည့် (၂၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြားသည်။(၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၉ ရက်မှစတင်ပြီး ဘရူနိုင်း နိုင်ငံ International Convention Center ၌ ပြုလုပ်လျှက် ရှိနေကာ အဆိုပါနေ့ နံနက်ပိုင်း ကပွဲဦးထွက် ပြုလုပ်ခဲ့သော အစည်းအဝေး တွင် သမ္မတ ဦးသိန်းစိန်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အာဆီယံ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ အာဆီယံရဲ့ လက်ရှိလုပ်ငန်းတွေကို အောင်မြင်ပြီးစီးအောင် ဆောင်ရွက်ပြီး အာဆီယံအသိုက်အ၀န်း ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်ရင်း အာဆီယံရဲ့ အနာဂတ်အတွက် အဆွေတော်များနဲ့ အတူတကွ လုပ်ဆောင်သွားပါမယ်။ မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အချိန် ၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက်အ၀န်းဆီကို ညင်သာစွာ လွှဲပြောင်းပေးနိုင်ဖို့ မိမိတို့ အစွမ်းကုန် ကြိုးစားသွားပါမယ်''ဟု ဦးသိန်းစိန်က ပြောကြား သည်။

ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံ၏ အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အာဆီယံ အသိုက်အ၀န်းထူထောင်ရေးကို အထောက် အပံ့ဖြစ်စေရန် အချက်များအပါအ၀င် အချက်ခုနစ်ချက်ကို ဦးစားပေး လုပ်ဆောင်မည်ဟု နိုင်ငံတော်သမ္မတက ဆိုသည်။

''နိုင်ငံရဲ့ အမျိုးသားရေး ဦးတည်ချက်တွေနဲ့အညီ အာဆီယံ အသိုက်အ၀န်း ထူထောင်ရေးကို အထောက်အပံ့ဖြစ်ဖို့ ရာသီ ဥတုပြောင်း လဲခြင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲခြင်း၊ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် ကိစ္စရပ် များ၊ စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံရေး၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပေါင်းစပ်ဆက် သွယ်ရေး တို့ အပြင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ဦးသိန်းစိန်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရေးအတွက် ကျန်ရှိသော အာဆီယံနိုင်ငံများ၏ အားပေးထောက်ခံမှုကို အထူး ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံ၏ ညီညွတ်မှုနှင့် ဗဟိုပြုမှုကို ထုတ်ဖော်ပြသပြီး တိုးတက်မှုကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ ဘရူနိုင်းဘုရင် ဆူလတန် ဟာဂျီဟာဆန်နယ်လ်ဘိုကီးယားမူ အစ်ဇာဒင်ဝါဒူလာက ပြောကြားသည်။

''အာဆီယံဟာ ညီညွတ်မှုနဲ့ ဗဟိုပြုမှုကို ထုတ်ဖော်ပြသမှသာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေး ရရှိနိုင်မယ့်အပြင် အင်အားကြီးနိုင်ငံများရဲ့ အကျိုးစီးပွားနဲ့ ယှဉ်တဲ့ကိစ္စရပ်တွေ ဒါမှမဟုတ် ကုန်သွယ်မှု သဘောတူညီချက်တွေ ဖော်ဆောင်ရာမှာ အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်''ဟု ဘရူနိုင်းဘုရင် မူအစ်ဇာဒင်ဝါဒူလာက ဆိုသည်။

အောက်တိုဘာ ၉ ရက်က ပြုလုပ်ခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများတွင် တန်းတူ ညီမျှသော လူမှုလုံခြုံရေးစနစ် ဖော်ဆောင်ရန်၊ အာဆီယံမျိုးဆက်သစ် လူငယ်များအား ပြုစုပျိုးထောင်ရန်၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်စေရန်၊ သဘာဝဘေးအန္တရာယ် ထိန်းသိမ်းရေးလုပ်ငန်းများကို အာဆီယံ နိုင်ငံ များအကြား အထောက်အပံ့ပြုရန် သဘောတူညီခဲ့ကြသည်။

eleven media group

No comments:

Post a Comment