Friday 29 March 2013

ဆင်းကဒ်ဈေး ထောင်ဂဏန်းဖြင့် ချထားပေးပါက ဟန်းဆက်ဆိုင်များက အခမဲ့ပေးမည်


ဆင်းကဒ်ဈေး ထောင်ဂဏန်းဖြင့် ချထားပေးပါက ဟန်းဆက်ဆိုင်များက အခမဲ့ပေးမည်

နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင်ဂဏန်းမျှဖြင့် အမှန်တကယ် ဈေးလျှော့ချပေးမည်ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ် အခမဲ့ပေးကာ ဟန်းဆက်များကိုသာ ဦးစားပေး ရောင်းချသွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိရသည်။ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင် တန်ဖိုးနည်းဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။ “တကယ်သာ ထောင်ဂဏန်းလောက်နဲ့ဆိုရင် ကျွန်တော်တို့လည်း ဟန်းဆက်ဝယ်တဲ့သူကို ဆင်းကဒ် အလကားပေးတဲ့ ဈေးကွက် ဖော်ဆောင်သွားဖို့ ရှိတယ်။ ဟန်းဆက်ဆိုင် တော်တော်များများကလည်း ဒီလိုဈေးကွက် Promotion လုပ်ကြမှာဆိုတော့ ကျွန်တော်တို့လည်း လုပ်ဖြစ်မှာပါ” ဟု ဗိုလ်အောင်ကျော်လမ်းရှိ Mobile Bank ဟန်းဆက်အရောင်းဆိုင်မှ တာဝန်ခံကိုသော်ဇင်က ဆိုသည်။ ရန်ကုန်မြို့တွင်းရှိ ဟန်းဆက် အရောင်းဆိုင် အများစုမှာလည်း ကနဦး သတင်း ထွက်ပေါ်နေသည့်အတိုင်း ဆင်းကဒ်ဈေး ထောင်ဂဏန်းမျှသာ ရှိမည်ဆိုပါက ထိုသို့ အခမဲ့ပေးသွားရန် စီစဉ်ကြသော်လည်း အချို့သော ဆိုင်များမှာမူ ဈေးနှုန်းအတည်အကျ ထွက်ပေါ်မှသာ ဈေးကွက် အနေအထားအရ လုပ်ဆောင်သွားရန် စောင့်ကြည့်နေဆဲဟု သိရသည်။ “အချို့ဆိုင်တွေကတော့ ဆင်းကဒ် အခမဲ့ပေးဖို့ ပြင်ကြပေမယ့် ကျွန်တော်တို့ကတော့ လောလောဆယ် ဟန်းဆက်ဈေးနဲ့ ပစ္စည်းမှန်ဖြစ်ရေးကိုပဲ ဦးစားပေးနေတာပါ။ နောက်တော့ ဈေးကွက် အနေအထားအရတော့ ပိုင်ရှင်က အစီစဉ်သစ်တစ်ခုခု စီစဉ်သွားမယ် ထင်တယ်” ဟု New Moile ဟန်းဆက်အရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ဆိုသည်။ နိုင်ငံတော်မှ တန်ဖိုးနည်း ဖုန်းများကို ဧပြီ ၁ ရက်တွင် ရောင်းချပေးသွားမည်ဟု ဆိုသော်လည်း ပြင်ပဟန်းဆက် အရောင်းဆိုင်များမှ တိုက်ရိုက်ရယူ ရောင်းချခွင့်ရှိ မရှိကိုမူ မသိရှိရသေးကြောင်းလည်း Mobile အရောင်းဆိုင်များက ဆိုသည်။ ထိုသို့ အများပြည်သူ လက်လှမ်းမီနိုင်မည့် မမျှော်လင့်သော နှုန်းဖြင့် ဆင်းကဒ်များ ချထားပေးသွားမည်ဟု အတည်ပြု သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ဟန်းဆက် ကြိုတင်စုဆောင်းမှုများကြောင့် ဟန်းဆက်ဈေးကွက် အနည်းငယ် လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယခုထွက်ပေါ်မည့် ဖုန်းလိုင်းစနစ်မှာ တန်ဖိုးနည်းဆင်းကဒ်နှင့် သုံးစွဲ၍ မရမည်ကို စိုးရိမ်မှုများကြောင့် အခြေအနေ စောင့်ကြည့်နေခြင်းများလည်း ရှိသည်ဟု ဆင်းကဒ်ဝယ်ရန် စောင့်ဆိုင်းနေသူ တစ်ဦးက ပြောဆိုသည်။ “ဆင်းကတ်တွေ အလကားပေးမယ် ဆိုပေမယ့်လို့ ဟန်းဆက်ဈေးထဲမှာပဲ ဆင်းကဒ်တန်ဖိုး ထည့်ထားမယ်ဆိုရင်တော့ မဟုတ်သေးဘူး။ အရောင်းမြှင့်တင်ရေး သဘောနဲ့ သက်သက်ပေးတာ ဆိုရင်တော့ အဲဒီလိုပေးတဲ့ ဆိုင်မှာပဲ ဝယ်ဖြစ်မှာပါ” ဟု အဆိုပါပုဂ္ဂိုလ်က ၎င်း၏ ဆန္ဒအား ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ် 

http://www.facebook.com/ZinYawNews


နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင် ဂဏန်း မျှဖြင့်အမှန်တကယ် ဈေးလျှော့ချပေးမည်ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ်အခမဲ့ပေးကာ ဟန်းဆက်များကို သာဦးစားပေး ရောင်းချသွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိ ရသည်။ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင် တန်ဖိုးနည်းဖုန်းများ ချထားပေးရန်စီစဉ်နေကြောင်း တရားဝင် သတင်း ထုတ်ပြန် ထားသည်။ “တကယ်သာ ထောင်ဂဏန်းလောက်နဲ့ဆိုရင် ကျွန်တော်တို့လည်း ဟန်းဆက် ဝယ်တဲ့သူကို ဆင်းကဒ်အလကားပေးတဲ့ ဈေးကွက် ဖော်ဆောင်သွားဖို့ ရှိတယ်။ ဟန်းဆက် ဆိုင်တော်တော်များများကလည်း ဒီလိုဈေးကွက် Promotion လုပ်ကြမှာဆိုတော့ ကျွန်တော် တို့လည်းလုပ်ဖြစ်မှာပါ” ဟု ဗိုလ်အောင်ကျော်လမ်းရှိ Mobile Bank ဟန်းဆက်အရောင်းဆိုင်မှ တာဝန်ခံကိုသော်ဇင်ကဆိုသည်။ ရန်ကုန်မြို့တွင်းရှိ ဟန်းဆက်အရောင်းဆိုင် အများစုမှာလည်း ကနဦး သတင်းထွက်ပေါ်နေသည့်အတိုင်း ဆင်းကဒ်ဈေး ထောင်ဂဏန်းမျှသာ ရှိမည်ဆိုပါက ထိုသို့ အခမဲ့ပေးသွားရန်စီစဉ်ကြသော်လည်း အချို့သောဆိုင်များမှာမူ ဈေးနှုန်းအတည်အကျ ထွက်ပေါ် မှသာ ဈေးကွက် အနေအထားအရ လုပ်ဆောင်သွားရန် စောင့်ကြည့်နေဆဲဟု သိရသည်။ “အချို့ ဆိုင်တွေကတော့ ဆင်းကဒ်အခမဲ့ပေးဖို့ ပြင်ကြပေမယ့် ကျွန်တော်တို့ကတော့ လောလောဆယ် ဟန်းဆက်ဈေးနဲ့ပစ္စည်းမှန်ဖြစ်ရေးကိုပဲ ဦးစားပေးနေတာပါ။ နောက်တော့ ဈေးကွက် အနေအထား အရတော့ ပိုင်ရှင်က အစီစဉ်သစ်တစ်ခုခု စီစဉ်သွားမယ် ထင်တယ်” ဟု New Moile ဟန်းဆက် အရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ဆိုသည်။ နိုင်ငံတော်မှ တန်ဖိုးနည်း ဖုန်းများကို ဧပြီ ၁ ရက်တွင် ရောင်းချပေးသွားမည်ဟု ဆိုသော်လည်း ပြင်ပဟန်းဆက် အရောင်းဆိုင်များမှ တိုက်ရိုက် ရယူ ရောင်းချခွင့်ရှိ မရှိကိုမူ မသိရှိရသေးကြောင်းလည်း Mobile အရောင်းဆိုင်များက ဆိုသည်။ ထိုသို့ အများပြည်သူ လက်လှမ်းမီနိုင်မည့် မမျှော်လင့်သော နှုန်းဖြင့် ဆင်းကဒ်များ ချထားပေး သွားမည်ဟု အတည်ပြု သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ဟန်းဆက် ကြိုတင်စုဆောင်းမှုများကြောင့် ဟန်းဆက်ဈေးကွက် အနည်းငယ် လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယခုထွက်ပေါ် မည့် ဖုန်းလိုင်းစနစ်မှာ တန်ဖိုးနည်းဆင်းကဒ်နှင့် သုံးစွဲ၍ မရမည်ကို စိုးရိမ်မှုများကြောင့် အခြေ အနေ စောင့်ကြည့်နေခြင်းများလည်း ရှိသည်ဟု ဆင်းကဒ်ဝယ်ရန် စောင့်ဆိုင်းနေသူ တစ်ဦး က ပြောဆိုသည်။ “ဆင်းကတ်တွေ အလကားပေးမယ် ဆိုပေမယ့်လို့ ဟန်းဆက်ဈေးထဲမှာပဲ ဆင်းကဒ်တန်ဖိုး ထည့်ထားမယ်ဆိုရင်တော့ မဟုတ်သေးဘူး။ အရောင်းမြှင့်တင်ရေး သဘောနဲ့ သက်သက်ပေးတာ ဆိုရင်တော့ အဲဒီလိုပေးတဲ့ ဆိုင်မှာပဲ ဝယ်ဖြစ်မှာပါ” ဟု အဆိုပါပုဂ္ဂိုလ်က ၎င်း၏ ဆန္ဒအား ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်
ZinYawNews

No comments:

Post a Comment