Friday 29 March 2013

မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ပုလဲဈေး၊ ပေါက်ချောင်းဈေး စသောရပ်ကွက်ဈေးများ ပုံမှန်ဖွင့်လှစ်လျှက်ရှိ


မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီးနှင့် ပိတောက်မြိုင်ဈေး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ပုလဲဈေး ၊ ပေါက်ချောင်းဈေးနှင့် မြို့သစ်ဈေး စသောရပ်ကွက်ဈေးများ ပုံမှန်ပြန်လည် ဖွင့်လှစ်ရောင်းချလျက် ရှိ ။"ဈေး ဖွင့် ဖို့ ဆိုတာက ခုချိန်က လုံခြုံရေးကို ပိုဂရုစိုက်တဲ့ ကာလ ဖြစ်နေတယ်၊ လုံခြုံရေးတစ်ခုခု ကျိုးပေါက် တာနဲ့ လူတွေရဲ့အနေအထားမှာ ပိုပြီးတော့စိုးရိမ်စရာ ဖြစ်သွားမယ်၊ တာဝန်ရှိတဲ့လူတွေအနေနဲ့ အကုန် တွက်ချက်နေပါတယ်၊ ဒါကြောင့်မို့ဘယ်လိုကာလမှာ ဈေးဖွင့်မယ်ဆိုတာဆိုတာထက် လုံခြုံရေး ကို သေသေချာချာ ခိုင်ခိုင်မာမာဖြစ်အောင် အရင်လုပ်ပါအုံးမယ်" ဟု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က Eleven Media Group သို့ ပြောကြားခဲ့သည်။

"ဈေးကြီး မဖွင့်ပေမယ့် ဈေးရှေ့မှာ ခင်းရောင်းချတော့ ဈေးတအားမတက်ပါဘူး၊ နောက်ဟိုရက်က ကုန်သည်တွေကို ဈေးခဏဖွင့်ပေးပြီး ပစ္စည်းသယ်ခွင့်ပေးလို့ တစ်ချို့တွေလည်း အိမ်မှာအရောင်းအ၀ယ် ပြန်လုပ်နိုင်ပြီ၊ အဓိက ၀ယ်ကြတာတော့ စားသောက်ကုန်ပါပဲ၊ အခြေအနေ အေးဆေးသွားပြီး နောက်ပိုင်း ကျရင်တော့ အမြန်ဆုံး ပြန်ဖွင့်မယ် ထင်ပါတယ်” ဟု မိတ္ထီလာမြို့ခံ ကုန်သည်တစ်ဦးမှ ပြောပြသည်။
EMG

ZinYawNews

No comments:

Post a Comment