Monday 21 January 2013

ငြိမ်းချမ်းရေးအလံသယ်ဆောင်သူတို့စတင်ထွက်ခွာ

Photo: ငြိမ်းချမ်းရေးအလံသယ်ဆောင်သူတို့စတင်ထွက်ခွာ
Monday, January 21, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေး အလံ
သယ်ဆောင်သည့် လမ်းလျောက်အဖွဲ့ ယနေ့နံနက် ၇ နာရီ အချိန်တွင် ဆူးလေဘုရားမှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။ 

ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးမရရှိဘဲ ယနေ့ချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးအလံကို ကချင်ပြည်နယ် လိုင်ဇာမြို့အရောက် သယ်ယူရန် စိတ်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းလျောက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိမည်ဟု အတိအကျ မပြောရဲကြောင်း အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ 

"ကျွန်တော်လိုချင်တာကိုပြောရရင် ပြည်တွင်းစစ်ကြီးကို ရပ်စဲစေချင်တယ်၊ အဲကတစ်ဆင့် နိုင်ငံရေးအင်အားစုတွေရယ်၊ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး ပြည်ထောင်စု အကျိုးစီးပွားအတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေးတစ်ခု ဖော်ဆောင်သွားစေချင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ခုသွားတဲ့ ပုံစံ ဒါတွေရလာမှာလား ဆိုတော့ ကျွန်တော်တို့မပြောရဲဘူးဗျ"ဟု ဦးဆောင်သူ လူငယ်တစ်ဦးဖြစ်သူ ကိုရန်နိုင်မျိုး ကပြောကြားသည်။ 

ပထမစီစဉ်ခဲ့စဉ်က ဆယ်ဦးလမ်းလျောက်ရန် စီစဉ်ခဲ့သော်လည်း ယနေ့လမ်းလျောက်ရာတွင် သံဃာတော် ၁၂ ပါးမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ "ဒီစိတ်ဓာတ်ရှိတဲ့ လူငယ်တွေရှိနေတာကို ကျွန်တော် အလွန်အံ့သြဝမ်းသာဖြစ်လှပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် လက်နက်နဲ့ဖြေရှင်းတဲ့နည်းလမ်းဟာ လမ်းစဉ်ဟောင်းကြီး
ဖြစ်ပြီး အောင်မြင်တာမရှိဘူး၊ ကချင်ပြည်နယ်က ပြည်သူတွေ အအေးဒဏ်နဲ့ စစ်ပြေးနေရတာကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။''ဟု ဆိုသော ဆရာဒဂုံတာရာ၏ သဝဏ်လွှာကိုလည်း ဖတ်ကြားပြခဲ့ကြသည်။ 

ထို့နောက် လမ်းလျောက်အဖွဲ့မှ လူငယ်များက ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်ရာတွင် ပူပေါင်းပါဝင်ကြသူများကို ကြိုဆိုကြောင်း၊ တရာဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို မထိခိုက်စေဘဲ ပူးပေါင်းကြရန်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံကြောင်း
ပြောကြားသွားခဲ့သည်။ 

ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေး သဝန်လွှာမျာ ၊အလှူငွေများကိုလည်း ၄င်းတို့မှ တစ်ဆင့်ပေးအပ် လှူဒါန်းနိုင်ကြောင်းလည်း ပြောကြသည်။ မိုင်ရှစ်ရာကျော် ကွာဝေးသည့် ခရီးစဉ်တွင် အခက်အခဲ အမျိုးမျိုနှင့်
ကြုံတွေ့နိုင်ကြောင်း ခရီးစဉ်မှာ လေးဆယ့်ငါးရက်ခန့် ကြာမြင့်နိုင်ပြီး ခရီးစဉ်အောင်မြင်မှု ရမည်ဟု ယုံကြည်ကြောင်း၊ ထွက်ခွာသည့် လမ်းတလျောက်တွင် အာဏာပိုင်များက မေးမြန်းစုံစမ်းမှုများရှိကြောင်း၊ ခွင့်ပြုချက်တောင်းဆိုထားခြင်း မရှိသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်းလည်း သိရသည်။

ဝေယံ
The Myanma Age
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မိုင် ရှစ်ရာကျော် ဝေးကွားသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ရန်ကုန်မှ ငြိမ်းချမ်းရေးအလံ သယ်ဆောင်သည့် လမ်းလျောက်အဖွဲ့ ယနေ့နံနက် ၇ နာရီ အချိန်တွင် ဆူးလေဘုရားမှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးမရရှိဘဲ ယနေ့ချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေး ရရှိစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးအလံကို ကချင်ပြည်နယ် လိုင်ဇာမြို့အရောက် သယ်ယူရန် စိတ်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းလျောက်ခြင်းဖြင့် ငြိမ်းချမ်းရေးရရှိမည်ဟု အတိအကျမပြော ရဲကြောင်း အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

"ကျွန်တော်လိုချင်တာကိုပြောရရင် ပြည်တွင်းစစ်ကြီးကို ရပ်စဲစေချင်တယ်၊ အဲကတစ်ဆင့် နိုင်ငံရေး အင်အားစုတွေရယ်၊ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီး ပြည်ထောင်စု အကျိုးစီးပွားအတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေးတစ်ခု ဖော်ဆောင်သွားစေချင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ ခု သွားတဲ့ ပုံစံ ဒါတွေရလာမှာလား ဆိုတော့ ကျွန်တော်တို့မပြောရဲဘူးဗျ"ဟု ဦးဆောင်သူ လူငယ်တစ်ဦးဖြစ် သူ ကိုရန်နိုင်မျိုး ကပြောကြားသည်။

ပထမစီစဉ်ခဲ့စဉ်က ဆယ်ဦးလမ်းလျောက်ရန် စီစဉ်ခဲ့သော်လည်း ယနေ့လမ်းလျောက်ရာတွင် သံဃာတော် ၁၂ ပါးမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ "ဒီစိတ်ဓာတ်ရှိတဲ့ လူငယ်တွေရှိနေတာကို ကျွန်တော် အလွန်အံ့သြဝမ်းသာဖြစ်လှပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် လက်နက်နဲ့ဖြေရှင်းတဲ့နည်းလမ်းဟာ လမ်း စဉ်ဟောင်းကြီးဖြစ်ပြီး အောင်မြင်တာမရှိဘူး၊ ကချင်ပြည်နယ်က ပြည်သူတွေ အအေးဒဏ်နဲ့ စစ်ပြေးနေ ရတာကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။''ဟု ဆိုသော ဆရာဒဂုံတာရာ၏ သဝဏ်လွှာကိုလည်း ဖတ်ကြားပြခဲ့ကြသည်။

ထို့နောက် လမ်းလျောက်အဖွဲ့မှ လူငယ်များက ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်ရာ တွင် ပူပေါင်းပါဝင်ကြသူများကို ကြိုဆိုကြောင်း၊ တရာဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို မထိခိုက်စေဘဲ ပူးပေါင်းကြရန်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်းများ မပြုလုပ်ကြ ရန်လည်း မေတ္တာရပ်ခံကြောင်းပြောကြားသွားခဲ့သည်။

ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေး သဝန်လွှာမျာ ၊အလှူငွေများကိုလည်း ၄င်းတို့မှ တစ်ဆင့်ပေးအပ် လှူဒါန်းနိုင်ကြောင်းလည်း ပြောကြသည်။ မိုင်ရှစ်ရာကျော် ကွာဝေးသည့်ခရီးစဉ်တွင် အခက်အခဲအမျိုး မျိုနှင့်ကြုံတွေ့နိုင်ကြောင်း ခရီးစဉ်မှာ လေးဆယ့်ငါးရက်ခန့် ကြာမြင့်နိုင်ပြီး ခရီးစဉ်အောင်မြင်မှုရမည်ဟု ယုံကြည်ကြောင်း၊ ထွက်ခွာသည့်လမ်းတလျောက်တွင် အာဏာပိုင်များက မေးမြန်းစုံစမ်းမှုများ ရှိကြောင်း၊ ခွင့်ပြုချက်တောင်းဆိုထားခြင်းမရှိသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြောင်းကြားစာ များပေးပို့ထားကြောင်းလည်းသိရသည်။

ဝေယံ
The Myanma Age

No comments:

Post a Comment