Monday 21 January 2013

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် KIO လက်မခံ

Photo: ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ငြိမ်းချမ်းရေးကမ်းလှမ်းချက် KIO လက်မခံ
Monday, January 21, 2013

မြန်မာနိုင်ငံအစိုးရမှ အပစ်အခတ်ရပ်စဲရန်ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး (၁၉-၁-၂၀၁၃) ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီမှ KIO အား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အတွက် ကမ်းလှမ်းခဲ့ရာ KIA က လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရှိရသည်။ 

KIA မှ ပြန်ကြားသော အကြောင်းပြန်စာတွင် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများ ရပ်ဆိုင်းထားမည်ဟု အစိုးရမှ ကြေငြာ ထားသော်လည်း ဇန်န၀ါရီလ ၂၀ ရက်နေ့ထိ မြန်မာစစ်တပ်မှ ဆက်လက် တိုက်ခိုက်ဆဲ
ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့သာ သီးခြား တွေ့ဆုံဆွေးနွေးမှု
မပြုလုပ်ဘဲ UNFC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ဆွေးနွေးလျင် ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း
ပြန်ကြားခဲ့သည်။ 

အစိုးရမှ ထိုးစစ်များရပ်ဆိုင်းရန် ကြေငြာပြီး နောက်ပိုင်းတွင် အစိုးရတပ်နှင့် KIA ကြား အပြန်အလှန်စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် ဇန်န၀ါရီလ ၁၈ ရက်နေ့နောက်ပိုင်းတွင် အစိုးရတပ်အနေဖြင့် လေကြောင်းမှ တိုက်ခိုက်ခြင်းမရှိတော့ကြောင်း KIA အရာရှိ တစ်ဦးမှပြောကြားသည်။ 

အစိုးရမှ ထိုးစစ်ဆင်ရန်ကြေငြာပြီး နောက်တစ်နေ့ဇန်န၀ါရီလ ၁၉ ရက်
နေ့တွင် ကာမိုင်းရဲစခန်းအား KIA တပ်ဖွဲ့ဝင်အများအပြားမှ ၀င်ရောက်
စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အဆောက်အဦများ မီးရှို့ခံရကြောင်း ၎င်းနေ့မှာပင် လွယ်ဂျယ်မှ ဗန်းမော်သို့ ထွက်ခွာ
လာသော ခရီးသည်တင်ကား ၂ စီးအား KIA မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား (၁၇)ဦး ဒဏ်ရာရသွားကြောင်း နှင့် ၎င်းနေ့ ည (၈) နာရီ
ခန့်ကပင် ရှေ့တန်းမှ မန်စီမြို့သို့ ပြန်လည်ဝင်ရောက် လာသည့် 
စစ်ကြောင်းအား မန်စီမြို့အ၀င်တွင် KIA မှ မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့်
အစိုးရတပ်ဖွဲ့ဝင် (၃) ဦး ကျဆုံးခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအစိုးရမှ အပစ်အခတ်ရပ်စဲရန်ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး (၁၉-၁-၂၀၁၃) ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီမှ KIO အား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အတွက် ကမ်းလှမ်းခဲ့ရာ KIA က လက်မခံဘဲပယ်ချခဲ့ကြောင်း သိရှိရ သည်။

KIA မှ ပြန်ကြားသော အကြောင်းပြန်စာတွင် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများ ရပ်ဆိုင်းထားမည်ဟု အစိုးရမှ ကြေငြာ ထားသော်လည်း ဇန်န၀ါရီလ ၂၀ ရက်နေ့ထိ မြန်မာစစ်တပ်မှ ဆက်လက် တိုက်ခိုက်ဆဲ
ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့သာ သီးခြား တွေ့ဆုံဆွေးနွေးမှုမပြုလုပ်ဘဲ UNFC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီတို့ ဆွေးနွေးလျင် ပိုမိုသင့်လျော်မည်ဖြစ်ကြောင်းပြန်ကြားခဲ့သည်။

အစိုးရမှ ထိုးစစ်များရပ်ဆိုင်းရန် ကြေငြာပြီး နောက်ပိုင်းတွင် အစိုးရတပ်နှင့် KIA ကြား အပြန် အလှန်စွပ်စွဲ မှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် ဇန်န၀ါရီလ ၁၈ ရက်နေ့နောက်ပိုင်းတွင် အစိုးရတပ် အနေဖြင့် လေကြောင်းမှ တိုက်ခိုက်ခြင်းမရှိတော့ကြောင်း KIA အရာရှိ တစ်ဦးမှပြောကြားသည်။

အစိုးရမှ ထိုးစစ်ဆင်ရန်ကြေငြာပြီး နောက်တစ်နေ့ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ကာမိုင်းရဲစခန်းအား KIA တပ်ဖွဲ့ဝင်အများအပြားမှ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အဆောက်အဦ များ မီးရှို့ခံရကြောင်း ၎င်းနေ့မှာပင် လွယ်ဂျယ်မှ ဗန်းမော်သို့ ထွက်ခွာလာသော ခရီးသည်တင်ကား ၂ စီးအား KIA မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား (၁၇)ဦး ဒဏ်ရာရသွားကြောင်း နှင့် ၎င်းနေ့ ည (၈) နာရီခန့်ကပင် ရှေ့တန်းမှ မန်စီမြို့သို့ ပြန်လည်ဝင်ရောက် လာသည့် စစ်ကြောင်းအား မန်စီမြို့အ၀င်တွင် KIA မှ မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့်အစိုးရတပ်ဖွဲ့ဝင် (၃) ဦး ကျဆုံးခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

No comments:

Post a Comment