Monday 21 January 2013

ကံစမ်းမဲပေါက်သည်ဟုဆိုကာ ဘဏ်သို့ငွေလွှဲခိုင်းသည့် ငွေကြေးလိမ်လည်မှုများလာ

Photo: ကံစမ်းမဲပေါက်သည်ဟုဆိုကာ ဘဏ်သို့ငွေလွှဲခိုင်းသည့်
ငွေကြေးလိမ်လည်မှုများလာ
Monday, January 21, 2013

နေပြည်တော်ဇေယျသီရိမြို့နယ်ရှိ စည်ပင်ကြီးကျေးရွာတွင်နေထိုင်သူ
ဒေါ်တိုးတိုးလှိုင်အား ကံစမ်းမဲ သိန်းဆုပေါက်သည်ဟု ဆိုကာ အလှူငွေထည့်ရန်အတွက် ဘဏ်သို့ ကျပ် (၁၁) သိန်းခွဲအား လွှဲပို့ခိုင်း ပြီး လိမ်လည်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဒေါ်တိုးတိုးလှိုင်အား ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် ၁၀ နာရီတွင် ကြေးနန်းရုံးမှဟု နာမည်အလွဲသုံးကာ သိန်း (၂၂၅၀) ဆုပေါက်သည့်အတွက်  အလှူငွေထည့်ရန် ရန်ကုန်ရှိ ရိုးမဘဏ် သို့ငွေလွှဲခိုင်းပြီး လိမ်လည်သွားခြင်းဖြစ်သည်။

“ကျွန်မကို (၁၆) ရက်နေ့က ရန်ကုန်ကြေးနန်းရုံးကဆိုပြီး ဖုန်းဆက်တယ်။ ဖုန်းနံပါတ် ၄၉ အတွဲတွေကိုကံစမ်းမဲ ဖောက်တယ်။ ကျွန်မတို့ကိုကံစမ်းမဲ
ထဲက သိန်း ၂၂၅၀ ကံစမ်းမဲပေါက်တယ်လို့ ပြောတယ်။ ကျွန်မတို့ကို
အလှူငွေ ထည့်ရမယ်လို့ပြောတယ်။ ကျွန်မတို့ကလည်း အဲပေါက်တဲ့ငွေ
ထဲကထည့်လို့ရမလားပြောတော့ သတ်သတ်လွှဲပေးရမယ်လို့ပြောတယ်။” 
ဟု လိမ်လည်ခြင်းခံရသူ ဒေါ်တိုးတိုးလှိုင်က ပြောသည်။

ငွေကြေး အလိမ်ခံရသည့် သူမသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဈေးရှိ ရိုးမဘဏ်သို့ ငွေ (၇) သိန်းအား လွှဲပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် ကာယကံရှင်
မှာ ငွေလွှဲပေးပြီးနောက်မှ ကံစမ်းမဲငွေ မရရှိမှ အလိမ်ခံရမှန် သိကြောင်း ဆိုသည်။

“ကျွန်မကိုလွှဲရမယ့်သူရဲ့နံမည်က ဦးဝင်းသန်းထဋ်၊ မှတ်ပုံတင်နံပါတ်က ၁၄/မအပ(နိုင်)၂၇၁၃၅၉ ကို လွှဲပေးလိုက်တယ်။ ကျွန်မတို့ကလဲရှိတဲ့ ဟာလေး (၇)သိန်းခွဲလွှဲပေး လိုက်တယ်။ ကျန်တဲ့ဟာကို သူစိုက်ပေး
ထားမယ်လို့ပြောတယ်။ ကျွန်မကလည်းတကယ်ထင်ပြီးတော့
လွှဲပေး လိုက်တယ်။”ဟု ဒေါ်တိုးတိုးလှိုင်မှပြောသည်။

၎င်းငွေလိမ်လည်ခြင်းအား ရေဆင်း ရဲစခန်းသို့အကြောင်းကြား
ထားပြီး နောက်ထပ်ပိုက်ဆံ ကုန်မည်စိုးသည့်အတွက် အမှုဖွင့်ဆောင်ရွက်ထားခြင်း မရှိကြောင်း၎င်းက ဆိုသည်။

အထက်ပါလိမ်လည်မှုမျိုးအတွက် တရားရုံးတင်အမှုဖွင့်မည်ဆိုပါက 
ပုဒ်မ (၄၁၇)နှင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ ဒါမျိုးကိစ္စကို တရားရုံးတင်ပြီး အမှုဖွင့်မယ်ဆိုရင် ပုဒ်မ (၄၁၇) လိမ်လည်မှုနဲ့ ဖွင့်မှာပါ။ ကျွန်တော်တို့ဆီမှာ အရင်တုန်းကလည်း ဒီလိုမျိုး အမှုမဖြစ်ဖူးဘူး။” ဟု ရေဆင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း မိမိကိုယ်ကို ဗိုလ်မှူးအဆင့်ရှိ အရာရှိ
တစ်ဦးက ကံစမ်းမဲ ပေါက်သည့် အတွက် စာရွက်စာတမ်းကြေး
ပေးသွင်းရန် ကျပ်(၅)သိန်းတောင်းကာ ၄င်း၏ ဘဏ်အကောင့်ထဲသို့
ငွေသွင်းခိုင်းသည့် လိမ်လည်မှုမျိုး ဖြစ်ပွားခဲ့ဘူးကြောင်းကိုလည်း အင်တာနက် ဖေ့ဘွတ် စာမျက်နှာ များကတဆင့် သိရှိရသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroup
နေပြည်တော်ဇေယျသီရိမြို့နယ်ရှိ စည်ပင်ကြီးကျေးရွာတွင်နေထိုင် သူ  ဒေါ်တိုးတိုးလှိုင်အား ကံစမ်းမဲသိန်းဆုပေါက်သည်ဟုဆိုကာ အလှူငွေထည့်ရန်အတွက် ဘဏ်သို့ကျပ် (၁၁) သိန်းခွဲအား လွှဲပို့ ခိုင်းပြီး လိမ်လည်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဒေါ်တိုးတိုးလှိုင်အား ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် ၁၀ နာရီတွင် ကြေးနန်းရုံးမှဟု နာမည် အလွဲသုံးကာ သိန်း (၂၂၅၀) ဆုပေါက်သည့်အတွက် အလှူငွေထည့်ရန် ရန်ကုန်ရှိ ရိုးမဘဏ်သို့ငွေလွှဲ ခိုင်းပြီး လိမ်လည်သွားခြင်းဖြစ်သည်။

“ကျွန်မကို (၁၆) ရက်နေ့က ရန်ကုန်ကြေးနန်းရုံးကဆိုပြီး ဖုန်းဆက်တယ်။ ဖုန်းနံပါတ် ၄၉ အတွဲတွေကို ကံစမ်းမဲ ဖောက်တယ်။ ကျွန်မတို့ကိုကံစမ်းမဲထဲက သိန်း ၂၂၅၀ ကံစမ်းမဲပေါက်တယ်လို့ ပြောတယ်။ ကျွန်မ တို့ကိုအလှူငွေ ထည့်ရမယ်လို့ပြောတယ်။ ကျွန်မတို့ကလည်း အဲပေါက်တဲ့ငွေ ထဲကထည့်လို့ရမ လားပြောတော့ သတ်သတ်လွှဲပေးရမယ်လို့ပြောတယ်။” ဟု လိမ်လည်ခြင်းခံရ သူ ဒေါ်တိုးတိုးလှိုင် က ပြော သည်။

ငွေကြေး အလိမ်ခံရသည့် သူမသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဈေးရှိ ရိုးမဘဏ်သို့ ငွေ (၇) သိန်းအား လွှဲပို့ခဲ့ခြင်းဖြစ်သည်။ သို့သော် ကာယကံရှင်မှာ ငွေလွှဲပေးပြီးနောက်မှ ကံစမ်းမဲငွေမရရှိမှ အလိမ်ခံရမှန် သိကြောင်း ဆိုသည်။

“ကျွန်မကိုလွှဲရမယ့်သူရဲ့နံမည်က ဦးဝင်းသန်းထဋ်၊ မှတ်ပုံတင်နံပါတ်က ၁၄/မအပ(နိုင်)၂၇၁၃၅၉ ကို လွှဲပေးလိုက်တယ်။ ကျွန်မတို့ကလဲရှိတဲ့ ဟာလေး (၇)သိန်းခွဲလွှဲပေးလိုက်တယ်။ ကျန်တဲ့ဟာကို သူ စိုက်ပေးထားမယ်လို့ပြောတယ်။ ကျွန်မကလည်းတကယ်ထင်ပြီးတော့လွှဲပေး လိုက်တယ်။” ဟု ဒေါ် တိုးတိုးလှိုင်မှပြောသည်။

၎င်းငွေလိမ်လည်ခြင်းအား ရေဆင်းရဲစခန်းသို့အကြောင်းကြားထားပြီး နောက်ထပ်ပိုက်ဆံကုန်မည်စိုးသည့် အတွက် အမှုဖွင့်ဆောင်ရွက်ထားခြင်း မရှိကြောင်း၎င်းက ဆိုသည်။

အထက်ပါလိမ်လည်မှုမျိုးအတွက် တရားရုံးတင်အမှုဖွင့်မည်ဆိုပါက ပုဒ်မ (၄၁၇)နှင့် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရဲဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ ဒါမျိုးကိစ္စကို တရားရုံးတင်ပြီး အမှုဖွင့်မယ်ဆိုရင် ပုဒ်မ (၄၁၇) လိမ်လည်မှုနဲ့ ဖွင့်မှာပါ။ ကျွန်တော်တို့ဆီမှာ အရင်တုန်းကလည်း ဒီလိုမျိုး အမှုမဖြစ်ဖူးဘူး။” ဟု ရေဆင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း မိမိကိုယ်ကို ဗိုလ်မှူးအဆင့်ရှိ အရာရှိတစ်ဦးက ကံစမ်းမဲ ပေါက်သည့် အတွက် စာရွက်စာတမ်းကြေးပေးသွင်းရန် ကျပ်(၅)သိန်းတောင်းကာ ၄င်း၏ဘဏ်အကောင့်ထဲသို့ငွေ သွင်း ခိုင်းသည့် လိမ်လည်မှုမျိုး ဖြစ်ပွားခဲ့ဘူးကြောင်းကိုလည်း အင်တာနက် ဖေ့ဘွတ်စာမျက်နှာများက တဆင့် သိရှိရသည်။

  Myit Makha Mediagroup

No comments:

Post a Comment