အမေရိကန်ပြည်ထောင်စု နယူးမက္ကစီကိုပြည်နယ်တွင် အသက် ၁၅ နှစ် အရွယ် ယောက်ျားလေးတစ်ဦးက လူကြီး ၂ ဦးနှင့် ကလေး၃ ဦး အား သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမျိုးသားတစ်ဦး၊ အမျိုးသမီး ၂ ဦး၊ မိန်းကလေးငယ် ၂ ဦးနှင့်ယောက်ျားလေး ၁ ဦးတို့အား စနေနေ့ ည ပိုင်းက နယူးမက္ကစီကိုပြည်နယ် Albuquerque မြို့ရှိ နေအိမ်တစ်အိမ်တွင် သေနတ်ဒဏ်ရာများဖြင့်သေ ဆုံးနေသည်ကို တွေ့ခဲ့ရသည်။
သေဆုံးသူအားလုံးမှာ သေနတ်ဖြင့် အချက်ပေါင်းအများအပြားပစ်ခတ်ခံထားရသည်။
ပစ်ခတ်မှုဖြစ် ပွားရာ နေရာတွင် ချေမှုန်းရေးရိုင်ဖယ်အပါအဝင်လက်နက်အများအပြားကိုလည်း တွေ့ရှိရကြောင်း ရဲ တပ်ဖွဲ့ကပြောကြားသည်။ ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် ဆယ်ကျော်သက်အရွယ်ယောက်ျားလေးကို ဖမ်းဆီး ရမိခဲ့ပြီဖြစ်ပြီး ၎င်းအား လူသတ်မှုများဖြင့် စွဲချက်တင်ထားကြောင်း RT News တွင် ဖော်ပြသည်။
Planet Myanmar Network

အမျိုးသားတစ်ဦး၊ အမျိုးသမီး ၂ ဦး၊ မိန်းကလေးငယ် ၂ ဦးနှင့်ယောက်ျားလေး ၁ ဦးတို့အား စနေနေ့ ည ပိုင်းက နယူးမက္ကစီကိုပြည်နယ် Albuquerque မြို့ရှိ နေအိမ်တစ်အိမ်တွင် သေနတ်ဒဏ်ရာများဖြင့်သေ ဆုံးနေသည်ကို တွေ့ခဲ့ရသည်။
သေဆုံးသူအားလုံးမှာ သေနတ်ဖြင့် အချက်ပေါင်းအများအပြားပစ်ခတ်ခံထားရသည်။ ပစ်ခတ်မှုဖြစ် ပွားရာ နေရာတွင် ချေမှုန်းရေးရိုင်ဖယ်အပါအဝင်လက်နက်အများအပြားကိုလည်း တွေ့ရှိရကြောင်း ရဲ တပ်ဖွဲ့ကပြောကြားသည်။ ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် ဆယ်ကျော်သက်အရွယ်ယောက်ျားလေးကို ဖမ်းဆီး ရမိခဲ့ပြီဖြစ်ပြီး ၎င်းအား လူသတ်မှုများဖြင့် စွဲချက်တင်ထားကြောင်း RT News တွင် ဖော်ပြသည်။
Planet Myanmar Network
No comments:
Post a Comment