Wednesday 4 December 2013

မြန်မာ့တရားစီရင်ရေးစနစ်တွင် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုက ခိုင်မြဲစွာ အခြေကျနေပြီး နိုင်ငံရေးနှင့် ဆက်နွှယ်သော အမှုများတွင် အစိုးရနှင့် အာဏာပိုင်များက ၀င်ရောက် စွက်ဖက်နေဆဲ ဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ၏ အစီရင်ခံစာ၌ ဖော်ပြ

Photo: မြန်မာ့တရားစီရင်ရေးစနစ်တွင် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုက ခိုင်မြဲစွာ အခြေကျနေပြီး နိုင်ငံရေးနှင့် ဆက်နွှယ်သော အမှုများတွင် အစိုးရနှင့် အာဏာပိုင်များက ၀င်ရောက် စွက်ဖက်နေဆဲ ဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ၏ အစီရင်ခံစာ၌ ဖော်ပြ
Wednesday, December 4, 2013

မြန်မာ့ တရားစီရင်ရေးစနစ်၌ အဂတိလိုက်စားမှုနှင့် လာဘ်ပေး လာဘ်ယူမှုများက ခိုင်မြဲစွာ အခြေကျနေပြီး နိုင်ငံရေးနှင့် ဆက်နွှယ်သော အမှုများတွင် အစိုးရနှင့် အာဏာပိုင်များက ၀င်ရောက် စွက်ဖက်နေဆဲဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ၏ အစီရင်ခံစာ၌ ဖော်ပြ ရေးသားခဲ့သည်။  

ICJ ၏ အစီရင်ခံစာကို ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အစီရင်ခံစာနှင့် ပတ်သက်သော ရှင်းလင်းပွဲတစ်ရပ်ကို ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်ခဲ့ကာ ICJ ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆမ်ဇာရီဖီက တက်ရောက် ရှင်းလင်းခဲ့သည်။  

"အကြံပေးပိုင်ခွင့်- မြန်မာနိုင်ငံတွင် ဥပဒေအကျိုးဆောင် ရှေ့နေများ၏ လွတ်လပ်ခွင့်"(Right to Counsel: The Indepen-dence of Lawyers in Myanmar)ဟု အမည်ပေးထားသော ထိုအစီရင်ခံစာတွင်  မြန်မာ့တရားစီရင်ရေး စနစ်အတွင်း ကျင်လည်aနသော ရှေ့နေများ၏ အခြေအနေများ၊ တရားစီရင်ရေးစနစ် ယိုယွင်းမှုများနှင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသော တရားစီရင်ရေးစနစ် ဖြစ်ပေါ်စေရန် ICJ ၏ အကြံပြုချက်များ အစရှိသည်တို့ကို ထည့်သွင်း ဖော်ပြထားသည်။

ဥပဒေ အကျိုးဆောင်ရှေ့နေ ၆၀ နှင့် တွေ့ဆုံမေးမြန်းပြီး ရေးသားထားသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ နှစ်နှစ်တာ ကာလအတွင်း လွတ်လပ်မှုများ တိုးတက် ဖြစ်ပေါ်နေသော်လည်း ရှေ့နေများသည် ကန့်သတ် ချုပ်ချယ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည့်အပြင် နေရာတကာ၌ ပျံ့နှံ့နေသော အဂတိ လိုက်စားမှုများကိုလည်း ကြုံတွေ့နေရသည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံရေးနှင့် ဆက်နွှယ်နေသော ကိစ္စရပ်များတွင် မသေချာ၊ မရေရာမှုများနှင့် စိုးရိမ်မှုများကိုလည်း ကြုံတွေ့လာနိုင်ခြေရှိပြီး ပျံ့နှံ့လျှက်ရှိသည့် အဂတိ လိုက်စားမှုများကြောင့် ရှေ့နေတစ်ဦးချင်းစီ၏ ဘ၀ကို အဘက်ဘက်မှ ထိခိုက်စေနိုင်သည်ဟု ရေးသားထားသည်။

"တရားစီရင်ရေးစနစ်ထဲမှာ လာဘ်ပေး လာဘ်ယူမှုက ခိုင်မြဲစွာ အခြေကျနေတယ်။ အဲဒါကို အများစုက လက်ခံထားတယ်။ ဒီအချက်ကို အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ထောက်ပြထားတဲ့အတွက်  အံ့အားသင့်စရာ မရှိပါဘူး"ဟု ICJ ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆမ်ဇာရီဖီက ပြောကြားသည်။

အဂတိ လိုက်စားခြင်းသည် တရားဥပဒေစနစ်ကို အခြေပျက်စေသည်ဟု အများက လက်ခံထားသည့်အတွက် တရားဥပဒေ စိုးမိုးရေးကို ထိပါးယုတ်လျော့စေသည်ဟု ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်သော ICJ ၏ သတင်း ထုတ်ပြန်ချက်တွင်လည်း ဖော်ပြခဲ့သည်။

မြန်မာ့တရားစီရင်ရေးစနစ်၌ အဂတိ လိုက်စားမှု ခိုင်မာနေပြီး မည်မျှရာခိုင်နှုန်းအထိ ရှိသည်ဆိုခြင်းကို ပြောဆိုရန် အဆင်သင့် မဖြစ်သေးကြောင်းနှင့် ၎င်းတို့အနေဖြင့် ပြောဆိုရန် မသင့်တော်ကြောင်း မစ္စတာ ဆမ်ဇာရီဖီက The Daily Eleven သို့ ပြောကြားသည်။ "မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ဘယ်လောက်ရာခိုင်နှုန်းအထိ အကျင့်ပျက် ခြစားမှုတွေ ရှိနေသလဲဆိုတာကို ICJ အနေနဲ့ အတိအကျပြောဖို့ အဆင်သင့် မဖြစ်သေးသလို ပြောလို့လည်း မသင့်တော်ပါဘူး။ ဒါနဲ့ပတ်သက်တဲ့ အခြားအဖွဲ့အစည်းတွေ ရှိပါတယ်။ ဥပမာ နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့ဆိုရင် မြန်မာနိုင်ငံကို အကျင့်ပျက် ခြစားမှု အများဆုံးနိုင်ငံစာရင်းမှာ ထည့်ထားပါတယ်။ IMF တို့ World Bank တို့က စာရင်းတွေမှာလည်း အလားတူပါပဲ။ မြန်မာနိုင်ငံမှာ အကျင့်ပျက် ခြစားမှုနှုန်းက အရမ်းမြင့်မားပါတယ်။ တရားစီရင်ရေးစနစ်ရဲ့ အဆင့်ဆင့်မှာ လာဘ်ပေး လာဘ်ယူမှုတွေ၊ အဂတိ လိုက်စားမှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် အဂတိ လိုက်စားမှု ဆန့်ကျင်ရေး မူဝါဒရှိတဲ့ နိုင်ငံတွေက ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် မြှုပ်နှံတဲ့အချိန်မှာ အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်"ဟု မစ္စတာဆမ်ဇာရီဖီက ပြောကြားသည်။

ထို့အတူ ICJ ၏ အစီရင်ခံစာ ရေးသားရာ၌ ပါဝင်ကူညီခဲ့သူ တစ်ဦးဖြစ်ပြီး တရားစီရင်ရေး နယ်ပယ်အတွင်း အကျင့်ပျက်ခြစားမှုများ အကြောင်းကို တစ်နှစ်ကျော်ကြာ လေ့လာခဲ့သည့် အထက်တန်းရှေ့နေ ဒေါ်သန်းသန်းအေးကလည်း တရားစီရင်ရေး နယ်ပယ်တစ်ခုလုံး ယိုယွင်းနေပြီး အမှုတိုင်းတွင် လာဘ်ပေး လာဘ်ယူမှု ရှိနေကြောင်း The Daily Eleven သို့ ပြောကြားသည်။

"ရှေ့နေတိုင်း သိပါတယ်။ အမှုတိုင်း အားလုံးနီးပါးမှာတော့ Corruption မရှိရင်တောင် Bribery ရှိပါတယ်။ အဲဒါက ရဲရဲကြီး ပြောနိုင်ပါတယ်။ တရားရုံးကို စပြီးရောက်လာတာနဲ့ ရဲကတင်လိုက်တဲ့ အမှုပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာကိုယ် Direct Complaint နဲ့ ရောက်လာတာပဲ ဖြစ်ဖြစ်၊ Civil Case အနေနဲ့ ရောက်လာတာပဲဖြစ်ဖြစ်၊ တရားရုံးကို ရောက်လာတာနဲ့ လာဘ်ငွေပေးရမှုက စရှိတာပဲ။ ရာခိုင်နှုန်း ဘယ်လောက်လဲ ဆိုတာကတော့ Judiciary Institution တစ်ခုလုံးနဲ့ ပတ်သက်ပြီး အတိအကျပြောဖို့ ခက်ပါတယ်။ Judiciary Institution တစ်ခုလုံး ယိုယွင်းနေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ရာခိုင်နှုန်းအားဖြင့် ပြောရဖို့ တော်တော်ခက်ပါတယ်"ဟု ဒေါ်သန်းသန်းအေးက ပြောကြားသည်။

ICJ ၏ အစီရင်ခံစာတွင် ၎င်းတို့တွေ့ဆုံခဲ့သည့် ရှေ့နေတိုင်းက အချက်သုံးချက်ကို ယျေဘုယျအားဖြင့် သဘောတူညီခဲ့သည်ဟု ဆိုသည်။

ပထမအချက်မှာ နှစ်နှစ်တာကာလအတွင်း ရှေ့နေများ၏ လုပ်ငန်းပိုင်းဆိုင်ရာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ရပ်တည်ခွင့်မှာ တိုးတက်လာကြောင်းနှင့် ရှေ့နေလုပ်ငန်းများတွင် ခြိမ်းခြောက်ခံရမှု သိသိသာသာ လျော့နည်းလာသည်ဟု ပြောဆိုကြသည်။

ဒုတိယအချက်တွင်မူ "နိုင်ငံရေးဆက်စပ်သော အမှုများနှင့် ရာဇ၀တ်မှုများတွင် အစိုးရနှင့် လုံခြုံရေး အာဏာပိုင်များက ၀င်ရောက်စွက်ဖက်မှုကဲ့သို့ စိန်ခေါ်မှုများ ရှိနေသေးကြောင်း" ရှေ့နေများက သဘောတူညီ ခဲ့ကြသည်။

တတိယအချက်မှာမူ "အကျင့်ပျက်၊ လာဘ်ပေး လာဘ်ယူမှုများကလည်း ရှေ့နေတစ်ဦးချင်းစီ၏ စိတ်လွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ၏ တရားရေးစီရင်ရေး နယ်ပယ်အတွက် ထိခိုက်မှုရှိသည်"ဟု သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ICJ ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ရှေ့နေများအတွက် လွတ်လပ်သည့် ဘားကောင်စီမရှိခြင်း၊ ဥပဒေပညာ သင်ကြားရေး အားနည်းနေခြင်း၊ ရှေ့နေလိုင်စင်ကိစ္စ၌ မမှန်မကန် ဟန့်တား စွက်ဖက်ခြင်းများကဲ့သို့ ပြဿနာအမျိုးမျိုးကြောင့် ရှေ့နေများ၏ လွတ်လပ်ခွင့်ကို ထိခိုက်နေကြောင်း ဆိုသည်။

နိုင်ငံတကာ စံနှုန်းများဖြင့် ကိုက်ညီသော တရားစီရင်ရေးစနစ် ဖြစ်ပေါ်စေရန်အတွက် အကြံပြုချက်အချက် ၂၂ ချက်ကို ICJ က ဖော်ပြခဲ့ပြီး ထိုအချက်များမှာ အပိုင်းသုံးပိုင်း ရှိကြောင်း သိရသည်။

ICJ က ပြောဆိုခဲ့သည့် အကြံပြုချက် အပိုင်းသုံးပိုင်းမှာ (၁)မြန်မာနိုင်ငံတော် ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စု လွှတ်တော်တို့မှ ဘားကောင်စီ၏ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးကို အာမခံပေးရန်အတွက် ထိရောက်သည့် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန်၊ (၂) အဂတိ လိုက်စားမှု စွပ်စွဲချက်များကို ထိရောက်စွာဖြင့် ပြစ်မှုကြောင်းအရ စုံစမ်းစစ်ဆေးရန်အတွက် သီးခြားလွတ်လပ်သည့် လုပ်ထုံးလုပ်နည်း တစ်ရပ်ကို ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စု လွှတ်တော်တို့မှ ပြဋ္ဌာန်းပေးရန်၊ (၃) ဥပဒေပညာရေး အဆင့်မြှင့်တင်ရန်အတွက် ဥပဒေပညာရှင်များနှင့် တိုင်ပင်၍ ပညာရေးဝန်ကြီးဌာနမှ ဥပဒေသင်တန်းကျောင်း ၀င်ခွင့်သတ်မှတ်ချက် မြှင့်တင်ခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်းခြင်းနှင့် ကျောင်းသားများ၏ လုပ်ဆောင်ချက်များကို အကဲဖြတ်ခြင်းတို့ကို လုပ်ဆောင်ရန် အကြံပြုခဲ့သည်။ ထို့အပြင် မြန်မာ့တရားစီရင်ရေးစနစ် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီပြီး တိုးတက်မြင့်မားလာစေရန် ICJ ကအစိုးရအပြင် လွှတ်တော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ရှိသည်ဟုလည်း ပြောကြားသည်။  

Eleven Media Group

ဒီဇင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သော ICJ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် တွေ့ရသည့် ICJ ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆမ်ဇာရီဖီနှင့် အထက်တန်းရှေ့နေ ဒေါ်သန်းသန်းအေးတို့အား တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

မြန်မာ့ တရားစီရင်ရေးစနစ်၌ အဂတိလိုက်စားမှုနှင့် လာဘ်ပေး လာဘ်ယူမှုများက ခိုင်မြဲစွာ အခြေကျနေ ပြီး နိုင်ငံရေးနှင့် ဆက်နွှယ်သော အမှုများတွင် အစိုးရနှင့် အာဏာပိုင်များက ၀င်ရောက် စွက်ဖက်နေ ဆဲဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ၏ အစီရင်ခံစာ၌ ဖော်ပြ ရေး သားခဲ့သည်။  ICJ ၏ အစီရင်ခံစာကို ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အစီရင်ခံစာနှင့် ပတ်သက်သော ရှင်းလင်းပွဲတစ်ရပ်ကို ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်ခဲ့ကာ ICJ ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆမ်ဇာရီဖီက တက်ရောက် ရှင်းလင်းခဲ့သည်။

"အကြံပေးပိုင်ခွင့်- မြန်မာနိုင်ငံတွင် ဥပဒေအကျိုးဆောင် ရှေ့နေများ၏ လွတ်လပ်ခွင့်"(Right to Counsel: The Indepen-dence of Lawyers in Myanmar)ဟု အမည်ပေးထားသော ထိုအစီရင်ခံစာတွင်  မြန်မာ့ တရား စီရင်ရေး စနစ်အတွင်း ကျင်လည်aနသော ရှေ့နေများ၏ အခြေအနေများ၊ တရားစီရင်ရေးစနစ် ယိုယွင်းမှုများနှင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသော တရားစီရင်ရေးစနစ် ဖြစ်ပေါ်စေရန် ICJ ၏ အကြံပြုချက်များ အစရှိသည်တို့ကို ထည့်သွင်း ဖော်ပြထားသည်။

ဥပဒေ အကျိုးဆောင်ရှေ့နေ ၆၀ နှင့် တွေ့ဆုံမေးမြန်းပြီး ရေးသားထားသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ ၌ နှစ်နှစ်တာ ကာလအတွင်း လွတ်လပ်မှုများ တိုးတက် ဖြစ်ပေါ်နေသော်လည်း ရှေ့နေများသည် ကန့်သတ် ချုပ်ချယ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည့်အပြင် နေရာတကာ၌ ပျံ့နှံ့နေသော အဂတိ လိုက်စားမှုများကိုလည်း ကြုံတွေ့နေရသည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံရေးနှင့် ဆက်နွှယ်နေသော ကိစ္စရပ်များတွင် မသေချာ၊ မရေရာမှုများနှင့် စိုးရိမ်မှုများကိုလည်း ကြုံတွေ့လာနိုင်ခြေရှိပြီး ပျံ့နှံ့လျှက်ရှိသည့် အဂတိ လိုက်စားမှုများကြောင့် ရှေ့နေ တစ်ဦးချင်းစီ၏ ဘ၀ကို အဘက်ဘက်မှ ထိခိုက်စေနိုင်သည်ဟု ရေးသားထားသည်။

"တရားစီရင်ရေးစနစ်ထဲမှာ လာဘ်ပေး လာဘ်ယူမှုက ခိုင်မြဲစွာ အခြေကျနေတယ်။ အဲဒါကို အများစုက လက်ခံထားတယ်။ ဒီအချက်ကို အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ထောက်ပြထားတဲ့အတွက်  အံ့အားသင့်စရာ မရှိပါဘူး"ဟု ICJ ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆမ်ဇာရီဖီက ပြောကြားသည်။

အဂတိ လိုက်စားခြင်းသည် တရားဥပဒေစနစ်ကို အခြေပျက်စေသည်ဟု အများက လက်ခံထားသည့် အတွက် တရားဥပဒေ စိုးမိုးရေးကို ထိပါးယုတ်လျော့စေသည်ဟု ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်သော ICJ ၏ သတင်း ထုတ်ပြန်ချက်တွင်လည်း ဖော်ပြခဲ့သည်။

မြန်မာ့တရားစီရင်ရေးစနစ်၌ အဂတိ လိုက်စားမှု ခိုင်မာနေပြီး မည်မျှရာခိုင်နှုန်းအထိ ရှိသည်ဆိုခြင်းကို ပြော ဆိုရန် အဆင်သင့် မဖြစ်သေးကြောင်းနှင့် ၎င်းတို့အနေဖြင့် ပြောဆိုရန် မသင့်တော်ကြောင်း မစ္စတာ ဆမ်ဇာရီဖီက The Daily Eleven သို့ ပြောကြားသည်။ "မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ဘယ်လောက် ရာခိုင်နှုန်းအထိ အကျင့်ပျက် ခြစားမှုတွေ ရှိနေသလဲဆိုတာကို ICJ အနေနဲ့ အတိအကျပြောဖို့ အဆင်သင့် မဖြစ်သေးသလို ပြောလို့လည်း မသင့်တော်ပါဘူး။ ဒါနဲ့ပတ်သက်တဲ့ အခြားအဖွဲ့အစည်းတွေ ရှိပါတယ်။ ဥပမာ နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့ဆိုရင် မြန်မာနိုင်ငံကို အကျင့်ပျက် ခြစားမှု အများဆုံးနိုင်ငံစာရင်းမှာ ထည့်ထားပါတယ်။ IMF တို့ World Bank တို့က စာရင်းတွေမှာလည်း အလားတူပါပဲ။ မြန်မာနိုင်ငံမှာ အကျင့်ပျက် ခြစားမှုနှုန်းက အရမ်းမြင့်မားပါတယ်။ တရားစီရင်ရေးစနစ်ရဲ့ အဆင့်ဆင့်မှာ လာဘ်ပေး လာဘ်ယူမှုတွေ၊ အဂတိ လိုက်စားမှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် အဂတိ လိုက်စားမှု ဆန့်ကျင်ရေး မူဝါဒရှိတဲ့ နိုင်ငံတွေက ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် မြှုပ်နှံတဲ့အချိန်မှာ အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်"ဟု မစ္စတာဆမ်ဇာရီဖီ က ပြောကြားသည်။

ထို့အတူ ICJ ၏ အစီရင်ခံစာ ရေးသားရာ၌ ပါဝင်ကူညီခဲ့သူ တစ်ဦးဖြစ်ပြီး တရားစီရင်ရေး နယ်ပယ်အတွင်း အကျင့်ပျက်ခြစားမှုများ အကြောင်းကို တစ်နှစ်ကျော်ကြာ လေ့လာခဲ့သည့် အထက်တန်းရှေ့ နေ ဒေါ်သန်းသန်းအေး ကလည်း တရားစီရင်ရေး နယ်ပယ်တစ်ခုလုံး ယိုယွင်းနေပြီး အမှုတိုင်းတွင် လာဘ်ပေး လာဘ်ယူမှု ရှိနေကြောင်း The Daily Eleven သို့ ပြောကြားသည်။

"ရှေ့နေတိုင်း သိပါတယ်။ အမှုတိုင်း အားလုံးနီးပါးမှာတော့ Corruption မရှိရင်တောင် Bribery ရှိပါတယ်။ အဲဒါက ရဲရဲကြီး ပြောနိုင်ပါတယ်။ တရားရုံးကို စပြီးရောက်လာတာနဲ့ ရဲကတင်လိုက်တဲ့ အမှုပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာကိုယ် Direct Complaint နဲ့ ရောက်လာတာပဲ ဖြစ်ဖြစ်၊ Civil Case အနေနဲ့ ရောက်လာတာပဲဖြစ်ဖြစ်၊ တရားရုံးကို ရောက်လာတာနဲ့ လာဘ်ငွေပေးရမှုက စရှိတာပဲ။ ရာခိုင်နှုန်း ဘယ်လောက်လဲ ဆိုတာကတော့ Judiciary Institution တစ်ခုလုံးနဲ့ ပတ်သက်ပြီး အတိအကျပြောဖို့ ခက်ပါတယ်။ Judiciary Institution တစ်ခုလုံး ယိုယွင်းနေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ရာခိုင်နှုန်းအားဖြင့် ပြောရဖို့ တော်တော်ခက်ပါတယ်"ဟု ဒေါ်သန်းသန်းအေးက ပြောကြားသည်။

ICJ ၏ အစီရင်ခံစာတွင် ၎င်းတို့တွေ့ဆုံခဲ့သည့် ရှေ့နေတိုင်းက အချက်သုံးချက်ကို ယျေဘုယျအားဖြင့် သဘောတူညီခဲ့သည်ဟု ဆိုသည်။

ပထမအချက်မှာ နှစ်နှစ်တာကာလအတွင်း ရှေ့နေများ၏ လုပ်ငန်းပိုင်းဆိုင်ရာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ရပ်တည်ခွင့်မှာ တိုးတက်လာကြောင်းနှင့် ရှေ့နေလုပ်ငန်းများတွင် ခြိမ်းခြောက်ခံရမှု သိသိသာသာ လျော့နည်းလာသည်ဟု ပြောဆိုကြသည်။

ဒုတိယအချက်တွင်မူ "နိုင်ငံရေးဆက်စပ်သော အမှုများနှင့် ရာဇ၀တ်မှုများတွင် အစိုးရနှင့် လုံခြုံရေး အာဏာပိုင်များက ၀င်ရောက်စွက်ဖက်မှုကဲ့သို့ စိန်ခေါ်မှုများ ရှိနေသေးကြောင်း" ရှေ့နေများက သဘောတူညီ ခဲ့ကြသည်။

တတိယအချက်မှာမူ "အကျင့်ပျက်၊ လာဘ်ပေး လာဘ်ယူမှုများကလည်း ရှေ့နေတစ်ဦးချင်းစီ၏ စိတ်လွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ၏ တရားရေးစီရင်ရေး နယ်ပယ်အတွက် ထိခိုက်မှုရှိသည်"ဟု သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ICJ ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ရှေ့နေများအတွက် လွတ်လပ်သည့် ဘားကောင်စီမရှိခြင်း၊ ဥပဒေပညာ သင်ကြားရေး အားနည်းနေခြင်း၊ ရှေ့နေလိုင်စင်ကိစ္စ၌ မမှန်မကန် ဟန့်တား စွက်ဖက်ခြင်းများကဲ့သို့ ပြဿနာအမျိုးမျိုးကြောင့် ရှေ့နေများ၏ လွတ်လပ်ခွင့်ကို ထိခိုက်နေကြောင်း ဆိုသည်။

နိုင်ငံတကာ စံနှုန်းများဖြင့် ကိုက်ညီသော တရားစီရင်ရေးစနစ် ဖြစ်ပေါ်စေရန်အတွက် အကြံပြုချက်အချက် ၂၂ ချက်ကို ICJ က ဖော်ပြခဲ့ပြီး ထိုအချက်များမှာ အပိုင်းသုံးပိုင်း ရှိကြောင်း သိရသည်။

ICJ က ပြောဆိုခဲ့သည့် အကြံပြုချက် အပိုင်းသုံးပိုင်းမှာ (၁)မြန်မာနိုင်ငံတော် ပြည်ထောင် စု ရှေ့နေချုပ်နှင့် ပြည်ထောင်စု လွှတ်တော်တို့မှ ဘားကောင်စီ၏ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးကို အာမခံပေးရန်အတွက် ထိရောက်သည့် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန်၊ (၂) အဂတိ လိုက်စားမှု စွပ်စွဲချက်များကို ထိရောက်စွာဖြင့် ပြစ်မှုကြောင်းအရ စုံစမ်းစစ်ဆေးရန်အတွက် သီးခြားလွတ်လပ်သည့် လုပ်ထုံးလုပ်နည်း တစ်ရပ်ကို ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စု လွှတ်တော်တို့မှ ပြဋ္ဌာန်းပေးရန်၊ (၃) ဥပဒေပညာရေး အဆင့်မြှင့်တင်ရန်အတွက် ဥပဒေပညာရှင်များနှင့် တိုင်ပင်၍ ပညာရေးဝန်ကြီးဌာနမှ ဥပဒေသင်တန်းကျောင်း ၀င်ခွင့်သတ်မှတ်ချက် မြှင့်တင်ခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်းခြ င်းနှင့် ကျောင်းသားများ၏ လုပ်ဆောင်ချက်များကို အကဲဖြတ်ခြင်းတို့ကို လုပ်ဆောင်ရန် အကြံပြုခဲ့သည်။ ထို့အပြင် မြန်မာ့တရားစီရင်ရေးစနစ် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီပြီး တိုးတက်မြင့်မားလာစေရန် ICJ ကအစိုးရအပြင် လွှတ်တော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ရှိသည်ဟုလည်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment