Wednesday 4 December 2013

ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ကျင်းပခဲ့ဖူးခြင်း မရှိသော မြန်မာတို့ ရွှေတံဆိပ် ရနိုင်သည့် ရိုးရာခြင်းလုံး ပြိုင်ပွဲဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ယနေ့စတင်မည်

Photo: ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ကျင်းပခဲ့ဖူးခြင်း မရှိသော မြန်မာတို့ ရွှေတံဆိပ် ရနိုင်သည့် ရိုးရာခြင်းလုံး ပြိုင်ပွဲဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ယနေ့စတင်မည်
Wednesday, December 4, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ထည့်သွင်းကျင်းပ ခဲ့ဖူးခြင်း မရှိသော မြန်မာ တို့ ရွှေတံဆိပ် ရနိုင်သည့် ရိုးရာခြင်းလုံး ပြိုင်ပွဲဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက် (ယနေ့) တွင် စတင်ကျင်းပမည် ဖြစ်သည်။

၄၄ နှစ်အကြာတွင် အိမ်ရှင်အဖြစ် ပြန်လည်လက်ခံ ကျင်းပခွင့် ရခဲ့သော မြန်မာနိုင်ငံ အနေဖြင့် ဆီးဂိမ်းစ် အဖွင့် ပထမဆုံး နေ့မှာပင် ရိုးရာခြင်းလုံး အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရရှိရန် ရေပန်းစားလျက် ရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးသော ၁၉၆၁ ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၁၉၆၉ ဆီးဂိမ်းစ်ပြိုင်ပွဲ တို့တွင်ပင် ရိုးရာခြင်းလုံး အားကစားနည်းမှာ ပါဝင်ခြင်း မရှိခဲ့ဘဲ ယခု (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်တွင် ပထမဆုံး အကြိမ်အဖြစ် ထည့်သွင်းကျင်းပသည့် အားကစားနည်း တစ်ခု လည်း ဖြစ် သည်။

၁၉၆၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရခဲ့သည့် မြန်မာနိုင်ငံ အနေဖြင့် သမိုင်းတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမျှ ပါဝင်ခြင်း မရှိခဲ့ဖူးသော ရိုးရာခြင်းလုံး အားကစား နည်း မှ ရွှေတံဆိပ် ခြောက်ဆု ရရှိရန်လည်း မျှော်မှန်းထားသည်။

ထို့ပြင် မြန်မာတို့၏ ရိုးရာအားကစားနည်းဖြစ်သော ခြင်းလုံးအားကစားကို ထည့်သွင်း၍ အားသာချက် 
ရယူကာ ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အိမ်ရှင်အနေဖြင့် ပထမဆုံး ရွှေတံဆိပ်များကို ရယူရန် စီစဉ်ထားခြင်း ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ၏ တွဲဖက်အထွေထွေ အတွင်းရေး မှူးက ပြောကြားထားသည်။ ဆီးဂိမ်းစ် အဖွင့်ပွဲစဉ် နေ့များ၌ပင် မြန်မာအား ကစားအဖွဲ့များ အနေဖြင့် ရွှေ တံဆိပ် များ ရရှိပြီး နိုင်ငံအလိုက် ဆုရရှိမှု ဇယားတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်အောင် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နောက်ဆုံးကျင်းပခဲ့သော (၂၆) ကြိမ်မြောက် အင်ဒိုနီးရှား ဆီးဂိမ်းစ်ပြိုင်ပွဲ တွင် ရွှေတံဆိပ် ၁၆ ခုသာ ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် (၇) နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

သို့သော်လည်း ယခုကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်တွင်မူ အိမ်ရှင်အားသာချက်နှင့် အတူ နိုင်ငံ အလိုက် ရပ်တည်မှုတွင် အဆင့် (၁) မှ အဆင့် (၃) အတွင်း ရပ်တည်နိုင်ရန်နှင့် ရွှေတံဆိပ်ခုရေ ၁၀၀ ရရှိရန် မျှော်မှန်းထားကြောင်း အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြား ထားသည်။

၎င်းအပြင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို မြန်မာ့ ရိုးရာ ခြင်းလုံးအားကစားနည်းဖြင့် စတင်မည် ဖြစ်သည့်အပြင် ဆုတံဆိပ်များရရန် အလားအလာရှိသော ပိုက်ကျော်ခြင်း အားကစားနည်းမှာ ပြိုင်ပွဲပိတ်ပွဲတွင် ပြုလုပ်ရန် စီစဉ်ထားသည်ကို ပွဲစဉ်ဇယားများအရ သိရသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသည် ဒီဇင်ဘာ ၂၂ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။

Eleven Media Group

ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ထည့်သွင်းကျင်းပ ခဲ့ဖူးခြင်း မရှိသော မြန်မာ တို့ ရွှေတံဆိပ် ရနိုင်သည့် ရိုးရာခြင်းလုံး ပြိုင်ပွဲဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက် (ယနေ့) တွင် စတင်ကျင်းပမည် ဖြစ်သည်။၄၄ နှစ်အကြာတွင် အိမ်ရှင်အဖြစ် ပြန်လည်လက်ခံ ကျင်းပခွင့် ရခဲ့သော မြန်မာနိုင်ငံ အနေဖြင့် ဆီးဂိမ်းစ် အဖွင့် ပထမဆုံး နေ့မှာပင် ရိုးရာခြင်းလုံး အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရရှိရန် ရေပန်းစားလျက် ရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးသော ၁၉၆၁ ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၁၉၆၉ ဆီးဂိမ်းစ်ပြိုင်ပွဲ တို့တွင်ပင် ရိုးရာခြင်းလုံး အားကစားနည်းမှာ ပါဝင်ခြင်း မရှိခဲ့ဘဲ ယခု (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်တွင် ပထမဆုံး အကြိမ်အဖြစ် ထည့်သွင်းကျင်းပသည့် အားကစားနည်း တစ်ခု လည်း ဖြစ် သည်။

၁၉၆၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရခဲ့သည့် မြန်မာနိုင်ငံ အနေဖြင့် သမိုင်းတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမျှ ပါဝင်ခြင်း မရှိခဲ့ဖူးသော ရိုးရာခြင်းလုံး အားကစား နည်း မှ ရွှေတံဆိပ် ခြောက်ဆု ရရှိရန်လည်း မျှော်မှန်းထားသည်။

ထို့ပြင် မြန်မာတို့၏ ရိုးရာအားကစားနည်းဖြစ်သော ခြင်းလုံးအားကစားကို ထည့်သွင်း၍ အားသာချက် 

ရယူကာ ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အိမ်ရှင်အနေဖြင့် ပထမဆုံး ရွှေတံဆိပ်များကို ရယူရန် စီစဉ် ထားခြင်း ဖြစ်ကြောင်း ကိုလည်း မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ၏ တွဲဖက်အထွေထွေ အတွင်းရေး မှူးက ပြောကြား ထားသည်။ ဆီးဂိမ်းစ် အဖွင့်ပွဲစဉ် နေ့များ၌ပင် မြန်မာအား ကစားအဖွဲ့များ အနေဖြင့် ရွှေ တံဆိပ် များ ရရှိပြီး နိုင်ငံအလိုက် ဆုရရှိမှု ဇယားတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်အောင် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နောက်ဆုံးကျင်းပခဲ့သော (၂၆) ကြိမ်မြောက် အင်ဒိုနီးရှား ဆီးဂိမ်းစ်ပြိုင်ပွဲ တွင် ရွှေတံဆိပ် ၁၆ ခုသာ ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် (၇) နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

သို့သော်လည်း ယခုကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်တွင်မူ အိမ်ရှင်အားသာချက်နှင့် အတူ နိုင်ငံ အလိုက် ရပ်တည်မှုတွင် အဆင့် (၁) မှ အဆင့် (၃) အတွင်း ရပ်တည်နိုင်ရန်နှင့် ရွှေတံဆိပ်ခုရေ ၁၀၀ ရရှိရန် မျှော်မှန်းထားကြောင်း အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြား ထားသည်။

၎င်းအပြင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို မြန်မာ့ ရိုးရာ ခြင်းလုံးအားကစားနည်းဖြင့် စတင်မည် ဖြစ်သည့်အပြင် ဆုတံဆိပ်များရရန် အလားအလာရှိသော ပိုက်ကျော်ခြင်း အားကစားနည်းမှာ ပြိုင်ပွဲပိတ်ပွဲတွင် ပြုလုပ်ရန် စီစဉ်ထားသည်ကို ပွဲစဉ်ဇယားများအရ သိရသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသည် ဒီဇင်ဘာ ၂၂ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment