Wednesday 4 December 2013

အွန်လိုင်းပေါ်တွင် ပြန့်နေသည့်အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးကိစ္စ ရုပ်ရှင်လောကသားများ တုံ့ပြန်ပြီ

 

သတင်းကိုလူတိုင်းစိတ်ဝင်စားကြသည်။ သတင်းထူးသတင်းဦးဆိုပါက ပို၍ပင် စိတ်ဝင်တစားရှိတတ်ကြ သည်။ သတင်းဆိုသည်ကို တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ဖူး သော အဖြစ်အပျက်ဟုဖွင့်ဆိုထားရာ ယင်းကဲ့သို့တစ်ကြိမ်တစ်ခါမျှ မဖြစ်ပျက်ဖူး၊ မပေါ်ပေါက်ဖူးသော သတင်းမျိုးဆိုပါက ပို၍ပို၍ပင် စိတ်ဝင်စားကြမည်ကမလွဲ။

လတ်တလောတွင် ထိုကဲ့သို့သတင်းထူးသတင်းဦးများစွာအနက် သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ငလျင်တစ်ခုကဲ့သို့ လှုပ်ခတ်တုန်ခါသွားစေခဲ့သော သတင်းတစ်ခုပေါ်ပေါက်လာခဲ့သည်။ တကယ်တော့ ထိုသတင်း၏အသွင်ပိုထူးခြားစေခဲ့သည်က လျှို့ဝှက်အပ်သောအရပ်မှ ပေါက်ကြားခဲ့သော သတင်းဖြစ်နေသောကြောင့် ပင်။

”ဟိုးအစောပိုင်းကတော့ ကျွန်တော်တို့လည်း အစစ်ခံခဲ့ရဖူးတာပဲ။ အမှားက တော့ကင်းတဲ့သူ သိပ်မရှိပါဘူး။ ဒီဟာမကောင်းဘူးဆိုတာ သိလို့ လမ်းမှန်လျှောက် နေတဲ့ သူတွေ အများကြီးပါ။ တရားဥပဒေကိစ္စကတော့ ကျွန်တော် သိပ်နားမလည်ဘူး။ ဒီဟာက စစ်ဆေးတဲ့ဟာ အပြင်ထွက်လာတယ်ဆိုတာက မဖြစ်သင့်ဘူးလေ။ အပြင် ထွက်လာတော့ ရှုပ်ကုန်တာပေါ့။ မဟုတ်ဘဲ အစွပ်စွဲခံရသူတွေက ငြင်းတာအကြောင်း မဟုတ်ပေမယ့် ဟုတ်နေတဲ့သူတွေ ငြင်းတာကတော့ ပြဿနာပေါ့။ ဘာပဲဖြစ်ဖြစ် လျှို့ဝှက်အပ်တဲ့ မပေါက်ကြားသင့်တဲ့ အရာကတော့ အခုလိုပေါက်ကြားတာ လုံးဝ မသင့်လျော်ဘူး။ အမှားကို ဆက်လုပ်နေတဲ့သူတွေအတွက် ကတော့ သတိပေးလိုက်တဲ့ သဘောတော့ ရှိနိုင်ပေမယ့် အရင်က မှားခဲ့တဲ့အမှားကိုသိပြီး အမှန်ကိုလျှောက်နေ တဲ့သူတွေ ခြေလှမ်းတုံ့ဆိုင်းသွားနိုင်တယ်”ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ အဖြစ် လူမှုရေးကိစ္စများကို ကိုယ်အား စိတ်အား ထက်သန်စွာဆောင်ရွက်နေသူ ဦးကျော်သူက ယခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့်အနုပညာရှင် များနှင့် မူးယစ်ဆေးဝါးကိစ္စ အပေါ် သူ၏အမြင်ကို ထုတ်ဖော်ပြောဆိုပါသည်။

အဆိုပါ အနုပညာရှင်များ မူးယစ်ဆေးဝါးသုံးစွဲသည်ဆိုခြင်းနှင့် သုံးစွဲသူတို့၏ အမည်စာရင်းပါ ရဲစစ်ဆေးချက်၌ မူးယစ်ဆေးဝါးသုံးစွဲသူ အဆိုတော်သုံးဦး အမည် စာရင်းတွင် ပါဝင်နေသည့် သားဖြစ်သူ၏ကိုယ်စားသာမက ရုပ်ရှင်လောကတစ်ခုလုံး ကိုယ်စား ပြောကြားသူ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းက ”ကျွန်တော်ပြောမယ်ဆိုရင် မင်းမော်ကွန်းဖခင်ဖြစ်တဲ့ ဇင်ဝိုင်းအနေထက် ရုပ်ရှင် လောကသားတစ်ဦးအနေနဲ့ လောကတစ်ခုလုံး ကိုယ်စားပြောချင်တယ်။ ကျွန်တော် တို့ သိသလောက် ဒီစစ်ဆေးချက်က ၂ဝဝ၈ ခုနှစ်က ဖြစ်တယ်။ အဲဒီကာလတုန်းက ဒီနှစ်ယောက်တည်း ခေါ်ယူစစ်ဆေးတာ မဟုတ်ပါဘူး။ အနုပညာရှင် တော်တော်များ များကို ခေါ်ယူစစ်ဆေးတာ ကျွန်တော့်သား အပါအဝင်ပါပဲ။ ခေါ်ယူစစ်ဆေးပြီး စစ် ဆေးချက်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ မှတ်တမ်းတင်ချက်၊ စစ်ဆေးချက်တွေ ဆိုတာ ရုံးလုပ်ထုံးလုပ်နည်းအရဖြစ်စေ၊ လူမှုရေးအရပဲဖြစ်စေ လျှို့ ဝှက်ထားရမယ့် ကိစ္စပဲဖြစ်ပါတယ်။ အခု ဒီကိစ္စပေါက်ကြားလာတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိပါ သလဲမေးချင်ပါတယ်။ ဒီလူမှုကွန်ရက် Facebook ပေါ် တက်လာတာနဲ့ သတင်းကို ပုဂ္ဂလိကစာနယ်ဇင်းတွေက ဖော်ပြတာရှိတယ်။ အတည်ပြုချက်ရယူပြီးမှ ဖော်ပြတာ လား ဆိုတာ ကျွန်တော်မသိပါ။ ကျွန်တော့်နာမည်နဲ့ ပြည့်တန်ဆာခန်း ထောင်ထားသူ ဇင်ဝိုင်းလို့ စာတစ်ကြောင်းကိုFacebook ပေါ်မှာ တက်လာရင် ပေါ်ပြူလာကတင်လာ မယ်ဆိုပါတော့ ကျွန်တော့်ကို အတည်ပြုမေးရပါမယ်။ အဲဒါက အတည်ပြုချက်မပါဘဲ ပါလာရင် လုပ်လို့ မရပါဘူး။ ကျင့်ဝတ်အပိုင်း ပါသွားပြီ။ ဒါကိုတော့ ထားလိုက်ပါ။   ခေတ်စနစ်တစ်ခုကို ပြောင်းလဲနေတဲ့ကာလမှာ အားလုံးက နေသားတကျ မှားယွင်းမှု ကို နားလည်ပါတယ်။ 

အခု အနုပညာရှင်တွေနဲ့ပတ်သက်တဲ့ နာမည်စာရင်းတွေက အနုပညာသည်တွေ မကပါဘူး။ မူးယစ်ဆေး ဝါးအန္တရာယ်ဟာ ကျွန်တော်တို့နိုင်ငံ တော်အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုပါပဲ။ လူငယ်တွေကြား မှာ သူတို့ ပတ် ဝန်းကျင်က စာအုပ်ကောင်းတစ်အုပ် ဘဝတက်လမ်းအတွက် အကျိုးပြုစေတဲ့ အချက်များရှိနေတာထက် မူးယစ်ဆေးဝါး အရက်၊ ဘိန်းဖြူ၊ ဘိန်းမည်း၊ နံပါတ် ၄၊ ရာမ အစုံ အစုံ လက်လှမ်းတမီမှာ ရှိနေပါတယ်။ သိပ်ကြောက်စရာကောင်းပါတယ်။ အများအမြင်မှာ ဒီကလေးတွေ ဒီလူစာရင်းတွေဟာ တရားခံလို့ မြင်ကြပေမယ့် ကျွန် တော် ကတော့ ခေတ်ဆိုးစနစ်ဆိုးရဲ့ သားကောင်လို့ပဲမြင်တယ်။ အနုပညာလောက ရယ်မှမဟုတ်ပါဘူး။ မင်းမော်ကွန်းအတွက် ပြောခြင်းလည်း မဟုတ်ပါဘူး။ ကျွန်တော် တို့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ထုတွေကို အမြန်ဆုံးမူးယစ်ကျွန်ဘဝမှ အမြန်ဆုံး ကယ်တင်ပေးကြပါ။ နိုင်ငံသားတစ်ဦးဖြစ်တဲ့ ဇင်ဝိုင်းအနေနဲ့ တောင်းဆိုတာပါ။ မူးယစ် ရာဇာတွေက လူကုံထံရပ်ကွက်ထဲမှာ နန်းတော်တမျှ ကြီးကျယ်ခမ်းနားတဲ့တိုက် ကြီးတွေနဲ့ နောက်ဆုံးပေါ်ကား ၁၄ စီး ၁၅ စီးနဲ့ တဝီးဝီးစီးနေကြတဲ့ မျက်လုံးမည်း မည်း အသား နီစပ်စပ်ပုဂ္ဂိုလ်တွေက ဘိန်းဖြူဘိန်းမည်းက အစရောင်းတာကို ပဲပြုတ်သည် သာမက ဆိုက်ကားသမားပါသိပါတယ်။ သက်ဆိုင်ရာတာဝန် ရှိသူများက မသိကြ တာ၊ မတွေ့ ကြတာ၊ သတင်းမရကြတာကတော့ အလွန်အံ့သြဖို့ ကောင်းပါတယ်”

၂ဝဝ၈ခုနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဖြန့်ဝေမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ် ဆေးခဲ့မှု ရဲမှတ်တမ်းတစ်ခု ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် လက်ရှိနာမည်ရ အနုပညာရှင်များစွာ ပါဝင်နေခြင်းက သတင်း၏တန်ဖိုးကို ပိုမြင့်မားစေခဲ့ခြင်းဖြစ်သည်။ အများပြည်သူ သိရန်ခဲယဉ်းသော အရေးယူစစ်ဆေးမှုမှတ်တမ်းတစ်ခု ပေါက်ကြား ခဲ့ခြင်းဖြစ်၍ လူထုစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်လာ သကဲ့သို့ ဝေဖန်ကန့်ကွက်မှုများလည်း ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။  အဓိကထောက်ပြကြသည်က လူ့အခွင့် အရေး နှင့် ဂုဏ်သိက္ခာ။

ထိုသတင်းကို ဖေ့စ်ဘွတ်တွင် ထုတ်ဖော်တင်ခဲ့သူကတော့ ယခင် ကာလ ဥပဒေစီရင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတွင် အာဏာလွှမ်းခဲ့သည့်အတွက် အရေးယူမှုများ   ပေါ့လျော့ဖုံးဖိခဲ့သည်ကို သိရှိရန်ဟု ဆိုခဲ့သည်။ သို့သော် လတ်တ လောရပ်တည်နေကြသူများ၏ ဂုဏ်သိက္ခာအတွက် ခုတ်ရာတခြား ရှရာတခြား ဖြစ်ခဲ့ သည်ဟု ဝေဖန်မှု များက ပို၍ညံလာခဲ့သည်။ ယင်းတို့အနက် သရုပ်ဆောင်လူမင်းက ထိုသတင်းပေါ်ပေါက်ပြီး မရှေးမနှောင်းတွင်ပင် ၄င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှနေ၍ ငြင်းဆို ကန့်ကွက်ေ ကြာင်းတင်ခဲ့ပြီး စိုးမြတ်သူဇာကလည်း ၄င်း၏သဘောထားကို တင်ခဲ့သည်။ သို့အတွက် အကယ်ဒမီစိုးမြတ်သူဇာနှင့် ဒါရိုက်တာမိုက်တီးတို့၏ ဖေ့စ် ဘွတ်တွင် ဖော်ပြချ က်သဘောထားနှင့်တကွ အနုပညာလောကမှ သဘောထားများကို ဆက်သွယ်မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။

လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးဖို့ပြည်ထဲရေးဝန်ကြီးဌာနကို စာတင်ဖို့ လုပ်ဆောင်နေပါတယ်…
လူမင်း(ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)
”အခု ကျွန်တော်တို့ ထုတ်ပြန်ချက် တစ်ခုကို ထုတ်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ပေးဖို့ ပြည်ထဲရေးဝန်ကြီး ဌာနကို စာတင်ဖို့ လုပ်ဆောင်နေ ပါ တယ်။ ကျွန်တော် အရင်အင်တာဗျူး မှာ ဖြေခဲ့တာကို အဓိပ္ပာယ်ကောက်လွဲ မှားခဲ့ကြပါတယ်။ ကျွန်တော် ဖြေတာ ဒီ ထဲက စာရင်းပါတဲ့ လူတွေကို ခေါ်ေ တွ့ တာမဟုတ်ပါဘူး။ ခေါ်တွေ့စရာ အ ကြောင်းလည်း မရှိပါဘူး။ ကျွန်တော် ဆိုလိုတာက ဒီ Facebook ထဲက ပါ တဲ့အကြောင်းအရာသည် မှန်ခြင်း မမှန် ခြင်းကို
စုံစမ်းသွားမှာပါ။ ဒါကို ပြောတာ ပါ”
အထူးလျှို့ဝှက်ဆိုတဲ့ ဖိုင်တွေတောင် ပေါက်ကြားကုန်မှတော့ …
ဇာဂနာ(ဦးသူရ)
”အခုFacebook စာမျက်နှာ တွေပေါ်မှာ မူးယစ်စစ်ကြောရေးစခန်း က စစ်ချက်နဲ့ ထွက်ချက်တွေ ပေါ်ထွက် လာတာတွေ့ရပါတယ်။ ဘရက်ဒ်လေ မန်းနင်း တောင်အဲ ဒီလောက် မစွမ်းသ လို ဝီကီလိခ်လည်း အဲသလို မတတ်နိုင် ခဲ့ပါဘူး။ ဖြစ်ရပ်ကတော့ အထူးလျှို့ ဝှက်ဖို့ ခေါင်းစဉ်တပ်ထားတဲ့ စစ်ကြော ထွက်ဆိုချက်တွေ ပေါက်ကြား တာပါ။ ကာယကံရှင်တွေ နစ်နာတာထက် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စီမံမှုညံ့ ဖျင်းတာက ပိုဆိုးတာပါ။ အခုလဝက ဝန်ကြီးဟာ အဲဒီတုန်းက ရဲချုပ်ပါ။ တာဝန်အရှိဆုံး ပါ။
ဖြေရှင်းပေးသင့်ပါတယ်။ အထူး လျှို့ဝှက်ဆိုတဲ့ ဖိုင်တွေတောင် ပေါက် ကြားကုန်မှတော့ လဝကက ကောက်ယူ မယ့်သန်းခေါင်စာရင်းထဲက အချက် ပေါင်း ၄၂ ချက် မပေါက်ကြား စေရပါ ဘူးလို့ အာမခံထားတာ ကျွန်တော်တို့ လုံးဝ မယုံကြည်နိုင်တော့ပါဘူး။ နိုင်ငံသားတိုင်းရဲ့ လုံခြုံမှုအတွက် ပြည်သူ့ရဲ မှာ တာဝန်အရှိဆုံးပါ။ ဖိုင်လေး တစ်ဖိုင် နှစ်ဖိုင်တောင် မထိန်းသိမ်းနိုင်ဘဲနဲ့ အ မျိုးသားထောက်လှမ်းရေးဖွဲ့ဖို့ လွှတ် တော်မှာ တင်နေတာမျိုးကတော့ ဖင် မနိုင်ဘဲ မန်ကျည်းဖျော်ရည် သောက် ချင်နေသ လိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရော၊ မင်းကိုနိုင်ရော၊ အစစ်ခံ ကြတာပဲ။ နောက်လျှို့ဝှက်ချက်တွေကို ဘယ်လိုလျှို့ဝှက်ကြမှာလဲ ပြောစရာဖြစ် လာတယ်။ လုပ္တဲ့လူကိုေ တာ့ မသိဘူး။ ဒါက ရဲဌာနက မပေါက်ကြားရင် ဘယ် ကပေါက်ကြားမှာလဲ။ ရဲမှာပဲ ရှိတာလေ။ စိုးမြတ်သူဇာဘက်က ကြည့်ရင်လည်း စိတ်ထိခိုက်တယ်။ သနားလည်း သ နား သွားတယ်။ သူတစ်ယောက်တည်း မဟုတ်ဘူး။ ကျန်တဲ့ နဝရတ်တို့ အခြား လူတွေနဲ့လည်း သူတို့ခင်မင်မှုတွေအထိ အခိုက်ဖြစ်နိုင်တယ်။ ဒါကို မစဉ်းစား ကြဘူး။ လူ့အခွင့်အရေးဆို တာရှိတယ် လေ”
လူမှုရေးအရပဲ ကြည့်ကြည့်  ဥပဒေအရပဲကြည့်ကြည့် ဒါမျိုးက ဒီလို ဖေ့စ်ဘွတ်မတင်ဘဲ ဥပဒေအရပဲ ဖြေရှင်းရမယ့်ကိစ္စ …
ဦးအောင်စိုးဦး (တရားလွှတ်တော် ရှေ့နေ)
”အဲ့ဒီဖော်ပြချက်က အစိုးရဌာန တစ်ခုရဲ့ တာဝန်ရှိတဲ့ အရေးကြီးသော အစိုးရဌာနရဲ့ ဆောင်ရွက်ချက်ဖြစ် တယ်။ လျှိုဝှက်ချက်တွေပေါ့။ အဲ့ဒီတော့ အပြင်ကို ပေါက်ကြား တယ်ဆိုရင် ဒါက တာဝန်ရှိတယ်။ နောက်ဒါက လွယ်လွယ် ကူကူယူလို့လည်းမရဘူး။ နောက်တစ်ခု က ဒါဟာ တရားဝင်သလားလို့ မေးရမယ်။ ရဲထွက်ချက်က တရားမဝင် ဘူး။ မှန်ခြင်း မမှန်ခြင်းကို ပြောတာ မဟုတ်ဘူး။ သူ့ရဲ့ မှန်ခြင်း မမှန်ခြင်း မဟုတ်ဘူး။ ရဲရှေ့မှာ ထွက်တဲ့စစ်ချက်က အသုံးမဝင်ဘူး။
 နောက်တစ်ချက်က ၂ဝဝ၈ ခုနှစ် မှာ ဖြစ်တဲ့ကိစ္စ။ အဲ့ဒီအတွက် သက်ဆိုင် ရာက အရေးယူသင့်တဲ့ လူတွေလည်း ယူပြီးပြီလို့ ယူဆရတယ်။ ဒါခု ကိစ္စ မဟုတ်ဘူး။ အဲ့ဒီတော့ ခုမှ ဖော်ပြခြင်း က နံပါတ် ၁ သက်ဆိုင်ရာ တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းတယ်။ နံပါတ် ၂ က ကာယကံရှင်တွေရဲ့ဂုဏ်သိက္ခာ ကျဆင်း တယ်။ နောက် ဖေ့စ်ဘွတ် မှာတင်တဲ့သူက တကယ်တမ်း ပြောရမယ်ဆို မတင်သင့် ဘူးပေါ့။ လူမှုရေးအရပဲ ကြည့်ကြည့် ဥပဒေအရပဲကြည့်ကြည့် ဒါမျိုးက ဒီလို ဖေ့စ်ဘွတ်မတင်ဘဲ ဥပဒေအရ ပဲဖြေရှင်း ရမယ့်ကိစ္စ၊ ဒီလိုလုပ်ခြင်းက အဲ့ဒီလိုတင် တဲ့သူမှာလည်း တာဝန်ရှိတယ်။ တင်တဲ့ သူက အကြောင်းမဟုတ်ဘူး။ ကျန်တဲ့ သူတွေက အဲ့ဒါကို Share မလုပ်ဖို့လို တယ်။ Share လုပ်တဲ့သူတွေကလည်း အားပေးတဲ့အထဲမှာ ပါသွားပြီ။ အတွင်း စည်းပေါက်လို့ဖြစ်တာ။ အတွင်းစည်း မပေါက်အောင် ထိန်းရမှာ အဲဒီဌာနရဲ့ တာဝန်ပဲ။”
မိုက်တီး (ဒါရိုက်တာ)
”တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်မှာ ကြုံတွေ့နေကျ လှည့်ကွက် ဆန်းတစ်ခုပါပဲ။ ပြည်သူ့ဘက်တော် သားတွေနဲ့ ဗိုလ်ချုပ်သားတွေရဲ့ ကြား ဖြစ်လက်စ အမုန်း အတေးတစ်ခုကို အောင်မြင်ကျော်ကြား အနုပညာရှင်များ ရဲ့ ပရိသတ်တွေပါ ရောထွေးပြီး ပဋိပက္ခ ကို ကြီးသထက်ကြီးအောင် ဇာတ်ရှိန် တင်လိုက်တာပါ။ ဝုန်းခနဲ ဒိုင်းခနဲ တစ် မဟုတ်ချင်း ပျံ့နှံ့ပေါက်ကွဲသွားလောက် အောင် ကတော့ ဗေထိဆိုတာနဲ့ ဝိုင်းအုံ တတ်ကြတဲ့ လူသားတို့အကြိုက်အပုပ်နံ့ မိုက်မိုက်လေးပါ အပေါ်ကရိုက်ပေးလိုက် မှတော့ ပြီးပြီပေါ့။ ပထမဦးဆုံး အနု ပညာ ညီအစ်ကိုမောင်နှမ အချင်းချင်း စိတ်ဝမ်းကွဲ၊ ပြီးတာနဲ့ ပရိသတ် ပြည်သူ နှစ်ခြမ်းကွဲ၊ ဒီကြားထဲမှာ မူးယစ်မှုလေး ပါ စနက်တံနှ စ်ချောင်းလောက် လက် တွေ့ရှို့လိုက်လို့ကတော့ မီဒီယာတွေ မှာလည်း သတင်းတွေပါ။ နောက်ဆုံး လည်းကျရော ဗိုလ်ချုပ်နှင့် သား အပေါင်းပါများနဲ့ပါ ၅ သင်းပတ်လည် တိုက်ပွဲတွေလည်း နွှဲကြရော လိုရင်းကို လည်းရောက်ရောပေါ့။ အောင်မြင်ချက် ကတော့ လန်ထွက်တယ်ဗျာ။ တစ်ချက် လေးခုတ်ရုံနဲ့တင် နုတ်နုတ်စဉ်းပြီးသား ဖြစ်တာ မတန်ဘူးလားဗျာ။ အဲ ဒါပေမဲ့ လို့ ခုချိန်ထိတိုင်မှာပဲ မှန်းချက်နဲ့ နှမ်း ထွက် မကိုက်လောက်စရာက သူတို့ ကြို မတွက်မိတဲ့ တစ်ချက် အဲဒါက လူမြင်လို့ တောင် မတော်တာဗျာ။ လူမမာကို ကြိုး တုပ်ပြီး ရိုက်တာကိုး။ ဒီပွဲမှာ ကိုင်လှုပ် မယ့်သူက အနုပညာရှင်တွေလေ။ သူတို့ ခမျာ အော်နိုင်စရာကို အကြောင်းမှ မရှိတော့တဲ့ဟာ၊ ဥပမာပြောရင် ကျွန်   တော်တို့ ကျားထိုးတဲ့အခါ တစ်ကောင် တည်း အကျန်သမားကို အကွက်ရွှေ့ စရာမရှိအောင် ပိတ်ထားမိတဲ့အဖြစ်ပေါ့။ အခုပွဲလည်း ခင်ဗျားဘယ်အနိုင်ရတော့ မလဲ၊ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အနုပညာရှင်တွေဘက်မှာ ကိုယ့်သတ် မှတ်ချက်နဲ့ ကိုယ် ဒဏ်ရာလေးတွေ ကိုယ်စီတော့ ရခဲ့ကြရပြီပေါ့ဗျာ။ အဲဒီ အတွက် နောင်ကြီး   ကျေနပ်လိုက်ပါ တော့။ နောင်ကြီး မည်သူမည်ဝါဆိုသည် ကို ကျွန်တော်မသိပါ။ မည်သည့် ရည် ရွယ်ချက်ဖြင့် ရေးသည်ကိုလည်း ကျွန် တော်အမှန်မသိနိုင်ပါ။ အကယ်၍ ပွင့် လင်းမြင်သာ အမှန်အတိုင်း သိစေလို သည့် စေတနာဆိုလျှင်လည်း မည်သူ့ အတွက် မည်သို့ အကျိုးရှိမည်၊ မည်မျှ အကျိုးရှိသည်၊ အလဲအထပ်လုပ်ရမည့် အရင်းအနှီး များနှင့် တန်၏မတန်၏၊ ထို အရင်းအနှီးတွေကရော အဲဒီအတိုင်း အတာလောက် နစ်နာရလောက်စရာ တစ်ဖက်သားအပေါ် ယုတ်မာ စော်ကား ပြစ်မှုမြောက်သူများလား၊ တရားဥပဒေ အရတောင် အမှုမမြောက်တော့တဲ့ ဒီ ကိစ္စ အတွက် သင်တစ်ယောက်တည်းရဲ့ ရန်လိုချက်က မဆိုးလွန်းပေဘူးလား သူ ငယ်ချင်း၊ စိတ်လျှော့ပါဘော်ဒါ၊ အဆင့် မြင့်မြင့်တွေးပြီး အမြင်ကျယ်ကျယ်ကြည့် ပါ၊ တို့တွေ လုပ်ရမှာ ဒီအလုပ်မှ မဟုတ် တာ၊ အသုံးချခံ မဖြစ်ပါစေနဲ့ ကိုရင်။ အသေအချာ ထပ်စဉ်းစား၊ ကျုပ်တို့ပြည် သူတွေအကုန်လုံးလိုအပ်ချက် အလုံးစုံနဲ့ ရုန်းကန်နေရတုန်း မဟုတ်ပါလား။ နေ့ စဉ်နဲ့အမျှ စားဝတ်နေရေးအတွက် တောင် အခြိမ်းခြောက်ခံနေကြရသူတွေ ပဲလေ။ ရုပ်ရှင်မင်းသမီးမို့ လွတ်လိမ့်မယ် ထင်လား၊ အပူကိုယ်စီပါပဲ ညီရယ်၊ အကြီးအသေးသာကွာပါလိမ့်မယ်၊ အေး အဲဒီမှာမှ အခု တို့အတွက်…ပိုပြီး နစ်နာ စရာ တစ်ချက်တိုး တာလေးက ညီတော် မကျေလည်တဲ့ အဲဒီအချိန် အဲဒီ အခါကတည်းကကိုပဲ  တို့တွေ အားလုံးဟာ အာဏာပါးကွက်သား တွေရဲ့ ထောင်ချောက်တွင်းသို့ တစ် ယောက်ပြီး တစ်ယောက် ဆွဲချခံခဲ့ရရင်း သူတို့ ကြိုက်သလို ပြုသမျှ နုရတော့မယ့် ပြန်ပေးအဆွဲ ခံထားရတဲ့ နယ်ရုပ် ကလေးတွေ ဖြစ်နေခဲ့ကြရတယ် ဆိုတာ ပါပဲ နောင်ကြီးရေ။
ဤမျှဆိုရင်တော့ စာရွက်ထဲပါသမျှ စာသားများကို သင် သဘောပေါက်ပေးပါတော့၊ ထိုမျှနှင့်ပင် မကျေ လည်သေးပါလျှင်လည်း အားလုံး ကိုယ်စား ကျွန်တော်ဖြေပေးပါဦး မည်၊ ဖြေပေးနိုင်ပါသည်၊ အကြောင်းကတော့ ဘာ နိုင်ငံတော်အလုပ်မှ မလုပ်တဲ့ ကျွန် တော်တစ်ယောက်တည်းသာ သေသေ ချာချာ အဖမ်းခံလိုက်ရလို့သာပါ။  အတွင်း ထဲအရောက် အကုန်ပေါက်ခဲ့ ပါတယ်။ ကျေနပ်နိုင်ပါလိမ့်မယ်။ တ ကယ်တော့ အရှုပ်ထုပ်တွေအတွက် အလုပ်မရှုပ်ကြပါနဲ့၊ တကယ်လုပ်ရမှာ တွေက အုတ်တစ်ချပ်သဲ တစ်ပွင့်တောင် မလုံလောက်ရတဲ့အထဲ ကဲ
Ready; 1,2,3,4
(ဒါရိုက်တာမိုက်တီး၏ Facebook  မှ)
ကျွန်တော်တို့ထက် တတ်သိနားလည်တဲ့ ဆရာတွေ ပါနေတယ်ဆိုတဲ့အတွက် သူတို့ဦးဆောင်မှုနဲ့ပဲ ကျွန်တော်တို့က ဖြေရှင်းသွားမှာပါ . . .
ညိုမင်းလွင်(သရုပ်ဆောင် ဒါရိုက်တာ)
”ကျွန်တော်တို့ထက် စီနီယာကျတဲ့ လူလည်းပါတယ်။ ကျွန်တော်တို့ထက် တတ်သိနားလည်တဲ့ ဆရာတွေပါနေ တယ်ဆိုတဲ့အတွက် သူတို့ဦးဆောင်မှုနဲ့ပဲ ကျွန်တော်တို့ က ဖြေရှင်းသွားမှာပါ။ သူတို့လမ်းညွှန်မှုအတိုင်းပဲ လုပ်ဆောင် သွားမယ်။ ဘာမှမတိုင်ပင်ရသေးတဲ့အ တွက် ကျွန်တော်တစ်ယောက်တည်း သဘောထား မပြောသေး ပါဘူး။”
ဒါက လူမှုရေးဖောက်ပြန်တာလည်း  မဟုတ်ဘူး။ အဲဒီအတွက်အေးဆေးပဲ။ ဒါက ပြီးခဲ့တဲ့ကိစ္စမို့ ဘာမှလုပ်လို့ မရပါဘူး . . .
သားညီ(သရုပ်ဆောင်)
”ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လူ ကြီးတွေစီမံတဲ့အတိုင်းပဲ လိုက်လုပ်မှာ ပါ။ ကျွန်တော့်အထက်မှာ စီနီယာတွေ အများကြီးပဲ။ လူပဲ မှားမှာပဲလေ ဟုတ် တယ်မလား။ မှားခဲ့ တဲ့အချိန်တွေလည်း ရှိမှာပေါ့။ အဲဒါကို ပြန်လှန်ပြီး ဘာလုပ် မှာလဲ။ အဓိကက ကိုယ်ပဲ။ အခု ကျွန် တော်အေးဆေးပဲ လိမ်လိမ်မာမာပဲနေ တယ်။ အဓိကက ကိုယ့်မိသားစုနဲ့ ကိုယ့် ပတ်ဝန်းကျင်နဲ့ ပြဿနာမဖြစ်ဖို့ပါပဲ။ ဒါကိုဖြေရှင်းဖို့ ကျွန်တော်တော့ ဦးမ ဆောင်ဘူး။ ခေါင်းထဲလည်း ထည့်မထား ဘူး။ ဒီကိစ္စက ဒါကလူမှုရေး ဖောက်ပြန် တာလည်း မဟုတ်ဘူး။ အဲဒီအတွက် အေးဆေးပဲ။ ဒါက ပြီးခဲ့တဲ့ကိစ္စမို့ ဘာမှ လုပ်လို့မရပါဘူး။ လူကြီးတွေ စီမံတဲ့အ တိုင်းပဲ လိုက်လုပ်မယ်။”
ကိုယ်ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်က အသိဆုံးပဲလေ။ အစ်မအနေနဲ့ ဘယ်သူတွေဘာပြောပြော
အစ်မ ဘာမှမထိခိုက်ဘူး  . . .
နန္ဒာလှိုင်(သရုပ်ဆောင်)
”ဒီပြဿနာကိစ္စက အဓိက ကိုယ် က အဓိကပဲ။ ကိုယ်ဟုတ်တယ် မဟုတ် ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်က အသိဆုံး ပဲလေ။ အစ်မအနေနဲ့ ဘယ်သူတွေ ဘာပြောပြော အစ်မ ဘာမှမထိခိုက်ဘူး။ အဲဒီတော့ ကိုယ်မဟုတ်ရင် ပြီးတာပဲ လေ။ အစ်မဘာမှလည်း ပြောစရာမရှိ ဘူး။ ဒီလိုမျိုးတွေ တက်လာတာလည်း အစ်မ ဒါနဲ့ပတ်သက်ပြီး ဘာမှမဝေ ဖန် ဘူး။ ဘယ်လိုမှမနေဘူး။ အဓိကကတော့ အစ်မကိုယ်တိုင်က အဓိကပဲလေ ဟုတ် တယ်မလား။”
Nobody Perfect  ဆိုပေမယ့် Perfect ဖြစ်တဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ သေချာတာက ကျွန်မဟာ  Perfect  မဟုတ်ဘူးဆိုတာပါပဲ . . .
စိုးမြတ်သူဇာ
”ပရိသတ်များရှင် ဒီရက်ပိုင်းအ တွင်း ဖေ့စ်ဘွတ် စာမျက်နှာပေါ်သို့ ရောက်လာသည့် ကျွန်မနှင့် ပတ်သက် သော အကြောင်းအရာများနှင့် ပတ် သက်ပြီး ကျွန်မ မိသားစု မိတ်ဆွေသူ ငယ်ချင်းများအပါအဝင် ကျွန်မကို သံ ယောဇဉ်ရှိကြတဲ့ ပရိသတ်များ အားလုံး စိတ်အနှောင့်အယှက်များစွာ ဖြစ်ရ သလို ကာယကံရှင် ကျွန်မကိုယ်တိုင် လည်း အတိုင်းအဆမရှိ စိတ်ထဲမှာ ထိခိုက်နာကျင်ရပါတယ်။
Moe Zay Nyein ကိုကျွန်မ မသိပါ။ဘယ်လိုရည်ရွယ်ချက်နဲ့ဒီလိုလုပ် ရပ်ကို လုပ်ခဲ့လဲဆိုတာကိုလည်း ကျွန်မ နားမလည်ပါ။ သူတင်ပြထားတဲ့ အ ကြောင်းအရာများကို မှန်ကန်ပါတယ်လို့ တစ်ဦးတစ်ယောက်ကမှမထောက်ခံထား သလိုလုံးဝအမှန်လို့လည်းမယူဆသင့်ပါ။
အခြေအနေမှန်ကို သေချာမသိ ဘဲ ဝင်ရေးထားတဲ့ Comment  နှစ်ခု လောက်ကို မြင်ရတဲ့အခါ ကျွန်မ တော် တော်ကို စိတ်ပျက်မိပါတယ်။
 အနုပညာရှင်တွေဟာ စည်းကမ်း မရှိ၊ အရှက်အကြောက် မရှိ၊ ဥပဒေ ဘောင်အတွင်း တကယ်နိုင်ငံတော်အစိုး ရက ဒီတိုင်းကြည့်မနေဘဲ ထိထိ ရောက် ရောက် အပြစ်ပေး ခဲ့တာ လူတိုင်းလည်း သိကြပါတယ်။
Nobody Perfect  ဆိုပေမယ့်Perfect ဖြစ်တဲ့သူတွေလည်း အများကြီး ရှိနိုင်ပါတယ်။ သေချာတာက ကျွန်မ ဟာ Perfect မဟုတ်ဘူး ဆိုတာပါပဲ။ ကျွန်မမှာ အား နည်းချက်၊ ချို့ယွင်းချက် တွေ အများကြီးရှိသလို အမှားမရှိ အပြစ်ကင်းတဲ့ လူမျိုးလည်း မဟုတ်ပါ ဘူး။ ကျွန်မ အသက် ၄၂ နှစ်ရှိပါပြီ။ လက်ရှိ မိဘတွေနဲ့အတူတူနေပြီး ကျွန်မ ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာနဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း မှာ ရိုးသားစွာ နေထိုင်ပြီး တင့်တယ် အောင် ရပ်တည်နေပါတယ်။ အခု ကိစ္စ မှာ ကျွန်မကို မရည်ရွယ်လည်း ကျွန်မ ဓာတ်ပုံနဲ့ ခေါင်းစဉ်တပ်အကြောင်းအရာ တွေကိုတော့ ကျွန်မအနေနဲ့ အင်မတန် ခံရခက်ပါတယ်။
 နိုင်ငံရေး နားလည်သည့် အသိ ဥာဏ်မျိုးမရှိတဲ့အတွက် နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် ဒီနိုင်ငံသူတစ် ယောက်အနေနဲ့ နိုင်ငံရေးကိုတော့ ကျွန် မစိတ်ဝင်စားပါတယ်။ ပစ္စုပ္ပန်ကာလမှာ ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်နေတဲ့ အတွက် ကျွန်မနဲ့ သက်ဆိုင်သော ကိစ္စ များကိုပဲ ကျွန်မစိတ်ဝင်စားပါတယ်။ ကျွန်မအလုပ်ကို လေးလေးစားစား လုပ် ပါတယ်။ ဘယ်သူ့ကိုမှ အနိုင်မယူ၊ ဘယ်သူ့ကိုမှ အရှုံးမပေးWin Win Situation   ကို လက်ခံကျင့်သုံးပါတယ်။ ကျွန်မ  Life ကို Day by day  ဖြတ် သန်း ပါတယ်။ ကျွန်မ ပျော်ပျော်နေတတ် ပေမယ့် ဘယ်တုန်းကမှ ပေါ့ပေါ့မနေခဲ့ ပါဘူး။
 ကျွန်မ Life Perfect  မဖြစ်ပေ မယ့် ဒီနေ့ ဒီအချိန်ထိ ကျွန်မကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက် နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် ဆိုး ရွားတဲ့ အပြစ်မျိုး၊ အမှားမျိုး မလုပ်ခဲ့ တဲ့အတွက် ဒီအသက်အရွယ်ထိ ဒီနေ ရာမှာ ကျွန်မရပ်တည်ခွင့်ရနေတာ လူ တိုင်းအမြင်ပါပဲ။ လိပ်ပြာသန့်တဲ့အတွက် ကျွန်မဘဝက မင်္ဂလာရှိပါတယ်။
 MZN ရဲ့ အမှန်တရားဖော်ထုတ် တဲ့ ကိစ္စက ကျွန်မတင်မက အကြောင်း အရာထဲမှာ နာမည်ပါတဲ့ လုပ်ဖော် ကိုင် ဖက် ကျွန်မရဲ့ အနုပညာရှင် မောင်နှမ တွေကိုပါ အများကြီးထိခိုက်နစ်နာစေပါ တယ်။ မိသားစုတွေ ရှိကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် အပြန်အ လှန်လေးစားတဲ့ ဆက်ဆံရေးကို ပျက်စီး စေပါတယ်။ သံသယေ တွနဲ့ ရင်းနှီးမှုကို ဒုက္ခရောက်စေပါတယ်။
 ဘယ်သူ့အတွက်မှ အကျိုးမရှိ အ များအတွက် နစ်နာဆုံးရှုံးမှုကို ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဟာ ဘယ်လောက် ပဲ (အမှန်) ဖြစ်နေပါစေ နောက်ဆုံးမှာ (အမှား) ဖြစ်စေပါ တယ်။
ပရိသတ်များရှင် MZN  တင်ပြ ချက်မှာပါတဲ့ ကျွန်မနဲ့ ပတ်သက်တဲ့ ဓာတ်ပုံအပါအဝင် အကြောင်းအရာ အားလုံးကို ကျွန်မလုံးဝ လက်မခံပါ ဘူး။ အစစ်အမှန် ဆိုတာကိုလည်း မယုံ တဲ့အတွက် အသိအမှတ်လည်း မပြုပါ ဘူး။ ကျွန်မအတွက် အချိန်က ဘဝပါ။ ဘဝကို တန်ဖိုးထားသလို အချိန်ကို လည်း ကျွန်မ အရမ်းတန်ဖိုး ထားပါတယ်။
ကျွန်မရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကို အကုန်ခံပြီး ဒီလိုပြန်ရှင်းပြရတာ ကျွန်မကိုချစ်တဲ့လေးစားကြတဲ့ ပရိသတ် တွေကို ကျွန်မတန်ဖိုးထား ထားလို့ပါ။ ကျွန်မအတွက် နံပါတ်တစ် ဦးစားပေး အရေးပါတဲ့ လူတွေထဲမှာ ပရိသတ်များ ပါပါတယ်။ ဆက်လျှောက်ဖို့ ကျန်နေ သေးတဲ့ခရီးမှာ ကျွန်မကို လက်တွဲထား မယ့် အဖော်ကောင်းမပါပေမယ့် မိတ် ဆွေကောင်းတွေကိုလက်တွဲပြီး ပရိသတ် ပေးတဲ့ ခွန်အားတွေနဲ့ ကျွန်မ ဆက် လျှောက် ချင်ပါတယ်။
MZN က ကွန်းမန့်တစ်ခုမှာ မကြီးစိုး စဆရလို့ သုံးနှုန်းထားပါတယ်။ စစ်သား သားသမီးဖြစ်လို့ ဒီအသုံးအနှုန်း ကို ကျွန်မနားလည်ပါတယ်။ ဦးMZN ရှင် (ဦးနဲ့ ပတ်သက် လို့ အနည်းငယ် သိထားတဲ့အတွက် ဦးတပ်ပြီး ခေါ်လိုက် တာပါ) ဦးပြောသလို အကြောင်းအရာ တွေ ချန်ထားခဲ့လို့ဆိုပြီး မရှိတဲ့ အကြောင်းအရာတွေအတွက် ကျွန်မ ကတော့ ဘယ်တော့မှ ကျေးဇူးတင်မှာ မဟုတ်ပါဘူးရှင်။ ဒါပေမဲ့ ဦးပြောတဲ့ အသုံးနှုန်းအတိုင်းပြောရရင် ကျွန်မအ တွက် MZN စဆရမှာ မိတ်ဆွေကောင်း တွေ အများကြီး ထပ်ရလိုက်လို့ ဒီ့အတွက် ဦးကို ကျေးဇူးတင်မိပါတယ်။
ဘယ်သူနဲ့မှ ရေရှည်အခြေအတင် မဖြစ်ချင်တာ ကျွန်မဆန္ဒပါ။ လူမှုဆက် ဆံရေးဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး ကဏ္ဍပါ။ လူမှုဆက်ဆံ ရေး မပြေလည်ရင် တခြားဘယ်အရာ မှ အဆင်ပြေမှာ မဟုတ်ပါဘူး။
ကျွန်မနိုင်ငံခြားမှာ နေရတဲ့အချိန် မှာ သိခဲ့တဲ့ ဥပဒေတစ်ခုရှိပါတယ်။ ဘယ်နိုင်ငံမှာပဲ နေနေ၊ နိုင်ငံတိုင်းရဲ့ ဥပ ဒေမှာ တူညီတဲ့ ဥပဒေတစ်ခုတော့ရှိပါ တယ်။ အနုပညာ ရှင်များ(သို့) အောင် မြင်ထင်ရှား လူသိများသူတွေရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာတွေကို (၁) ကာယကံရှင်ရဲ့ ခွင့်ပြုချက် မရရှိပါက (၂) တရားဥပဒေ အရ အကြောင်းမတိုက်ဆိုင် (သို့) တရား ရုံးမှ ခွင့်ပြုချက် မရရှိပါက (၃) လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်ကျူးလွန် နေသူဟု ခိုင်လုံသောသတင်းအထောက် အထားမရှိပါက ဘယ်တော့မှ လူအများ မြင်သာတဲ့ နေရာတွေမှာ  ဖြန့်ဝေနိုင်ခွင့် မရှိဘူးဆိုတာပါပဲ။
ကျွန်မကတော့ ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အနေခက် တာမျိုး မဖြစ်စေချင်သလို ဥပဒေနဲ့ စကားပြောရတာမျိုးတွေအထိလည်း အလုပ်တွေ မရှုပ်ချင် ပါ။ အဲဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး ပထမဆုံးနဲ့ နောက် ဆုံး ရှင်းပြတာပါ။ နောက်ထပ်ဒါနဲ့ ပတ်သက်တဲ့ ဘာအကြောင်းအရာကိုမှ ကျွန်မ ပြန်ရှင်းပြမှာ မဟုတ်ပါဘူး။ လူ့ အခွင့်အရေးကို တကယ်နားလည် လေး စားမယ်ဆိုရင် စာနာစိတ်နဲ့ ဆက်ဆံ ရေးကို အသုံးပြုကြတာ အကောင်းဆုံး  မဟုတ်ဘူးလား။
ကျွန်မကိုချစ်တဲ့ ပရိသတ်များ၊ ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး နာမည် ပါတဲ့ အနုပညာ မောင်နှမများရှင် ။ကျွန်မနဲ့ ပတ်သက်ပြီး စိတ်အနှောင့် အယှက်ဖြစ်ခဲ့ကြတဲ့ အတွက် ဒီနေရာ ကနေ ကျွန်မတောင်းပန်ပါတယ်။ ကျွန် မကို နားလည်ပေးကြပါ။ ဒီကိစ္စမှာကျွန်မကို ကူညီဖေးမခဲ့တဲ့ သူများနဲ့ အ ကြံဥာဏ်ပေးခဲ့သူတွေ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။
(စိုးမြတ်သူဇာ ဖေ့စ်ဘွတ်မှ)”


Popular Myanmar News Journal


No comments:

Post a Comment