Wednesday 11 December 2013

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် Gandamar Wholesale ကုန်တိုက်ရှိ Venus Garden Spa အတွင်း မီးလောင်ကျွမ်းမှုကြောင့် အခန်းတွင်းရှိ ၀န်ထမ်းခုနစ်ဦး သေဆုံး

Photo: မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် Gandamar Wholesale ကုန်တိုက်ရှိ Venus Garden Spa အတွင်း မီးလောင်ကျွမ်းမှုကြောင့် အခန်းတွင်းရှိ ၀န်ထမ်းခုနစ်ဦး သေဆုံး
Wednesday, December 11, 2013

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ Gandamar Wholesale ကုန်တိုက်တွင် ဖွင့်လှစ်ထားသည့် Venus Garden Spa အတွင်း မီးလောင်ကျွမ်းမှုကြောင့် ပိတ်မိနေသည့် ၀န်ထမ်းများအားလုံး သေဆုံးခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှက ဒီဇင်ဘာ ၁၀ ရက် နံနက် ပိုင်းက The Daily Eleven သို့ ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦးတို့မှာ အဆိုပါ Spa မှ ၀န်ထမ်းများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ထို့ပြင် ယင်း Spa တွင် မီးငြှိမ်းသတ်ရန် အထောက်အကူပြု ပစ္စည်းများနှင့် အလိုအလျောက် မီးငြှိမ်းသတ်နိုင်ပြီး အချက်ပြနိုင်သည့်စနစ်များ တပ်ဆင်ထားခြင်းမရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနချုပ်မှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၂ နာရီ ၂၅ မိနစ်တွင် မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်၊  ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ Gandamar Wholesale ကုန်တိုက်အပေါ်ဆုံးထပ်ရှိ Venus Garden Spa တွင်  လျှပ်စစ်မီးပူကို မီးပလပ်ထိုးထားရာမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို နံနက် ၁ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးသတ်ယာဉ် ၂၄ စီး၊ အုပ်ချုပ်မှုယာဉ် ခြောက်စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

"ဒီမီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ အားလုံးပေါင်း ခုနစ်ဦးသေဆုံးခဲ့တယ်။ ကျား/မ ခွဲလို့မရဘဲ မီးလောင်သေဆုံးသွားတဲ့သူ နှစ်ဦးကို စစ်ဆေးတဲ့အခါမှာ အမျိုးသမီးနှစ်ဦး ဖြစ်တယ်လို့ အဖြေထွက်ရှိတယ်။ အဓိကကတော့ အခန်းကလုံပြီး မီးခိုးငွေ့တွေနဲ့ သေဆုံးခဲ့တယ်။ နောက်ပြီးတော့ အ၀င်အထွက်တံခါးပေါက်ကိုလည်း သော့ခတ်ပြီး ပိတ်ထားတဲ့ အတွက်ကြောင့် ပိတ်မိပြီး သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။ အခုလောလောဆယ် ဆိုင်မန်နေဂျာကို ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။

Gandamar Wholesale ကုန်တိုက်၏ အပေါ်ဆုံးထပ်၌ Venus Garden Spa ဖွင့်လှစ်ရန်အတွက် (ရှမ်း/တရုတ်) အမျိုးသမီးဖြစ်သူ နန်းဟွန်ခမ်းက ၂၀၁၃ ဒီဇင်ဘာ ၁ ရက်တွင် ဦးမြင့်လွင်ဆိုသူထံမှ စတင်ငှားရမ်း ထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားသော စာချုပ်တွင် ရေးသားထားမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှ၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မရမ်းကုန်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှက "အဓိကတော့ လျှပ်စစ်မီးပူ မီးပလပ်ထိုးထားရာကနေ အပူချိန်လွန်ကဲပြီးတော့ မီးပူက ကွေးကောက်သွားတယ်။ အဲဒီ မီးအရှိန်ကြောင့်ပဲ မွေ့ရာကို စလောင်တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ ၀န်ထမ်းတွေက အိပ်နေတဲ့ အချိန်ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ မီးကလောင်ကျွမ်းပြီးတော့ လျှပ်စစ်မီးတွေလည်း ပြတ်တောက်သွားတယ်။ ၀န်ထမ်းတွေသိတဲ့အချိန်မှာ အခန်းတစ်ခုလုံး မီးခိုးငွေ့တွေ ပြည့်နှက်နေပြီးတော့ မီးပျက်နေတဲ့အချိန်မှာ ထွက်ပေါက်ကို ပြေးထွက်ပေမယ့်လည်း မှန်သံတံခါးက သံကြိုးနဲ့သော့ခတ်ထားတဲ့အတွက် ပိတ်ပြီးတော့ အခုလိုမျိုး ဆိုးရွားတဲ့အထိ ဖြစ်သွားခဲ့တာပါ" ဟု ဒီဇင်ဘာ ၁၀  ရက် နံနက်ပိုင်းက ပြောကြားသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် Venus Garden Spa အား မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

Gandamar Wholesale ကုန်တိုက်ရှိ Venus Garden Spa တွင် မီးလောင်ကျွမ်းမှုကြောင့် ဆိုးရွားစွာ လူသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနချုပ်မှ ဒုတိယန်ကြားရေးမှူး ဦးတင်မင်းက "၀န်ထမ်းတွေ အိပ်ပျော်နေတဲ့အချိန်မှာ မီးပူကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့တယ်။ သေဆုံးတဲ့သူတွေကလည်း မီးခိုးငွေ့တွေ အလွန်အကျွံရှူရှိုက်ခဲ့ရလို့ သေဆုံးတယ်။ ပြီးတော့ မီးလောင်ခံခဲ့ရတယ်။ ဒီ Spa မှာ အလိုအလျောက် မီးငြှိမ်းသတ်တဲ့ စနစ်တွေ တပ်ဆင်ထားခြင်းမရှိဘူး" ဟု ပြောကြားသည်။

မီးလောင်ကျွမ်းမှုအား ၀င်ရောက်ကူညီပေးခဲ့သူ Gandamar Wholesale ကုန်တိုက်အတွင်းရှိ Moon Bakery ဆိုင်မှ ၀န်ထမ်းတစ်ဦးက "မီးလောင်လောင်ချင်း ကျွန်တော်တို့ ၀န်ထမ်းတွေရယ် အနီးအနားမှာရှိတဲ့လူတွေက မီးလောင်တဲ့အခန်းက လူတွေကို တံခါးခေါက်နိုးသေးတယ်။ ဒါပေမဲ့ တစ်ယောက်မှ ပြန်ထူးသံမကြားရဘူး။ မီးခိုးတွေကလည်း အလုံးလိုက် ထွက်လာတယ်။ လျှပ်စစ်မီးကလည်း ပျက်နေတော့ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း မီးခိုးငွေ့တွေနဲ့ အရမ်းမွှန်လာလို့ အပြင်ကို ပြန်ထွက်လာရတယ်။ မီးသတ်က လူတွေလာမှ မှန်တံခါးတွေ ရိုက်ခွဲပြီး ၀င်ကယ်တော့ ခြောက်ဦးက မီးလောင်ကျွမ်းပြီး သေနေပြီ။ ကျန်အမျိုးသမီး တစ်ယောက်ကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်လို့ သိရတယ်" ဟု ပြောကြားသည်။

မီးလောင်ကျွမ်းမှုကြောင့် မသီသီဝင်း၊ မဂျာညိုခေါ၊ မစန်းစန်းသွယ်၊ မောင်အားချိုက်၊ မောင်အားဟိုင်း၊ မောင်အားခွင်နှင့် မသရဖီ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ Venus Garden Spa မှာ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး ယင်းသို့ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် မီးပေါ့ဆစွာသုံးစွဲသည့် ထွန်းထွန်းနိုင် (ဘ) ဦးဟုန်တုံငုံအပေါ် မရမ်းကုန်း မြို့မရဲစခန်းမှ (ပ) ၅၁၁/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄ (က)/ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ဆွာဒီတီးယား ရေကျော်ဗလီတွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဗလီအတွင်းရှိ စာသင်ကျောင်းသား ၇၁ ဦးအနက် ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Eleven Media Group

Gandamar Wholesale ကုန်တိုက်၏ အပေါ်ဆုံးထပ်ရှိ Venus Garden Spa မီးလောင်ရာတွင် သေဆုံးသူအချို့အား ကယ်ဆယ်ရေးအဖွဲ့မှ သယ်ဆောင်လာစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
Gandamar Wholesale ကုန်တိုက်၏ အပေါ်ဆုံးထပ်ရှိ Venus Garden Spa မီးလောင်ရာတွင် သေဆုံးသူအချို့အား ကယ်ဆယ်ရေးအဖွဲ့မှ သယ်ဆောင်လာစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့် ရှိ Gandamar Wholesale ကုန်တိုက်တွင် ဖွင့်လှစ်ထားသည့် Venus Garden Spa အတွင်း မီးလောင်ကျွမ်းမှုကြောင့် ပိတ်မိနေသည့် ၀န်ထမ်းများအားလုံး သေဆုံးခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှက ဒီဇင်ဘာ ၁၀ ရက် နံနက် ပိုင်းက The Daily Eleven သို့ ပြောကြားခဲ့သည်။သေဆုံးခဲ့သူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦးတို့မှာ အဆိုပါ Spa မှ ၀န်ထမ်းများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ထို့ပြင် ယင်း Spa တွင် မီးငြှိမ်းသတ်ရန် အထောက်အကူပြု ပစ္စည်းများနှင့် အလိုအလျောက် မီးငြှိမ်းသတ်နိုင်ပြီး အချက်ပြနိုင်သည့် စနစ်များ တပ်ဆင်ထားခြင်းမရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ချုပ် မှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၂ နာရီ ၂၅ မိနစ်တွင် မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်၊  ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ Gandamar Wholesale ကုန်တိုက်အပေါ်ဆုံးထပ်ရှိ Venus Garden Spa တွင်  လျှပ်စစ်မီးပူကို မီးပလပ်ထိုးထားရာမှ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို နံနက် ၁ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးသတ်ယာဉ် ၂၄ စီး၊ အုပ်ချုပ်မှုယာဉ် ခြောက်စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

"ဒီမီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ အားလုံးပေါင်း ခုနစ်ဦးသေဆုံးခဲ့တယ်။ ကျား/မ ခွဲလို့မရဘဲ မီးလောင်သေဆုံး သွားတဲ့သူ နှစ်ဦးကို စစ်ဆေးတဲ့အခါမှာ အမျိုးသမီးနှစ်ဦး ဖြစ်တယ်လို့ အဖြေထွက်ရှိတယ်။ အဓိကကတော့ အခန်းကလုံပြီး မီးခိုးငွေ့တွေနဲ့ သေဆုံးခဲ့တယ်။ နောက်ပြီးတော့ အ၀င်အထွက်တံခါးပေါက် ကိုလည်း သော့ခတ်ပြီး ပိတ်ထားတဲ့ အတွက်ကြောင့် ပိတ်မိပြီး သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။ အခုလောလောဆယ် ဆိုင်မန်နေဂျာကို ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။

Gandamar Wholesale ကုန်တိုက်၏ အပေါ်ဆုံးထပ်၌ Venus Garden Spa ဖွင့်လှစ်ရန်အတွက် (ရှမ်း/တရုတ်) အမျိုးသမီးဖြစ်သူ နန်းဟွန်ခမ်းက ၂၀၁၃ ဒီဇင်ဘာ ၁ ရက်တွင် ဦးမြင့်လွင်ဆိုသူထံမှ စတင်ငှားရမ်း ထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားသော စာချုပ်တွင် ရေးသားထားမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှ၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မရမ်းကုန်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးခင်မောင်လှက "အဓိကတော့ လျှပ်စစ်မီးပူ မီးပလပ်ထိုးထားရာကနေ အပူချိန်လွန်ကဲပြီးတော့ မီးပူက ကွေးကောက်သွားတယ်။ အဲဒီ မီးအရှိန်ကြောင့်ပဲ မွေ့ရာကို စလောင်တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ ၀န်ထမ်းတွေက အိပ်နေတဲ့ အချိန်ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ မီးကလောင်ကျွမ်းပြီးတော့ လျှပ်စစ်မီးတွေလည်း ပြတ်တောက် သွားတယ်။ ၀န်ထမ်းတွေသိတဲ့အချိန်မှာ အခန်းတစ်ခုလုံး မီးခိုးငွေ့တွေ ပြည့်နှက်နေပြီးတော့ မီးပျက်နေတဲ့ အချိန်မှာ ထွက်ပေါက်ကို ပြေးထွက်ပေမယ့်လည်း မှန်သံတံခါးက သံကြိုးနဲ့သော့ခတ်ထားတဲ့အတွက် ပိတ်ပြီးတော့ အခုလိုမျိုး ဆိုးရွားတဲ့အထိ ဖြစ်သွားခဲ့တာပါ" ဟု ဒီဇင်ဘာ ၁၀  ရက် နံနက်ပိုင်းက ပြောကြား သည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် Venus Garden Spa အား မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

Gandamar Wholesale ကုန်တိုက်ရှိ Venus Garden Spa တွင် မီးလောင်ကျွမ်းမှုကြောင့် ဆိုးရွားစွာ လူသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနချုပ်မှ ဒုတိယန်ကြားရေးမှူး ဦးတင်မင်းက "၀န်ထမ်းတွေ အိပ်ပျော်နေတဲ့အချိန်မှာ မီးပူကနေ အပူလွန်ကဲပြီး မီးလောင်ခဲ့တယ်။ သေဆုံးတဲ့သူတွေ ကလည်း မီးခိုးငွေ့တွေ အလွန်အကျွံရှူရှိုက်ခဲ့ရလို့ သေဆုံးတယ်။ ပြီးတော့ မီးလောင်ခံခဲ့ရတယ်။ ဒီ Spa မှာ အလိုအလျောက် မီးငြှိမ်းသတ်တဲ့ စနစ်တွေ တပ်ဆင်ထားခြင်းမရှိဘူး" ဟု ပြောကြားသည်။

မီးလောင်ကျွမ်းမှုအား ၀င်ရောက်ကူညီပေးခဲ့သူ Gandamar Wholesale ကုန်တိုက်အတွင်းရှိ Moon Bakery ဆိုင်မှ ၀န်ထမ်းတစ်ဦးက "မီးလောင်လောင်ချင်း ကျွန်တော်တို့ ၀န်ထမ်းတွေရယ် အနီးအနားမှာ ရှိတဲ့ လူတွေက မီးလောင်တဲ့အခန်းက လူတွေကို တံခါးခေါက်နိုးသေးတယ်။ ဒါပေမဲ့ တစ်ယောက်မှ ပြန်ထူး သံမကြားရဘူး။ မီးခိုးတွေကလည်း အလုံးလိုက် ထွက်လာတယ်။ လျှပ်စစ်မီးကလည်း ပျက်နေတော့ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း မီးခိုးငွေ့တွေနဲ့ အရမ်းမွှန်လာလို့ အပြင်ကို ပြန် ထွက် လာရတယ်။ မီးသတ်က လူတွေလာမှ မှန်တံခါးတွေ ရိုက်ခွဲပြီး ၀င်ကယ်တော့ ခြောက်ဦးက မီးလောင်ကျွမ်းပြီး သေနေပြီ။ ကျန်အမျိုးသမီး တစ်ယောက်ကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်လို့ သိရတယ်" ဟု ပြောကြားသည်။

မီးလောင်ကျွမ်းမှုကြောင့် မသီသီဝင်း၊ မဂျာညိုခေါ၊ မစန်းစန်းသွယ်၊ မောင်အားချိုက်၊ မောင်အား ဟိုင်း၊ မောင် အားခွင်နှင့် မသရဖီ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ Venus Garden Spa မှာ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး ယင်းသို့ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် မီးပေါ့ဆစွာသုံးစွဲသည့် ထွန်းထွန်းနိုင် (ဘ) ဦးဟုန်တုံငုံအပေါ် မရမ်းကုန်း မြို့မရဲစခန်းမှ (ပ) ၅၁၁/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄ (က)/ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းရှိ ဆွာဒီတီးယား ရေကျော်ဗလီတွင် မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဗလီအတွင်းရှိ စာသင်ကျောင်းသား ၇၁ ဦးအနက် ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment