Wednesday 11 December 2013

ကျိုက်ထီးရိုးစေတီသို့ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူး သိန်းဂဏန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်နေပြီး တည်းခိုခန်း မလုံလောက်၍ ရင်ပြင်တော်ပေါ်တွင်သာ အိပ်နေရ

Photo: ကျိုက်ထီးရိုးစေတီသို့ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူး သိန်းဂဏန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်နေပြီး တည်းခိုခန်း မလုံလောက်၍ ရင်ပြင်တော်ပေါ်တွင်သာ အိပ်နေရ
Wednesday, December 11, 2013

မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် ဘုရားဖူး ကာလအတွင်း ဘုရားလာရောက် ဖူးမြော်သူများ အလွန်များပြားနေပြီး ရုံးပိတ်ရက်များတွင် ဘုရားလာရောက် ဖူးသူဦးရေ တစ်နေ့လျှင် သိန်းဂဏန်း ၀န်းကျင်ခန့် ရှိနေကြောင်း ကျိုက်ထီးရိုးစေတီတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ဒီဇင်ဘာ ၇ ရက်တွင် စုံစမ်းသိရသည်။

ယင်းကဲ့သို့ ဘုရားဖူး ဧည့်သည်များ အများအပြား လာရောက်ဖူးမြော်သည့် နေ့များတွင် ကျိုက်ထီးရိုး စေတီတော် ပရိဝုဏ်အတွင်း ရှိနေသည့် တည်းခိုခန်းများ၊ ဟိုတယ်များတွင် အခန်းလုံလောက်မှု မရှိခြင်းကြောင့် ဘုရားဖူးဧည့်သည် အများအပြားမှာ ရင်ပြင်တော်ပေါ်တွင်သာ အိပ်စက်အနားယူ နေရကြောင်း တွေ့ရှိရသည်။

အဆိုပါကဲ့သို့ ဘုရားဖူးဧည့်သည် အများအပြား လာရောက်နေသည့် နေ့များတွင် လူစုကွဲမှုနှင့် လူပျောက်မှုများ နေ့စဉ်အကြိမ်အရေအတွက် ၁၀၀ ၀န်းကျင်ခန့် ဖြစ်ပွားနေကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ သိရသည်။

"အခု ဘုရားဖူး ကာလမှာ နေ့စဉ်ဘုရားဖူး ဧည့်သည်တွေ နည်းသွားတယ်ဆိုတာ မရှိဘူး။ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေနေ့မျိုးတွေဆိုရင် တစ်နေ့ကို ဘုရားဖူးဧည့်သည် သိန်းဂဏန်း ၀န်းကျင်လောက် လာကြတယ်။ ဒီလို ဘုရားဖူးဧည့်သည်တွေ များတဲ့အတွက် လူစုကွဲမှုတွေ၊ လူပျောက်မှုတွေ တစ်နေ့ကို အနည်းဆုံး အကြိမ်အရေအတွက် ၃၀ ကနေ ၁၀၀ အထိ ဖြစ်ပွားနေပါတယ်။ အဲဒီလို လူစုကွဲသွားတဲ့ အခါကျရင် ကျွန်တော်တို့ကို အကြောင်းကြားဖို့ လိုတယ်။ ကျွန်တော်တို့က အသံချဲ့စက်ကနေတစ်ဆင့် ကူညီပေးနေတယ်။ အားလုံးကိုလည်း ပြန်ပြီးတော့ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ဒီလို ဘုရားဖူးများတဲ့ ကာလမှာလည်း လူစုမကွဲဖို့ကို သတိထားဖို့ လိုသလို မိမိရဲ့ တန်ဖိုးကြီးတဲ့ပစ္စည်း၊ ပိုက်ဆံတွေကိုလည်း သတိထားပြီး သွားလာဖို့ လိုပါတယ်" ဟု ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ရှိ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ ကိုစောထွန်းဝင်းက ပြောကြားသည်။

ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်တွင် အိပ်စက်ပြီး ဘုရားဖူးခဲ့သူ ကိုမောင်ဇော်က "ကျွန်တော်တို့က ၀န်ထမ်းတွေဆိုတော့ သောကြာနေ့ညမှာ ထွက်လာခဲ့တယ်။ စနေနေ့မနက် အစောကြီးမှာ ဘုရားပေါ် ရောက်တယ်။ အခမဲ့ တည်းခိုခွင့် ရှိတဲ့နေရာတွေ၊ တည်းခိုခန်းတွေ၊ ဟိုတယ်တွေမှာ အခန်းတွေ အားလုံးပြည့်နေတယ်။ ထမင်းဆိုင်တွေမှာလည်း တည်းခိုဖို့က အရမ်းဈေးကြီးနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မိသားစုက ရင်ပြင်တော်မှာပဲ အိပ်စက်အနားယူပြီးတော့ ဘုရားဖူးခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ကျိုက်ထီးရိုး စေတီတော်မှတစ်ဆင့် ကျီးကန်းပါးစပ်ဂူတစ်ဝိုက်၊ မုဆိုးတောင်ဝန်းကျင်၊ ရသေ့တောင်တစ်ဝိုက် ကျောက်ထပ်ကြီးဝန်းကျင်၊ ရေတံခွန် စသည့်နေရာများအား သွားရောက်လေ့လာနိုင်ကြောင်း သိရသည်။

Eleven Media Group

ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းက ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တွင် ဘုရားဖူးလာ ဧည့်သည်များဖြင့် စည်ကားနေမှု (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းက ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တွင် ဘုရားဖူးလာ ဧည့်သည်များဖြင့် စည်ကားနေမှု (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မွန်ပြည်နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ ယခုနှစ် ဘုရားဖူး ကာလအတွင်း ဘုရားလာရောက် ဖူးမြော်သူများ အလွန်များပြားနေပြီး ရုံးပိတ်ရက်များတွင် ဘုရားလာရောက် ဖူးသူဦးရေ တစ်နေ့လျှင် သိန်းဂဏန်းဝန်းကျင်ခန့် ရှိနေကြောင်း ကျိုက်ထီးရိုးစေတီတော် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ ဒီဇင်ဘာ ၇ ရက်တွင် စုံစမ်းသိရသည်။
ယင်းကဲ့သို့ ဘုရားဖူး ဧည့်သည်များ အများအပြား လာရောက်ဖူးမြော်သည့် နေ့များတွင် ကျိုက်ထီးရိုး စေ တီတော် ပရိဝုဏ် အတွင်း ရှိနေသည့် တည်းခိုခန်းများ၊ ဟိုတယ်များတွင် အခန်းလုံလောက်မှု မရှိခြင်းကြောင့် ဘုရားဖူးဧည့် သည် အများအပြားမှာ ရင်ပြင်တော်ပေါ်တွင်သာ အိပ်စက်အနားယူ နေ ရကြောင်း တွေ့ရှိရသည်။

အဆိုပါကဲ့သို့ ဘုရားဖူးဧည့်သည် အများအပြား လာရောက်နေသည့် နေ့များတွင် လူစုကွဲမှုနှင့် လူပျောက် မှုများ နေ့စဉ်အကြိမ်အရေအတွက် ၁၀၀ ၀န်းကျင်ခန့် ဖြစ်ပွားနေကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် လုံခြုံရေးနှင့် စည်း ကမ်းထိန်းသိမ်းရေး ဌာနမှ သိရသည်။

"အခု ဘုရားဖူး ကာလမှာ နေ့စဉ်ဘုရားဖူး ဧည့်သည်တွေ နည်းသွားတယ်ဆိုတာ မရှိဘူး။ ရုံးပိတ်ရက်တွေဖြစ် တဲ့ စနေနေ့မျိုးတွေဆိုရင် တစ်နေ့ကို ဘုရားဖူးဧည့်သည် သိန်းဂဏန်း ၀န်းကျင်လောက် လာကြတယ်။ ဒီလို ဘုရားဖူးဧည့်သည်တွေ များတဲ့အတွက် လူစုကွဲမှုတွေ၊ လူပျောက်မှုတွေ တစ်နေ့ကို အနည်းဆုံး အကြိမ်အရေအတွက် ၃၀ ကနေ ၁၀၀ အထိ ဖြစ်ပွားနေပါတယ်။ အဲဒီလို လူစုကွဲသွားတဲ့ အခါကျရင် ကျွန်တော်တို့ကို အကြောင်းကြားဖို့ လိုတယ်။ ကျွန်တော်တို့က အသံချဲ့စက်ကနေတစ်ဆင့် ကူညီပေးနေတယ်။ အားလုံးကိုလည်း ပြန်ပြီးတော့ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ဒီလို ဘုရားဖူးများတဲ့ ကာလမှာလည်း လူစုမကွဲဖို့ကို သတိထားဖို့ လိုသလို မိမိရဲ့ တန်ဖိုးကြီးတဲ့ပစ္စည်း၊ ပိုက်ဆံတွေကိုလည်း သတိထားပြီး သွားလာဖို့ လိုပါတယ်" ဟု ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ရှိ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ ကိုစောထွန်းဝင်းက ပြောကြားသည်။

ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်တွင် အိပ်စက်ပြီး ဘုရားဖူးခဲ့သူ ကိုမောင်ဇော်က "ကျွန်တော်တို့က ၀န်ထမ်းတွေဆိုတော့ သောကြာနေ့ညမှာ ထွက်လာခဲ့တယ်။ စနေနေ့မနက် အစောကြီးမှာ ဘုရားပေါ် ရောက်တယ်။ အခမဲ့ တည်းခိုခွင့် ရှိတဲ့နေရာတွေ၊ တည်းခိုခန်းတွေ၊ ဟိုတယ်တွေမှာ အခန်းတွေ အားလုံးပြည့်နေတယ်။ ထမင်းဆိုင်တွေမှာလည်း တည်းခိုဖို့က အရမ်းဈေးကြီးနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မိသားစုက ရင်ပြင်တော်မှာပဲ အိပ်စက်အနားယူပြီးတော့ ဘုရားဖူးခဲ့ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ကျိုက်ထီးရိုး စေတီတော်မှတစ်ဆင့် ကျီးကန်းပါးစပ်ဂူတစ်ဝိုက်၊ မုဆိုးတောင်ဝန်းကျင်၊ ရသေ့တောင် တစ်ဝိုက် ကျောက်ထပ်ကြီးဝန်းကျင်၊ ရေတံခွန် စသည့်နေရာများအား သွားရောက်လေ့လာနိုင်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment