Wednesday 11 December 2013

ယခုနှစ် ရေနည်းရာသီ၌ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် သောင် ထွန်း မှု များအပြင် ရေအောက်ကျောက်တန်း ပေါ်ထွန်းမှုများပါ ကြုံတွေ့လာရ

Photo: ယခုနှစ် ရေနည်းရာသီ၌  ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် သောင် ထွန်း မှု များအပြင် ရေအောက်ကျောက်တန်း ပေါ်ထွန်းမှုများပါ ကြုံတွေ့လာရ
Wednesday, December 11, 2013

ယခုနှစ် ရေနည်းရာသီ၌ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် သောင်ထွန်းမှုများအပြင် ရေအောက်ကျောက်တန်း ပေါ်ထွန်းမှုများပါ ကြုံတွေ့လာရကြောင်း သိရသည်။

ကျောက်ရေကြောင်း ပေါ်ထွန်းမှုများသည် နှစ်စဉ်ဖြစ်ပွားလေ့ ရှိသော်လည်း ယခုနှစ်တွင် စစ်ကိုင်းတံတားအောက်ဘက် သောင်ဖြစ်ထွန်းသော နေရာများ၌ ရေအောက်ကျောက်တန်း ဖြစ်ပေါ်ထွန်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

"ရေအောက်ကျောက်တန်း ဖြစ်ပေါ်မှု နှစ်တိုင်းရှိပေမယ့် အခုနှစ်မှာ စစ်ကိုင်းတံတား အောက်ဘက်မှာပါ ဖြစ်ပေါ်နေတာ တွေ့ရှိရတယ်။ ရေစကျနေပြီး သောင်ထွန်းမှုတွေ၊ ရေအောက်ကျောက်တန်း ဖြစ်ပေါ်မှုတွေကြောင့် ရေပေါက်များတဲ့အတွက် ဒီကာလမှာ ရေယာဉ်တွေ အနေနဲ့ ပိုဂရုစိုက် မောင်းနှင်သင့်ပါတယ်။ ကျောက်ရေကြောင်းတွေက ကျောက်ခွဲသင်္ဘောနဲ့ခွဲမှ ရတဲ့အတွက် အဲလိုနေရာတွေကို ရေကြောင်းပြ သင်္ကေတ အမှတ်အသား မှန်ကန်အောင် အဓိကထား လုပ်ဆောင်နေပါတယ်။ ရေကြောင်းကျပ်မှုက မန္တလေးအောက်ပိုင်းထက် မန္တလေးမြို့ အထက်ပိုင်း ရေလမ်းခရီးမှာ ပိုမိုကြုံတွေ့ ရတယ်။ မနှစ်က ဒီဇင်ဘာလထက် စာရင် ဒီနှစ် ရေကြောင်းကျပ်တည်းမှုက အဆိုးကြီး မဟုတ်သေးဘူး" ဟု မန္တလေးတိုင်းဒေသကြီး၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရေအောက်ကျောက်တန်း ဖြစ်ပေါ်မှုများအား စစ်ကိုင်းတံတားအောက်ဘက် မီးသွေးဖုတ် ကျေးရွာအနီး၊ ဆီမီးခုံအောက်ဘက်နှင့် မြင်းမူအထက် ရွာသစ်ကြီးနှင့် မြင်းမူအကြား နေရာများတွင် တွေ့ရှိရကြောင်း သိရသည်။ မန္တလေးမြို့ အထက်ပိုင်း ရေလမ်းကြောင်းဖြစ်သော မန္တလေး-ဗန်းမော် ရေလမ်းကြောင်းတွင်လည်း ရေကြောင်းကျပ်တည်းမှု ဖြစ်ပေါ်လျက်ရှိပြီး ဗန်းမော်နှင့် ကသာကြားတွင် ရေကြောင်းကျပ်တည်းမှု ပိုမိုကြုံတွေ့ရကြောင်း သိရသည်။

ရေနည်းကာလသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ရေလမ်းကြောင်းအတွင်း အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် ရေကြောင်းနယ်မြေအလိုက် ရေနည်းကာလ ရေစူးကန့်သတ်ချက်များ ထုတ်ပြန်ထားရာ ဟင်္သာတမှ ပြည်အထိ ၅ ပေ ၆ လက်မ၊ ပြည်မှမန္တလေးအထိ ၅ ပေ၊ မန္တလေးမှ ကသာအထိ ၄ ပေ၊  ကသာ-ဗန်းမော် ၃ ပေ ၉ လက်မနှင့် ဆင်ဘို-မြစ်ကြီးနား ၂ ပေ ၆ လက်မအဖြစ် ကန့်သတ်ထားရာ ရေယာဉ်များ အနေဖြင့် ကန့်သတ်ချက်နှင့်အညီ ခုတ်မောင်းကြရန် အသိပေး နှိုးဆော်ထားသည်။

EMG

ဧရာဝတီ မြစ်ကြောင်းအတွင်း သောင်ထွန်းခြင်းနှင့် ရေအောက်ကျောက်တန်းများ ဖြစ်ပေါ်နေသည်ကို ဝေဟင်မှ မြင်တွေ့ရစဉ်
ဧရာဝတီ မြစ်ကြောင်းအတွင်း သောင်ထွန်းခြင်းနှင့် ရေအောက်ကျောက်တန်းများ ဖြစ်ပေါ်နေသည်ကို ဝေဟင်မှ မြင်တွေ့ရစဉ်

ယခုနှစ် ရေနည်းရာသီ၌ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် တွင် သောင်ထွန်းမှုများ အပြင် ရေအော က်ကျောက် တန်း ပေါ်ထွန်းမှု များပါ ကြုံတွေ့လာရကြောင်း သိရသည်။


ကျောက်ရေကြောင်း ပေါ်ထွန်းမှုများသည် နှစ်စဉ်ဖြစ်ပွားလေ့ ရှိသော်လည်း ယခုနှစ်တွင် စစ်ကိုင်း တံ တားအောက်ဘက် သောင်ဖြစ်ထွန်းသော နေရာများ၌ ရေအောက်ကျောက်တန်း ဖြစ်ပေါ်ထွန်းမှု များ ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

"ရေအောက်ကျောက်တန်း ဖြစ်ပေါ်မှု နှစ်တိုင်းရှိပေမယ့် အခုနှစ်မှာ စစ်ကိုင်းတံတား အောက်ဘက်မှာ ပါ ဖြစ်ပေါ်နေတာ တွေ့ရှိရတယ်။ ရေစကျနေပြီး သောင်ထွန်းမှုတွေ၊ ရေအောက်ကျောက်တန်း ဖြစ်ပေါ် မှုတွေကြောင့် ရေပေါက်များတဲ့အတွက် ဒီကာလမှာ ရေယာဉ်တွေ အနေနဲ့ ပိုဂရုစိုက် မောင်းနှင် သင့်ပါတယ်။ ကျောက်ရေကြောင်းတွေက ကျောက်ခွဲသင်္ဘောနဲ့ခွဲမှ ရတဲ့အတွက် အဲလိုနေရာတွေကို ရေကြောင်းပြ သင်္ကေတ အမှတ်အသား မှန်ကန်အောင် အဓိကထား လုပ်ဆောင်နေ ပါတယ်။ ရေကြောင်းကျပ်မှုက မန္တလေးအောက်ပိုင်းထက် မန္တလေးမြို့ အထက်ပိုင်း ရေလမ်းခရီးမှာ ပိုမိုကြုံတွေ့ ရတယ်။ မနှစ်က ဒီဇင်ဘာလထက် စာရင် ဒီနှစ် ရေကြောင်းကျပ်တည်းမှုက အဆိုးကြီး မဟုတ်သေးဘူး" ဟု မန္တလေးတိုင်းဒေသကြီး၊ ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရေအောက်ကျောက်တန်း ဖြစ်ပေါ်မှုများအား စစ်ကိုင်းတံတားအောက်ဘက် မီးသွေးဖုတ် ကျေးရွာအနီး၊ ဆီမီးခုံအောက်ဘက်နှင့် မြင်းမူအထက် ရွာသစ်ကြီးနှင့် မြင်းမူအကြား နေရာများတွင် တွေ့ရှိရကြောင်း သိရသည်။ မန္တလေးမြို့ အထက်ပိုင်း ရေလမ်းကြောင်းဖြစ်သော မန္တလေး-ဗန်းမော် ရေလမ်းကြောင်း တွင်လည်း ရေကြောင်းကျပ်တည်းမှု ဖြစ်ပေါ်လျက်ရှိပြီး ဗန်းမော်နှင့် ကသာကြားတွင် ရေကြောင်း ကျပ်တည်းမှု ပိုမိုကြုံတွေ့ရကြောင်း သိရသည်။

ရေနည်းကာလသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ရေလမ်းကြောင်းအတွင်း အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် ရေကြောင်းနယ်မြေအလိုက် ရေနည်းကာလ ရေစူးကန့်သတ်ချက်များ ထုတ်ပြန်ထားရာ ဟင်္သာတမှ ပြည်အထိ ၅ ပေ ၆ လက်မ၊ ပြည်မှမန္တလေးအထိ ၅ ပေ၊ မန္တလေးမှ ကသာအထိ ၄ ပေ၊  ကသာ-ဗန်းမော် ၃ ပေ ၉ လက်မနှင့် ဆင်ဘို-မြစ်ကြီးနား ၂ ပေ ၆ လက်မအဖြစ် ကန့်သတ်ထားရာ ရေ ယာဉ်များ အနေဖြင့် ကန့်သတ်ချက်နှင့်အညီ ခုတ်မောင်းကြရန် အသိပေး နှိုးဆော်ထားသည်။

EMG

No comments:

Post a Comment