Thursday 19 December 2013

ရန်ကုန်တိုင်း အင်န်အယ်လ်ဒီအမှုဆောင်များ အမတ်ရောဂါထနေ ပါတီတွင်းသွေးကွဲအောင် မလုပ်သင့်ဟု တိုင်းဥက္ကဋ္ဌပြောကြား

Photo: ရန်ကုန်တိုင်း အင်န်အယ်လ်ဒီအမှုဆောင်များ အမတ်ရောဂါထနေ ပါတီတွင်းသွေးကွဲအောင် မလုပ်သင့်ဟု တိုင်းဥက္ကဋ္ဌပြောကြား
Thursday, December 19, 2013

ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ် အမှုဆောင်များအတွင်း၌ ၂၀၁၅ ခုနှစ်အတွက် အမတ်ရောဂါ ထနေကြကြောင်း၊ အမတ်ရောဂါ ထခွင့်ရှိသော်လည်း အဖွဲ့ချုပ်သွေး ကွဲအောင် မလုပ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဒီဇင်ဘာ ၁၈ ရက်၌ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီးတိုင်း၊ ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်များ ဒုတိယအကြိမ်တွေ့ဆုံ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားလိုက်သည်။

" တိုင်းနှင့်ပြည်နယ် ညွန်ကြားချက် မလာသေးဘူး။ သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့က မတင်သေးဘူး။ အမတ်လေးနေရာအထိ လျာထားတဲ့မြို့နယ်တွေတောင်ရှိ တယ်။ အထူးသဖြင့် ဘယ်သူက
ပြည်သူ့လွှတ်တော်အမတ်၊ ဘယ်သူက အမျိုးသားလွှတ်တော် အမတ်ဆိုပြီး ဖြစ်နေတာ တွေသိရတယ်။
ဒီလိုရောဂါထခွင့် ရှိပါတယ်။ ဒါပေမဲ့ အမတ်လုပ်ချင်တဲ့ သူတွေဟာ သက်ဆိုင်ရာမြို့နယ်၊ ခရိုင် အမှုဆောင် တွေ၊ ရပ်/ကျေးအမှုဆောင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ဖို့လိုတယ်။ ငါအခုကတည်းက အမတ်လုပ် မယ်ဆိုပြီး အမှုဆောင်တွေကို သဘောထားမတိုက်ဆိုင်အောင် လုပ်တာတို့၊ မိမိနဲ့သဘောထား တိုက်ဆိုင်တဲ့သူ လေးငါးဦးစုတာတို့ မလုပ်ပါနဲ့။ အဖွဲ့ချုပ်အတွင်း သွေးကွဲအောင် မလုပ်ပါနဲ့ " ဟု ၎င်းက ပြောသည်။

ထို့ပြင် အမတ်ဖြစ်ချင်လျှင် အများသဘောတူ လက်ခံအောင် လုပ်ရမည်ဖြစ်ကြောင်း၊ အမတ်ဖြစ်ရေးကိုသာ ကြိုးစားနေပြီး အဖွဲ့ချုပ်၏ လုပ်ငန်းစဉ်များနှင့် ပြည်သူလူထု အကျိုးကိုမေ့လျော့
ထားပါက သေချာပေါက် ၇၅ ရာခိုင်နှုန်း ကျရှုံးသွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။

တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲ သို့ အလုပ်အမှုဆောင် ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အားသဲ၊ တင့်ဇော်ထွန်း၊
စံတော်ချိန် နေ့စဉ်သတင်းစာ 
ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ် အမှုဆောင်များအတွင်း၌ ၂၀၁၅ ခုနှစ်အတွက် အမတ်ရောဂါ ထနေကြကြောင်း၊ အမတ်ရောဂါ ထခွင့်ရှိသော်လည်း အဖွဲ့ချုပ်သွေး ကွဲအောင် မလုပ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးက ဒီဇင်ဘာ ၁၈ ရက်၌ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီးတိုင်း၊ ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်များ ဒုတိယအကြိမ်တွေ့ဆုံ ညှိနှိုင်း အစည်းအဝေး၌ ပြောကြားလိုက်သည်။

" တိုင်းနှင့်ပြည်နယ် ညွန်ကြားချက် မလာသေးဘူး။ သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့က မတင်သေးဘူး။ အမတ်လေးနေရာ အထိ လျာထားတဲ့မြို့နယ်တွေတောင်ရှိ တယ်။ အထူးသဖြင့် ဘယ်သူက ပြည်သူ့လွှတ်တော်အမတ်၊ ဘယ်သူက အမျိုးသား လွှတ်တော် အမတ် ဆိုပြီး ဖြစ်နေတာ တွေသိရတယ်။

ဒီလိုရောဂါထခွင့် ရှိပါတယ်။ ဒါပေမဲ့ အမတ်လုပ်ချင်တဲ့ သူတွေဟာ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်အမှုဆောင် တွေ၊ ရပ်/ကျေး အမှုဆောင်တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ဖို့လိုတယ်။ ငါအခုကတည်းက အမတ်လုပ် မယ်ဆိုပြီး အမှုဆောင်တွေကို သဘောထားမတိုက်ဆိုင်အောင် လုပ်တာတို့၊ မိမိနဲ့သဘောထား တိုက်ဆိုင်တဲ့သူ လေးငါးဦးစုတာတို့ မလုပ်ပါနဲ့။ အဖွဲ့ချုပ်အတွင်း သွေး ကွဲအောင် မလုပ်ပါနဲ့ " ဟု ၎င်းက ပြောသည်။

ထို့ပြင် အမတ်ဖြစ်ချင်လျှင် အများသဘောတူ လက်ခံအောင် လုပ်ရမည်ဖြစ်ကြောင်း၊ အမတ်ဖြစ်ရေးကိုသာ ကြိုးစားနေပြီး အဖွဲ့ချုပ်၏ လုပ်ငန်းစဉ်များနှင့် ပြည်သူလူထု အကျိုးကိုမေ့လျော့ထားပါက သေချာပေါက် ၇၅ ရာခိုင်နှုန်း ကျရှုံးသွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။

တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲ သို့ အလုပ်အမှုဆောင် ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အားသဲ၊ တင့်ဇော်ထွန်း၊
စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment