Tuesday 31 December 2013

ဖွဲ့စည်းပုံပါ သမ္မတအရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ) ပြည်ခိုင်ဖြိုး ပြင်ရန်ဆုံးဖြတ်

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ ပါ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ရန် ဒီဇင်ဘာ ၃၀ တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီ ဒုတိယအကြိမ် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀င်ဦးလှဆွေက အဆိုပါနေ့ ညဦးပိုင်းတွင် မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။
ပုဒ်မ ၅၉(စ)တွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း ထိုတရား ၀င် သားသမီးတစ်ဦးဦးသော်လည်းကောင်း ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင် ပွန်း သော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူ သည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်သူများမဖြစ်စေရဟု ပြဋ္ဌာန်းပါရှိသည်။

အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတအဖြစ် တာဝန်ယူ လိုခြင်းအပေါ် ကန့်သတ်သကဲ့သို့ဖြစ်နေသည့် ပြဋ္ဌာန်းချက်လည်း ဖြစ်သည်။ ဗဟိုကော်မတီဝင် အချို့က မူ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် နည်းလမ်းများ ရွေးချယ်၍ အချိန်ယူ ပြင်ဆင်သင့်ကြောင်း ဆိုကြသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဒီဇင်ဘာ ၃၀ ရက် ည ၉ နာရီခွဲခန့် ထုတ်ပြန်ချက်၌မူ အစားထိုးလိုသည့် ပြဋ္ဌာန်းချက် ၁၂ ခု၊ ဖြည့်စွက်လိုသည့် ၁၃ ခု၊ ပယ်ဖျက်လိုသည့် ငါးခု၊ တိုင်း၊ ပြည်နယ် ဥပဒေပြုစာရင်းတွင် ဖြည့်စွက် လို သည့် ၁၁ ခုနှင့် အခြေအနေအချိန်အခါအရ ပြင်ဆင်သင့်သည့် ပြဋ္ဌာန်းချက် ခြောက်ခု ရှိသည် ဟု ဖော် ပြ ထားသော်လည်း အသေးစိတ်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ယင်းတို့ကို ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ဒီဇင်ဘာ ၃၁ ရက်တွင် တင်ပြသွား မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ အစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက်မှ စတင်၍ သုံးရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ လေ့လာသုံးသပ် ပြင်ဆင်ရေးကိုဦးတည်၍ နိုင်ငံတော်အကြီးအကဲ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ တိုင်းရင်းသားများ၊ နိုင်ငံသားများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၊ တပ်မတော်၏ အခန်း ကဏ္ဍ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးပါတီဆိုင်ရာပြဋ္ဌာန်းချက်များကို ဆွေးနွေးခဲ့သည်ဟု သတင်း ထုတ် ပြန် ချက်က ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment