Tuesday 31 December 2013

ဖမ်းဆီးခံရှမ်းတိုင်းရင်းသားများ လွတ်မြောက်ရေး တွေ့ဆုံဆွေးနွေးရန် PCG အသင့်ဟုဆို

ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသားများ လွတ်မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် PCG မှ ကူညီင်္ရန်အသင့် ရှိနေကြောင်း ကေအိုင်အေ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ဦးလမိုင် ဂွန်ဂျာက ပြောသည်။
“သူတို့အနေနဲ့ PCG ကို တစ်ခါမှ မဆက်သွယ်ဘူး။ KIO က ပြည်သူတွေနဲ့ စစ်တပ် တွေ့ဆုံပေးမယ့် အ ရာအားလုံး ဆွေးနွေးလို့ရတယ်။ ဖမ်းဆီးခံထားရတဲ့ တိုင်းရင်းသားတွေ အကုန်လုံးကို ပြန်လွှတ်ပြီးပါပြီ။ သူတို့သဘောဆန္ဒအရ တာဝန်ထမ်းဆောင်ချင်တဲ့သူတွေပဲ ကျန်တာ။ သူတို့ဘက်ကနေ တွေ့ဆုံဖို့ကမ်း လှမ်းရင်လည်း လက်ခံပေးသွားမှာပါ”ဟု ဆိုသည်။

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ ရွာများမှ ရှမ်းနီနှင့် ကချင်လူမျိုး ၇၀ ခန့်ကို ကေအိုင်အေက ဖမ်း ဆီးထားသည်ဟု တိုင်းလိုင်ရှမ်းနီပါတီက ဒီဇင်ဘာကိုးရက်တွင် ထုတ်ပြန်ထားသည်။

ကေအိုင်အေတပ်ထဲတွင် ရှမ်းတိုင်းရင်းသားများ ကျန်ရှိသောကြောင့် မြန်မာငြိမ်းချမ်းရေးစင်တာသို့ အကူ အညီတောင်းခံ၍ ကေအိုင်အေအဖွဲ့နှင့်တွေ့ဆုံရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ရှမ်းရေးရာအဖွဲ့ (ကချင် ပြည်နယ်)မှအဖွဲ့မှ ဒုတိယခေါင်းဆောင် ဦးစိုင်းဆန်းဝေက မဇ္ဈိမကို ပြောသည်။

“အခု မြန်မာငြိမ်းချမ်းရေးစင်တာမှာတွေ့ဆုံဖို့ စပြီး လုပ်ဆောင်နေပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေကို အကူအညီတောင်းပြီး သူတို့ရဲ့အကူအညီနဲ့ ကေအိုင်အိုကို တွေ့ခွင့်ရဖို့ ဆောင်ရွက် မှာပါ”ဟု ဆိုသည်။

ဒီဇင်ဘာလ၂၁ ရက်နေ့အထိ စာရင်းများအရ ကေအိုင်အိုတပ်ထဲတွင် ရှမ်းတိုင်းရင်းသား၂၁ ဦးရှိပြီး နှစ်ဦး မှာ ခြေထောက်မသန်၍ဟုဆိုကာ ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်နှစ်ဦးမှာမူ ထွက်ပြေး တိမ်းရှောင် သွား သောကြောင့် လက်ရှိတွင် ၁၇ ဦး ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

“PCG မှာမတွေ့တာက သူတို့ကလည်း ကချင်အကျိုးတော်ဆောင်ဖြစ်တဲ့အတွက် မယုံကြည်ဘူး။ ဒါ ကြောင့် မြန်မာငြိမ်းချမ်းရေးစင်တာကတစ်ဆင့် တွေ့ဆုံဖို့ ဆက်သွယ်မှာပါ”ဟု ရှမ်းရေးရာအဖွဲ့မှ ဥက္ကဋ္ဌ ဦးစိုင်းထိန်လင်းက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment