Thursday 5 December 2013

ပြည်သူ့ဝန်ထမ်းစိတ် ပြုစုပျိုးထောင်ရေးနှင့် ဖောင်ကြီးပြုပြင်ပြောင်းလဲရေး

Photo: ပြည်သူ့ဝန်ထမ်းစိတ် ပြုစုပျိုးထောင်ရေးနှင့် ဖောင်ကြီးပြုပြင်ပြောင်းလဲရေး
Thursday, December 5, 2013

 မြန်မာနိုင်ငံတွင်အုပ်ချုပ်ခဲ့သည့် တစ်ပါတီဆိုရှယ်လစ်ခေတ်နှင့် စစ်အာဏာရှင်ခေတ် နှစ်ခေတ်ပေါင်း နှစ်ပေါင်း ၅၀ နီးပါး အရပ်ဘက်ဝန်ထမ်းများအား အစိုးရ၏မူဝါဒများ ရိုက်သွင်းပေးရာ ဖောင်ကြီးသင်တန်းဟု လူသိများသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်သည် ယခုအခါ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များနှင့် သင်တန်းတက်ရောက်ခဲ့ဖူးသူ ၀န်ထမ်းများကပြောသည်။

“ဆရာ၊ ဆရာမတို့ကို ကျွန်တော်က ဘုရင့်နောင်ထက် ပိုပြီးလေးစားပါတယ်။ ဘုရင့်နောင်က ဖောင်သေးသေးလေးကိုပဲ ဖျက်ခဲ့တာ။ ဆရာ၊ ဆရာမတို့က ဖောင်ကြီးကိုတောင်ဖျက်ကြတာ” ၈၈ အရေးအခင်းပြီးစ န၀တစစ်အစိုးရ တာဝန်ယူပြီးချိန် တက္ကသိုလ်ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းဟုဆိုကာ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် ဖွင့်လှစ်သည့် သင်တန်းဆင်းပွဲမိန့်ခွန်း၌ ထိုစဉ်က နိုင်ငံ၏ထိပ်ပိုင်းခေါင်းဆောင်တာဝန်ယူထားသူ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်က ပြောကြားသည့်စကားဖြစ်သည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တွင် ဖွင့်လှစ်သည့် တက္ကသိုလ်ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၏ အစောပိုင်းအပတ်စဉ်တွင် တက်ရောက်ခဲ့ဖူးသူ တက္ကသိုလ်ဆရာတစ်ဦးက အဆိုပါစကားကို မှတ်မှတ်ရရပြန်ပြောင်းပြောပြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အုပ်ချုပ်ခဲ့သည့် ဆိုရှယ်လစ်စစ်အာဏာရှင်ခေတ်နှင့် စစ်အာဏာရှင်ခေတ် နှစ်ခေတ်ပေါင်း နှစ်ပေါင်း ၅၀ အတွင်း အရပ်ဘက်ဝန်ထမ်းများအား အစိုးရ၏မူဝါဒများ ရိုက်သွင်းပေးရာ ဖောင်ကြီးသင်တန်းဟု လူသိများသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်သည် ယခုအခါ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များနှင့် သင်တန်းတက်ရောက်ခဲ့ဖူးသူ ၀န်ထမ်းများကပြောသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးတွင် ဖွင့်လှစ်ထားသဖြင့် ဖောင်ကြီးသင်တန်းဟု လူသိများပြီးနောက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအနီးတွင် အလားတူ ထပ်မံဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ဟူ၍ဖြစ်သည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်ဟု ဆိုသော်လည်း တကယ်တန်းတွင် အခြေခံစစ်ပညာသင်ကြားခြင်းနှင့် အစိုးရ၏ပေါ်လစီများကို အသားပေးသင်ကြားသဖြင့် ထိုသင်တန်းသို့ တက်ရောက်ခဲ့သူ ၀န်ထမ်းများသည် သင်တန်းမှဆင်းလာသည့်အခါ မိမိတို့၏လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်သည့်ပညာရပ် ပါမလာခဲ့ဟု သင်တန်းဆင်းတို့ကဆိုသည်။

“ကျွန်တော်တို့ သင်တန်းမှာ အားလုံးက တက္ကသိုလ်ဆရာ၊ ဆရာမတွေချည်းပဲ။ သင်တာကလည်း ၈၈ အရေးအခင်း ဘာကြောင့်ဖြစ်တယ်ပေါ့။ ဘယ်သူတွေက သွေးထိုးလှုံ့ဆော်လို့ဖြစ်တယ်ပေါ့။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေက အဖြစ်မှန်တွေ အကုန်သိနေကြတာပဲ။ ဒီမဆလတစ်ပါတီအာဏာရှင်ကို လူထုက ဘယ်လိုမှ သည်းမခံနိုင်တော့လို့ ဖြစ်တယ်ဆိုတာကို”ဟု ထိုစဉ်က ဖောင်ကြီးသင်တန်းတက်ရောက်ခဲ့သူ တက္ကသိုလ်ဆရာတစ်ဦးကပြောသည်။

၎င်းတို့သင်တန်းတက်ရောက်စဉ်က သင်ကြားသည့် ဘာသာရပ်များသည် လက်တွေ့လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသည်များနှင့် အပ်စပ်ခြင်းမရှိဘဲ န၀တစစ်အစိုးရ၏ မူဝါဒများကိုသာ ရိုက်သွင်းနေသဖြင့် သင်တန်းတွင် သင်ကြားသည်များအား မလိုက်နာခြင်း၊ စာမေးပွဲတွင် အမေးတခြား၊ အဖြေတခြား ဖြေဆိုခဲ့ခြင်းများရှိခဲ့သဖြင့် ထိုစဉ်က အတွင်းရေးမှူး(၁)တာဝန်ယူခဲ့သူက အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြန်ပြောင်းပြောပြသည်။ အစိုးရ၀န်ထမ်းများသည် ၄င်းတို့၏ရုံးလုပ်ငန်းပညာရပ်များ၊
စီမံခန့်ခွဲမှုပညာရပ်များ၊ ပေါင်းသင်းဆက်ဆံရေးပညာရပ်များသာ သင်ကြားလိုကြပြီး အရပ်ဘက်ဝန်ထမ်းများဖြစ်သဖြင့် စစ်သင်တန်းသဖွယ် သင်ကြားခြင်းမျိုးကို ဝေဖန်ကြခြင်းဖြစ်သည်။

အလားတူ ဆရာဝန်၊ အင်ဂျင်နီယာ စသည်ကဲ့သို့ ပညာရှင်အစိုးရ၀န်ထမ်းများအနေဖြင့်လည်း သင်တန်းတွင် သင်ကြားသည့် ဘာသာရပ်နှင့် ၄င်းတို့လုပ်ငန်းခွင်တွင် အသုံးချရမည့် အကြောင်းအရာမျိုးမဖြစ်၍ ဖောင်ကြီးတက်ရန် တွန့်ဆုတ်ကြသည်။

“ကျွန်တော်တို့ အလုပ်ခွင်မ၀င်မီ ဖောင်ကြီးကို အရင်တက်ရတယ်။ ဖောင်ကြီးမှာသင်တာက စစ်ရေးပြရယ်၊ အခြားဘာသာရပ်တွေပေါ့။ တကယ်တမ်းလုပ်ငန်းခွင်နဲ့ အပ်စပ်မှုတော့မရှိဘူး။ဒါပေမဲ့ လူငယ်ဆိုတော့ ဘော်ဒါတွေဆုံရတယ်။ ညဘက် nightstudy ပြီးတာနဲ့ အဲဒါအားလုံးစုပြီးသောက်ကြတော့တာပဲ”ဟု မကြာသေးမီက သင်တန်းတက်ရောက်ကာ လုပ်ငန်းခွင်ဝင်ခဲ့သူ လူငယ်ဆရာဝန်တစ်ဦးကပြောသည်။

“ကျွန်မဆို ဖောင်ကြီးမတက်ချင်လို့ ရှောင်ရှောင်နေတာ နည်းအမျိုးမျိုးနဲ့ပေါ့။ နောက်ပိုင်းကျတော့လည်း မရပါဘူး။ သွားတက်လိုက်ရတာပါပဲ။ ပြန်လာတော့လည်း ဒုံရင်းကဒုံရင်းပါပဲ။ ဘာမှလည်းထူးမလာပါဘူး။ နဂိုက လခနဲ့လောက်ငအောင် စားနေရတာမှာ သင်တန်းတက်လို့ အကြွေးနည်းနည်းတော့ ထပ်တင်သွားတာတော့ရှိတယ်”ဟု အစိုးရဌာနတစ်ခုမှ အမှုထမ်းအမျိုးသမီးတစ်ဦးကပြောသည်။

နိုင်ငံတော်တွင် ၀န်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်အတွက် ဗဟိုအဆင့်သင်တန်းကျောင်းများ များစွာလိုအပ်သော်လည်း ဖွင့်လှစ်မည်ဆိုပါက ၀န်ထမ်းများ၏ စွမ်းရည်မြင့်မားသွားစေရန် လုပ်ငန်းခွင်ဆက်စပ်သင်တန်းမျိုးသာ ဖွင့်လှစ်စေလိုသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။ “ဗဟိုအဆင့်သင်တန်းတွေ တွေ့ဖူးပါတယ်။ ဥပမာ ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်းလိုမျိုးပေါ့။ ၀န်ထမ်းတွေရဲ့ကျွမ်းကျင်မှုမြင့်မားစေတဲ့သင်တန်းမျိုး၊ ၀န်ထမ်းတွေရဲ့ကျွမ်းကျင်မှုကို အဆင့်ဆင့်မြင့်သွားစေတဲ့ သင်တန်းမျိုးတွေ အဲဒါမျိုးတွေကတော့ နိုင်ငံတော်မှာ နည်းနေသေးတယ်ထင်တယ်”ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။ “အခု ဗဟိုဝန်ထမ်းတက္ကသိုလ်က ဘာတွေသင်ပေးလဲ၊ ဘယ်လိုပုံစံမျိုးဖြစ်နေလဲ ဒါတွေကို အရင်သုံးသပ်ဖို့ လိုမယ်ထင်တယ်”ဟု ဦးခိုင်မောင်ရည်က ဆက်လက်ပြောကြားသည်။

ယင်းဗဟိုဝန်ထမ်းတက္ကသိုလ်တွင် အစိုးရ၀န်ထမ်းများအတွက် သင်တန်းအမျိုးမျိုးကို အမည်အမျိုးမျိုးတပ်၍ ဖွင့်လှစ်ပေးပြီး နိုင်ငံရေးသိပ္ပံ၊ ဥပဒေ၊ လူမှုရေး၊ စီးပွားရေး၊ စစ်ပညာစီမံခန့်ခွဲဘာသာရပ်၊ ၀န်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း စသည့်ဘာသာရပ်များကို သင်ကြားပေးသည်ဟုဆိုသော်လည်း စစ်ရေးပြနှင့် အခြေခံလက်နက်ငယ်သင်တန်းများပို့ချခြင်း၊ အစိုးရ၏မူဝါဒများကို ရိုက်သွင်းခြင်းများပြုလုပ်လေ့ရှိသည်။

သင်တန်းတွင် စည်းကမ်းပိုင်းဆိုင်ရာအတွက် စစ်သင်တန်းပေးသည်ဆိုသော်လည်း တကယ်တမ်းတွင် အဆိုပါစည်းကမ်းပိုင်းဆိုင်ရာ ဘာသာရပ်များအတွင်းကပင် လစ်ဟာမှုများရှိနေကြောင်း သင်တန်းတက်ရောက်ခဲ့ဖူးသူ အကောက်ခွန်ဦးစီးဌာနမှ အရာထမ်းငယ်တစ်ဦးကပြောသည်။

“အဲဒီသင်တန်းမှာ မနက်မိုးလင်းရင် ကိုယ်အိပ်တဲ့အိပ်ရာက စစ်တပ်မှာ ခေါက်တဲ့ပုံစံမျိုးနဲ့ သိမ်းရတယ်။ အဲဒါ အိပ်ရာထတဲ့အချိန်ဆို ကမန်းကတန်းနဲ့လုပ်ရတော့ ခေါက်လို့အဆင်မပြေဘူး။ အဲဒီအခါက ဘာလုပ်ရလဲဆိုတော့ တချို့ဆို အိပ်ရာလိပ်နှစ်စုံယူလာတယ်။ မိုးလင်းတာနဲ့ ညကအိပ်တဲ့အိပ်ရာကို လုံးထွေးပြီး သေတ္တာထဲထည့်၊ သေတ္တာထဲကခေါက်ပြီးသား အိပ်ရာလိပ်ကိုထုတ်၊ ခုတင်ပေါ် နေသားတကျပြန်တင်လုပ်တယ်။ တချို့ကျတော့ ကျောင်းကတာဝန်ရှိတဲ့သူဆီက ငှားကြတယ်။ ပိုက်ဆံပေးပြီးတော့ပေါ့။ ပြောချင်တာကတော့ စည်းကမ်းပိုင်းကို သင်တယ်ဆိုပေမယ့် အဲဒီအပေါ်မှာ စည်းကမ်းဖောက်နေကြတာကိုပါ”ဟု ၄င်းကပြောသည်။

ထို့အပြင် သင်တန်းတွင်သင်ကြားသည့် လူမှုဆက်ဆံရေးဘာသာရပ်ဟူသည်မှာလည်း အထက်အရာရှိများ၏ ပြောဆိုသမျှအား နာခံတတ်ရုံ၊ လူ့အောက်ကျို့တတ်ရုံသင်ပေးသည့် ဘာသာရပ်များဖြစ်နေသည်ဟုဆိုသည်။

“ကျွန်တော်တို့ကို အမိန့်နာခံတတ်အောင် အထက်အရာရှိခိုင်းသမျှ ပြန်မပြောဘဲလုပ်ပေးတတ်အောင် သင်ပေးလိုက်သလိုပဲ။ ကျွန်တော်တို့တက်ခဲ့ရတဲ့ သင်တန်းသုံးလမှာ လုပ်ငန်းခွင်နဲ့ပတ်သက်တာသိပ်မပါခဲ့ဘူး။ လုပ်ငန်းခွင်ကအရာရှိကြီးတွေက လုပ်ငန်းအကြောင်းကို တစ်နေ့တစ်နာရီလောက်ပဲ လာလာပြောကြတယ်။ ပြီးရင် သူတို့ကပြန်သွားကြတာ။ အဲဒီအချိန်တွေမှာသာ သက်ဆိုင်ရာလုပ်ငန်းခွင်အကြောင်းကို ထိထိရောက်ရောက်သင်ပေးနိုင်မယ်ဆို တော်တော်ကောင်းမှာ”ဟု အဆိုပါ အကောက်ခွန်အရာထမ်းက သူ၏ဖောင်ကြီးသင်တန်းအတွေ့အကြုံကို ပြောပြသည်။

ဖောင်ကြီးသင်တန်းဟု လူသိများသည့် ဗဟိုဝန်ထမ်းတက္ကသိုလ် ပေါ်ပေါက်လာခြင်းသည် အမှန်တကယ် အရင်းခံရည်ရွယ်ချက်နှင့် လုပ်ကိုင်နေသည်များ ကွဲလွဲနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနတွင် ကြာရှည်စွာတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒုတိယညွှန်ကြားရေးမှူး အငြိမ်းစား ဒေါက်တာသန်းထွဋ်ကပြောသည်။

ယင်းသင်တန်းတွင် အမှန်တကယ် ၀န်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ရုံးလုပ်ငန်းများ၊ စီမံခန့်ခွဲရေးပညာရပ်များ သင်ကြားပေးသည်ဆိုလျှင်ပင် ယနေ့ခေတ်သည် e-Government စနစ်သို့ လျှောက်လှမ်းနေသည့်အတွက် ယခင်က ရုံးလုပ်ငန်းများနှင့် စည်းမျဉ်းစည်းကမ်းများ ခေတ်မမီတော့၍ သင်ရိုးများပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေါက်တာသန်းထွဋ်ကပြောကြားသည်။

အစိုးရအဖွဲ့အတွင်းတွင်လည်း အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပြောင်းလဲရန်အတွက် သမ္မတရုံးဝန်ကြီးဦးလှထွန်းခေါင်းဆောင်၍ ဆောင်ရွက်နေကြောင်းနှင့် ထိုအထဲတွင် ၀န်ထမ်းများအား ပြည်သူ၏အစေခံများအဖြစ် မိမိကိုယ်ကိုယ်မိမိ ခံယူတတ်လာစေရန် လေ့ကျင့်သင်ကြားမည့် အစီအစဉ်လည်းပါရှိသဖြင့် ဖောင်ကြီးကဲ့သို့သောသင်တန်းများတွင် အဆိုပါသင်ရိုးများပြောင်းလဲရန် ပြင်ဆင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်ဟု သမ္မတအကြံပေး ပါမောက္ခဒေါက်တာအောင်ထွန်းသက်ကပြောသည်။

ဖောင်ကြီးသင်တန်းနှင့်ပတ်သက်၍ ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတစ်ခုတွင် လွှတ်တော်အမတ်တစ်ဦးက မေးခွန်းထုတ်ခဲ့ဖူးပြီး လာရောက်ဖြေဆိုသူပုဂ္ဂိုလ်က ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်မည်ဟု ပြောကြားခဲ့သော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ဖောင်ကြီးသင်တန်းမှ တာဝန်ရှိသူများအားမေးမြန်းရန် ရုံးအဖွဲ့မှတစ်ဆင့် ဆက်သွယ်သော်လည်း သင်တန်းတာဝန်ရှိသူများက ဖြေဆိုရန်ငြင်းဆန်ကြောင်း အကြောင်းပြန်ခဲ့သည်။

“ဖောင်ကြီးက ရည်ရွယ်ချက်ကောင်းပါတယ်။ ၀န်ထမ်းအဆင့်လိုက် အလုပ်လုပ်နိုင်အောင် နိုင်ငံရဲ့ပေါ်လစီတွေကိုသင်ပေးတာ အဲဒါက မဆလခေတ်ကတည်းကလုပ်ခဲ့တာ။ ဒါပေမဲ့ အခုထိမပြောင်းသေးဘူး။ ခေတ်သစ်၊ စနစ်သစ်နဲ့ လျော်ညီအောင် ပြင်ဖို့လိုပြီ။ နောက်ပြီး စစ်သင်တန်းပေးတာလည်း သဘာဝမကျဘူး။ စစ်ပညာက နည်းနည်းပါးပါးသိဖို့ လိုတာမှန်ပေမယ့် ရဲဘော်သစ်သင်တန်းလို ပေးတာတော့ မလိုပါဘူး။ ကျန်းမာရေး ကိုယ်လက်လှုပ်ရှားဖို့အတွက်လောက်ဆို ရပြီပေါ့။ အခုဟာက စစ်သင်တန်းအတွက် အချိန်တွေအရမ်းပေးနေတယ်”ဟု ဟိုတယ်ခရီးမှ အငြိမ်းစားအရာရှိကြီးတစ်ဦးက သူ၏အမြင်ကိုပြောပြသည်။

ဝန်ထမ်းများအား စစ်ပညာသင်ကြားခြင်းနှင့်ပတ်သက်၍ “ဖောင်ကြီးတက်ပြီဆို မလွဲမသွေတက်ရတာက စစ်သင်တန်းပဲ။ စစ်ရေးပြ အခြေခံသင်ပေးတဲ့အပြင် လက်နက်ငယ်သင်တန်းပါ ပါတယ်။ အဲဒါက ဘာအတွက်လဲလို့ မေးစရာရှိတယ်။ အဲဒီဝန်ထမ်းတွေက လုပ်ငန်းခွင်ပြန်ရောက်သွားတဲ့အခါကျတော့ ပင်စင်သွားတဲ့အထိ သေနတ်ကို တစ်ခါမှကိုင်ခွင့်မရခဲ့တဲ့ အခြေအနေ။ လိုအပ်ရင် ၀န်ထမ်းတွေက သေနတ်ပစ်တတ်အောင်ဆိုရအောင်ကလည်း နိုင်ငံက အဲဒီလိုအခြေအနေမဟုတ်ဘူး”ဟု ဦးခိုင်မောင်ရည်ကပြောသည်။

အစိုးရ၀န်ထမ်းဖြစ်ပါက အရာထမ်းဖြစ်စေ၊ အမှုထမ်းဖြစ်စေ ထိုသင်တန်းသို့ မဖြစ်မနေတက်ရမည်ဖြစ်ပြီး သင်တန်းတွင် ၀န်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်သည်များ သင်ကြားပေးပြီး ၀န်ထမ်းများအား စွယ်စုံရစေရန် သင်ကြားပေးသဖြင့် ကောင်းမွန်သည့်သင်တန်းတစ်ခုဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်ကပြောသည်။

သို့သော် ၀န်ထမ်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် လူမှုရေး၊ စီးပွားရေး အခက်အခဲများကြောင့် ယင်းသင်တန်း မတက်ရောက်လိုကြကြောင်း၊ ထို့ကြောင့် ၀န်ထမ်းများစိတ်ဝင်စားမှုရှိလာစေရန် သင်တန်းသင်ရိုးများ ခေတ်နှင့်လျော်ညီစေရန်ပြောင်းလဲခြင်း၊ ယခုကဲ့သို့ ရက်ရှည်သင်တန်းများမဟုတ်ဘဲ ရက်တိုသင်တန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဆိုပါက ၀န်ထမ်းများစိတ်ဝင်စားမှုရှိလာကာ သင်ရကျိုးနပ်သည့် သင်တန်းတစ်ခုဖြစ်လာနိုင်မည်ဟု ဦးအေးမောက်က ဆက်လက်ပြောကြားသည်။

“နိုင်ငံတကာမှာလည်း ၀န်ထမ်းတွေကို ပြည်သူ့အကျိုးပြုတဲ့ ပြည်သူ့အစေခံတွေအဖြစ် သင်ကြားပေးတဲ့ကျောင်းတွေရှိတယ်။ ဒီမှာလည်း ၀န်ထမ်းတွေရဲ့ အရည်အသွေးတွေ တက်လာအောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရမှာပါ”ဟု ဒေါက်တာအောင်ထွန်းသက်ကပြောသည်။

ထိုသို့ ပြုပြင်ပြောင်းလဲရာတွင် အလယ်အလတ်အဆင့် အရာထမ်းများအား ဖောင်ကြီးကဲ့သို့သော သင်တန်းများ တကယ်တမ်းလုပ်ငန်းခွင်တွင် အကျိုးရှိမည့် သင်ရိုးများဖြင့် သင်ကြားပေးသည့် သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ထိပ်ပိုင်းအရာရှိများဖြစ်သည့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်အဆင့်များအတွက် လူမှုစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA)ကဲ့သို့သော သင်တန်းများဖွင့်လှစ်သွားမည်ဟု ဒေါက်တာအောင်ထွန်းသက်ကပြောသည်။

“အဲဒီသင်တန်းတွေမှာ ၀န်ထမ်းဆိုတာ တာဝန်သိရမယ်။ တာဝန်ယူရမယ်။ တာဝန်ခံရမယ်။ ရုံးရောက်တာနဲ့ ဒီနေ့ ပြည်သူအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အတွေးမျိုးတွေဝင်လာအောင် သင်ကြားပေးနိုင်တဲ့ သင်တန်းတွေအထိ ဖွင့်လှစ်သွားဖို့လိုတယ်”ဟု ၄င်းကဆက်လက်ပြောကြားသည်။ ထိုကဲ့သို့ သင်ရိုးများပီပီပြင်ပြင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဆိုပါက အစိုးရ၏ ပြုပြင်ပြောင်းလဲရေးယန္တရားအတွက် အထောက်အကူဖြစ်မည့်၊ ပြည်သူ့ဝန်ထမ်းစိတ်ဓာတ်အပြည့်ဖြင့် ပြည်သူ့တာဝန်ထမ်းဆောင်မည့်သူများအဖြစ် မွေးထုတ်ပေးနိုင်မည့်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်အဖြစ် ရပ်တည်သွားနိုင်မည် ဖြစ်ပေသည်။ ။

ရေးသားသူ- ကိုသီဟ
7Day News Journal
မြန်မာနိုင်ငံတွင်အုပ်ချုပ်ခဲ့သည့် တစ်ပါတီဆိုရှယ်လစ်ခေတ်နှင့် စစ်အာဏာရှင်ခေတ် နှစ်ေ ခတ်ပေါင်း နှစ်ေ ပါင်း ၅၀ နီးပါး အရပ်ဘက်ဝန်ထမ်းများအား အစိုးရ၏မူဝါဒများ ရိုက်သွင်းပေးရာ ဖောင်ကြီးသင်တန်းဟု လူသိများသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်သည် ယခုအခါ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များနှင့် သင်တန်းတက်ရောက်ခဲ့ဖူးသူ ၀န်ထမ်းများကပြောသည်။
“ဆရာ၊ ဆရာမတို့ကို ကျွန်တော်က ဘုရင့်နောင်ထက် ပိုပြီးလေးစားပါတယ်။ ဘုရင့်နောင်က ဖောင်ေ သးသေးလေး ကိုပဲ ဖျက်ခဲ့တာ။ ဆရာ၊ ဆရာမတို့က ဖောင်ကြီးကိုတောင်ဖျက်ကြတာ” ၈၈ အရေး အခင်းပြီးစ န၀တစစ်အစိုးရ တာဝန်ယူပြီးချိန် တက္ကသိုလ်ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းဟုဆိုကာ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် ဖွင့်လှစ်သည့် သင်တန်းဆင်းပွဲမိန့်ခွန်း၌ ထိုစဉ်က နိုင်ငံ၏ ထိပ် ပိုင်းခေါင်းဆောင်တာဝန်ယူထားသူ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်က ပြောကြားသည့် စကားဖြစ် သည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တွင် ဖွင့်လှစ်သည့် တက္ကသိုလ်ဆရာ၊ ဆရာမများ အထူးမွမ်းမံ သင်တန်း၏ အစောပိုင်းအပတ်စဉ်တွင် တက်ရောက်ခဲ့ဖူးသူ တက္ကသိုလ်ဆရာတစ်ဦးက အဆိုပါစကားကို မှတ်မှတ်ရရပြန်ပြောင်းပြောပြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အုပ်ချုပ်ခဲ့သည့် ဆိုရှယ်လစ်စစ်အာဏာရှင်ခေတ်နှင့် စစ်အာဏာရှင်ခေတ် နှစ်ခေတ်ေ ပါင်း နှ စ်ပေါင်း ၅၀ အတွင်း အရပ်ဘက်ဝန်ထမ်းများအား အစိုးရ၏မူဝါဒများ ရိုက်သွင်းပေး ရာ ဖောင်ကြီးသင်တန်းဟု လူသိများသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်သည် ယခုအခါ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များနှင့် သင်တန်းတက်ရောက်ခဲ့ဖူးသူ ၀န်ထမ်းများ ကပြောသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးတွင် ဖွင့်လှစ်ထား သဖြင့် ဖောင်ကြီးသင်တန်းဟု လူသိများပြီးနောက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအနီးတွင် အလားတူ ထပ်မံဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ဟူ၍ဖြစ်သည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်ဟု ဆိုသော်လည်း တကယ်တန်းတွင် အခြေခံစစ်ပညာသင်ကြားခြင်းနှင့် အစိုးရ၏ပေါ်လစီများကို အသားပေးသင်ကြားသဖြင့် ထိုသင်တန်းသို့ တက်ရောက်ခဲ့သူ ၀န်ထမ်းများသည် သင်တန်းမှဆင်းလာသည့်အခါ မိမိတို့၏လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်သည့်ပညာရပ် ပါမလာခဲ့ဟု သင်တန်းဆင်းတို့ကဆိုသည်။

“ကျွန်တော်တို့ သင်တန်းမှာ အားလုံးက တက္ကသိုလ်ဆရာ၊ ဆရာမတွေချည်းပဲ။ သင်တာကလည်း ၈၈ အရေးအခင်း ဘာကြောင့်ဖြစ်တယ်ပေါ့။ ဘယ်သူတွေက သွေးထိုးလှုံ့ဆော်လို့ဖြစ်တယ်ပေါ့။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေက အဖြစ်မှန်တွေ အကုန်သိနေကြတာပဲ။ ဒီမဆလတစ်ပါတီအာဏာရှင်ကို လူထုက ဘယ်လိုမှ သည်းမခံနိုင်တော့လို့ ဖြစ်တယ်ဆိုတာကို”ဟု ထိုစဉ်က ဖောင်ကြီးသင်တန်းတက်ရောက်ခဲ့သူ တက္ကသိုလ်ဆရာတစ်ဦးကပြောသည်။

၎င်းတို့သင်တန်းတက်ရောက်စဉ်က သင်ကြားသည့် ဘာသာရပ်များသည် လက်တွေ့လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသည်များနှင့် အပ်စပ်ခြင်းမရှိဘဲ န၀တစစ်အစိုးရ၏ မူဝါဒများကိုသာ ရိုက်သွင်းနေသဖြင့် သင်တန်းတွင် သင်ကြားသည်များအား မလိုက်နာခြင်း၊ စာမေးပွဲတွင် အမေးတခြား၊ အဖြေ တခြား ဖြေဆိုခဲ့ခြင်းများရှိခဲ့သဖြင့် ထိုစဉ်က အတွင်းရေးမှူး(၁)တာဝန်ယူခဲ့သူက အထက်ပါ အတိုင်း ပြော ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကပြန်ပြောင်းပြောပြသည်။ အစိုးရ၀န်ထမ်းများသည် ၄င်းတို့၏ရုံးလုပ်ငန်းပညာ ရပ်များ၊ စီမံခန့်ခွဲမှုပညာရပ်များ၊ ပေါင်းသင်းဆက်ဆံရေးပညာရပ် များသာ သင်ကြားလိုကြပြီး အရပ်ဘက်ဝန်ထမ်းများဖြစ်သဖြင့် စစ်သင်တန်းသဖွယ် သင်ကြားခြင်းမျိုးကို ဝေဖန်ကြခြင်းဖြစ်သည်။

အလားတူ ဆရာဝန်၊ အင်ဂျင်နီယာ စသည်ကဲ့သို့ ပညာရှင်အစိုးရ၀န်ထမ်းများအနေဖြင့်လည်း သင်တန်းတွင် သင်ကြားသည့် ဘာသာရပ်နှင့် ၄င်းတို့လုပ်ငန်းခွင်တွင် အသုံးချရမည့် အကြောင်းအရာမျိုးမဖြစ်၍ ဖောင်ကြီးတက်ရန် တွန့်ဆုတ်ကြသည်။

“ကျွန်တော်တို့ အလုပ်ခွင်မ၀င်မီ ဖောင်ကြီးကို အရင်တက်ရတယ်။ ဖောင်ကြီးမှာသင်တာက စစ်ရေးပြရယ်၊ အခြားဘာသာရပ်တွေပေါ့။ တကယ်တမ်းလုပ်ငန်းခွင်နဲ့ အပ်စပ်မှုတော့မရှိဘူး။ဒါပေမဲ့ လူငယ်ဆိုတော့ ဘော်ဒါတွေဆုံရတယ်။ ညဘက် nightstudy ပြီးတာနဲ့ အဲဒါအားလုံးစုပြီးသောက်ကြတော့ တာပဲ”ဟု မကြာသေးမီက သင်တန်းတက်ရောက်ကာ လုပ်ငန်းခွင်ဝင်ခဲ့သူ လူငယ်ဆရာဝန် တစ်ဦးကပြောသည်။

“ကျွန်မဆို ဖောင်ကြီးမတက်ချင်လို့ ရှောင်ရှောင်နေတာ နည်းအမျိုးမျိုးနဲ့ပေါ့။ နောက်ပိုင်းကျတော့လည်း မရပါဘူး။ သွားတက်လိုက်ရတာပါပဲ။ ပြန်လာတော့လည်း ဒုံရင်းကဒုံရင်းပါပဲ။ ဘာမှလည်းထူးမလာပါဘူး။ နဂိုက လခနဲ့လောက်ငအောင် စားနေရတာမှာ သင်တန်းတက်လို့ အကြွေးနည်းနည်းတော့ ထပ်တင်သွားတာတော့ရှိတယ်”ဟု အစိုးရဌာနတစ်ခုမှ အမှုထမ်းအမျိုးသမီးတစ်ဦးကပြောသည်။

နိုင်ငံတော်တွင် ၀န်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်အတွက် ဗဟိုအဆင့် သင်တန်းကျောင်းများ များစွာလိုအပ်သော်လည်း ဖွင့်လှစ်မည်ဆိုပါက ၀န်ထမ်းများ၏ စွမ်းရည်မြင့်မား သွားစေရန် လုပ်ငန်းခွင်ဆက်စပ်သင်တန်းမျိုးသာ ဖွင့်လှစ်စေလိုသည် ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကပြောသည်။ “ဗဟိုအဆင့်သင်တန်းတွေ တွေ့ဖူးပါတယ်။ ဥပမာ ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်းလိုမျိုးပေါ့။
ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှုမြင့်မားစေတဲ့သင်တန်းမျိုး၊ ၀န်ထမ်းတွေရဲ့ကျွမ်းကျင်မှုကို အဆင့်ဆင့်မြင့်သွားစေတဲ့ သင်တန်းမျိုးတွေ အဲဒါမျိုးတွေကတော့ နိုင်ငံတော်မှာ နည်းနေသေးတယ်ထင်တယ်”ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။ “အခု ဗဟိုဝန်ထမ်းတက္ကသိုလ်က ဘာတွေသင်ပေးလဲ၊ ဘယ်လိုပုံစံမျိုးဖြစ်နေလဲ ဒါတွေကို အရင်သုံးသပ်ဖို့ လိုမယ်ထင်တယ်”ဟု ဦးခိုင်မောင်ရည်က ဆက်လက်ပြောကြားသည်။

ယင်းဗဟိုဝန်ထမ်းတက္ကသိုလ်တွင် အစိုးရ၀န်ထမ်းများအတွက် သင်တန်းအမျိုးမျိုးကို အမည်အမျိုးမျိုးတပ်၍ ဖွင့်လှစ်ပေးပြီး နိုင်ငံရေးသိပ္ပံ၊ ဥပဒေ၊ လူမှုရေး၊ စီးပွားရေး၊ စစ်ပညာစီမံခန့်ခွဲဘာသာရပ်၊ ၀န်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း စသည့်ဘာသာရပ်များကို သင်ကြားပေးသည်ဟုဆိုသော်လည်း စစ်ရေးပြနှင့် အခြေခံလက်နက်ငယ်သင်တန်းများပို့ချခြင်း၊ အစိုးရ၏မူဝါဒများကို ရိုက်သွင်းခြင်းများပြုလုပ်လေ့ရှိသည်။

သင်တန်းတွင် စည်းကမ်းပိုင်းဆိုင်ရာအတွက် စစ်သင်တန်းပေးသည်ဆိုသော်လည်း တကယ်တမ်းတွင် အဆိုပါစည်းကမ်းပိုင်းဆိုင်ရာ ဘာသာရပ်များအတွင်းကပင် လစ်ဟာမှုများရှိနေကြောင်း သင်တန်းတက်ရောက် ခဲ့ဖူးသူ အကောက်ခွန်ဦးစီးဌာနမှ အရာထမ်းငယ်တစ်ဦးကပြောသည်။

“အဲဒီသင်တန်းမှာ မနက်မိုးလင်းရင် ကိုယ်အိပ်တဲ့အိပ်ရာက စစ်တပ်မှာ ခေါက်တဲ့ပုံစံမျိုးနဲ့ သိမ်းရတယ်။ အဲဒါ အိပ်ရာထတဲ့အချိန်ဆို ကမန်းကတန်းနဲ့လုပ်ရတော့ ခေါက်လို့အဆင်မပြေဘူး။ အဲဒီအခါက ဘာလုပ်ရလဲဆိုတော့ တချို့ဆို အိပ်ရာလိပ်နှစ်စုံယူလာတယ်။ မိုးလင်းတာနဲ့ ညကအိပ်တဲ့အိပ်ရာကို လုံးထွေးပြီး သေတ္တာထဲထည့်၊ သေတ္တာထဲကခေါက်ပြီးသား အိပ်ရာလိပ်ကိုထုတ်၊ ခုတင်ပေါ် နေသားတကျပြန်တင်လုပ်တယ်။ တချို့ကျတော့ ကျောင်းကတာဝန်ရှိတဲ့သူဆီက ငှားကြတယ်။ ပိုက်ဆံပေးပြီးတော့ပေါ့။ ပြောချင်တာကတော့ စည်းကမ်းပိုင်းကို သင်တယ်ဆိုပေမယ့် အဲဒီအပေါ်မှာ စည်းကမ်းဖောက်နေကြတာကိုပါ”ဟု ၄င်းကပြောသည်။

ထို့အပြင် သင်တန်းတွင်သင်ကြားသည့် လူမှုဆက်ဆံရေးဘာသာရပ်ဟူသည်မှာလည်း အထက်အရာရှိများ၏ ပြောဆိုသမျှအား နာခံတတ်ရုံ၊ လူ့အောက်ကျို့တတ်ရုံသင်ပေးသည့် ဘာသာရပ်များဖြစ်နေသည်ဟုဆိုသည်။

“ကျွန်တော်တို့ကို အမိန့်နာခံတတ်အောင် အထက်အရာရှိခိုင်းသမျှ ပြန်မပြောဘဲလုပ်ပေးတတ်အောင် သင်ပေးလိုက်သလိုပဲ။ ကျွန်တော်တို့တက်ခဲ့ရတဲ့ သင်တန်းသုံးလမှာ လုပ်ငန်းခွင်နဲ့ပတ်သက်တာသိပ်မပါခဲ့ဘူး။ လုပ်ငန်းခွင်ကအရာရှိကြီးတွေက လုပ်ငန်းအကြောင်းကို တစ်နေ့တစ်နာရီလောက်ပဲ လာလာပြောကြတယ်။ ပြီးရင် သူတို့ကပြန်သွားကြတာ။ အဲဒီအချိန်တွေမှာသာ သက်ဆိုင်ရာလုပ်ငန်းခွင်အကြောင်းကို ထိထိရောက်ရောက်သင်ပေးနိုင်မယ်ဆို တော်တော်ကောင်းမှာ”ဟု အဆိုပါ အကောက်ခွန်အရာထမ်းက သူ၏ဖောင်ကြီးသင်တန်းအတွေ့အကြုံကို ပြောပြသည်။

ဖောင်ကြီးသင်တန်းဟု လူသိများသည့် ဗဟိုဝန်ထမ်းတက္ကသိုလ် ပေါ်ပေါက်လာခြင်းသည် အမှန်တကယ် အရင်းခံရည်ရွယ်ချက်နှင့် လုပ်ကိုင်နေသည်များ ကွဲလွဲနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနတွင် ကြာရှည်စွာတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဒုတိယညွှန်ကြားရေးမှူး အငြိမ်းစား ဒေါက်တာသန်းထွဋ် ကပြော သည်။

ယင်းသင်တန်းတွင် အမှန်တကယ် ၀န်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ရုံးလုပ်ငန်းများ၊ စီမံခန့်ခွဲရေးပညာရပ်များ သင်ကြားပေးသည်ဆိုလျှင်ပင် ယနေ့ခေတ်သည် e-Government စနစ်သို့ လျှောက်လှမ်းနေသည့်အတွက် ယခင်က ရုံးလုပ်ငန်းများနှင့် စည်းမျဉ်းစည်းကမ်းများ ခေတ်မမီတော့၍ သင်ရိုးများပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေါက်တာသန်းထွဋ်ကပြောကြားသည်။

အစိုးရအဖွဲ့အတွင်းတွင်လည်း အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပြောင်းလဲရန်အတွက် သမ္မတရုံးဝန်ကြီးဦးလှထွန်းခေါင်းဆောင်၍ ဆောင်ရွက်နေကြောင်းနှင့် ထိုအထဲတွင် ၀န်ထမ်းများအား ပြည်သူ၏အစေခံများအဖြစ် မိမိကိုယ်ကိုယ်မိမိ ခံယူတတ်လာစေရန် လေ့ကျင့်သင်ကြားမည့် အစီအစဉ်လည်းပါရှိသဖြင့် ဖောင်ကြီးကဲ့သို့သောသင်တန်းများတွင် အဆိုပါသင်ရိုးများပြောင်းလဲရန် ပြင်ဆင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်ဟု သမ္မတအကြံပေး ပါမောက္ခဒေါက်တာအောင်ထွန်းသက်ကပြောသည်။

ဖောင်ကြီးသင်တန်းနှင့်ပတ်သက်၍ ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတစ်ခုတွင် လွှတ်တော်အမတ်တစ်ဦးက မေးခွန်းထုတ်ခဲ့ဖူးပြီး လာရောက်ဖြေဆိုသူပုဂ္ဂိုလ်က ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်မည်ဟု ပြောကြားခဲ့သော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ဖောင်ကြီးသင်တန်းမှ တာဝန်ရှိသူများအားမေးမြန်းရန် ရုံးအဖွဲ့မှတစ်ဆင့် ဆက်သွယ်သော်လည်း သင်တန်းတာဝန်ရှိသူများက ဖြေဆိုရန်ငြင်းဆန်ကြောင်း အကြောင်းပြန်ခဲ့သည်။

“ဖောင်ကြီးက ရည်ရွယ်ချက်ကောင်းပါတယ်။ ၀န်ထမ်းအဆင့်လိုက် အလုပ်လုပ်နိုင်အောင် နိုင်ငံရဲ့ပေါ်လစီတွေကိုသင်ပေးတာ အဲဒါက မဆလခေတ်ကတည်းကလုပ်ခဲ့တာ။ ဒါပေမဲ့ အခုထိမပြောင်းသေးဘူး။ ခေတ်သစ်၊ စနစ်သစ်နဲ့ လျော်ညီအောင် ပြင်ဖို့လိုပြီ။ နောက်ပြီး စစ်သင်တန်းပေးတာလည်း သဘာဝမကျဘူး။ စစ်ပညာက နည်းနည်းပါးပါးသိဖို့ လိုတာမှန်ပေမယ့် ရဲဘော်သစ်သင်တန်းလို ပေးတာတော့ မလိုပါဘူး။ ကျန်းမာရေး ကိုယ်လက်လှုပ်ရှားဖို့အတွက်လောက်ဆို ရပြီပေါ့။ အခုဟာက စစ်သင်တန်းအတွက် အချိန်တွေအရမ်းပေးနေတယ်”ဟု ဟိုတယ်ခရီးမှ အငြိမ်းစားအရာရှိကြီးတစ်ဦးက သူ၏အမြင်ကိုပြောပြသည်။

ဝန်ထမ်းများအား စစ်ပညာသင်ကြားခြင်းနှင့်ပတ်သက်၍ “ဖောင်ကြီးတက်ပြီဆို မလွဲမသွေတက်ရတာက စစ်သင်တန်းပဲ။ စစ်ရေးပြ အခြေခံသင်ပေးတဲ့အပြင် လက်နက်ငယ်သင်တန်းပါ ပါတယ်။ အဲဒါက ဘာအတွက်လဲလို့ မေးစရာရှိတယ်။ အဲဒီဝန်ထမ်းတွေက လုပ်ငန်းခွင်ပြန်ရောက်သွားတဲ့အခါကျတော့ ပင်စင်သွားတဲ့အထိ သေနတ်ကို တစ်ခါမှကိုင်ခွင့်မရခဲ့တဲ့ အခြေအနေ။ လိုအပ်ရင် ၀န်ထမ်းတွေက သေနတ်ပစ်တတ်အောင်ဆိုရအောင်ကလည်း နိုင်ငံက အဲဒီလိုအခြေအနေမဟုတ်ဘူး”ဟု ဦးခိုင်မောင်ရည်ကပြောသည်။

အစိုးရ၀န်ထမ်းဖြစ်ပါက အရာထမ်းဖြစ်စေ၊ အမှုထမ်းဖြစ်စေ ထိုသင်တန်းသို့ မဖြစ်မနေတက်ရမည်ဖြစ်ပြီး သင်တန်းတွင် ၀န်ထမ်းစည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်သည်များ သင်ကြားပေးပြီး ၀န်ထမ်းများအား စွယ်စုံရစေရန် သင်ကြားပေးသဖြင့် ကောင်းမွန်သည့်သင်တန်းတစ်ခုဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်ကပြောသည်။

သို့သော် ၀န်ထမ်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် လူမှုရေး၊ စီးပွားရေး အခက်အခဲများကြောင့် ယင်းသင်တန်း မတက်ရောက်လိုကြကြောင်း၊ ထို့ကြောင့် ၀န်ထမ်းများစိတ်ဝင်စားမှုရှိလာစေရန် သင်တန်းသင်ရိုးများ ခေတ်နှင့်လျော်ညီစေရန်ပြောင်းလဲခြင်း၊ ယခုကဲ့သို့ ရက်ရှည်သင်တန်းများမဟုတ်ဘဲ ရက်တိုသင်တန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဆိုပါက ၀န်ထမ်းများစိတ်ဝင်စားမှုရှိလာကာ သင်ရကျိုးနပ်သည့် သင်တန်းတစ်ခုဖြစ်လာနိုင်မည်ဟု ဦးအေးမောက်က ဆက်လက်ပြောကြားသည်။

“နိုင်ငံတကာမှာလည်း ၀န်ထမ်းတွေကို ပြည်သူ့အကျိုးပြုတဲ့ ပြည်သူ့အစေခံတွေအဖြစ် သင်ကြားပေး တဲ့ကျောင်းတွေရှိတယ်။ ဒီမှာလည်း ၀န်ထမ်းတွေရဲ့ အရည်အသွေးတွေ တက်လာအောင် ပြုပြင်ပြောင်း လဲရေးတွေ လုပ်ရမှာပါ”ဟု ဒေါက်တာအောင်ထွန်းသက်ကပြောသည်။

ထိုသို့ ပြုပြင်ပြောင်းလဲရာတွင် အလယ်အလတ်အဆင့် အရာထမ်းများအား ဖောင်ကြီးကဲ့သို့သော သင်တန်းများ တကယ်တမ်းလုပ်ငန်းခွင်တွင် အကျိုးရှိမည့် သင်ရိုးများဖြင့် သင်ကြားပေးသည့် သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ထိပ်ပိုင်းအရာရှိများဖြစ်သည့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ် အဆင့် များ အတွက် လူမှုစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA)ကဲ့သို့သော သင်တန်းများဖွင့်လှစ်သွား မည်ဟု ဒေါက်တာအောင်ထွန်းသက်ကပြောသည်။

“အဲဒီသင်တန်းတွေမှာ ၀န်ထမ်းဆိုတာ တာဝန်သိရမယ်။ တာဝန်ယူရမယ်။ တာဝန်ခံရမယ်။ ရုံးရောက်တာနဲ့ ဒီနေ့ ပြည်သူအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အတွေးမျိုးတွေဝင်လာအောင် သင်ကြားပေးနိုင်တဲ့ သင်တန်းတွေအထိ ဖွင့်လှစ်သွားဖို့လိုတယ်”ဟု ၄င်းကဆက်လက်ပြောကြားသည်။ ထိုကဲ့သို့ သင်ရိုးများပီပီပြင်ပြင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဆိုပါက အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ယန္တရားအတွက် အထောက်အကူဖြစ်မည့်၊ ပြည်သူ့ဝန်ထမ်းစိတ်ဓာတ်အပြည့်ဖြင့် ပြည်သူ့ တာဝန် ထမ်းဆောင် မ ည့်သူများအဖြစ် မွေးထုတ်ပေးနိုင်မည့်၊ ဗဟိုဝန်ထမ်းတက္ကသိုလ်အဖြစ် ရပ်တည် သွားနိုင် မည် ဖြစ်ပေသည်။ ။

ရေးသားသူ- ကိုသီဟ
7Day News Journal

No comments:

Post a Comment