Thursday 5 December 2013

စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုရင် အာဏာသည် လူထုဆီမှာပဲဆိုတာ စစ်တပ်က

Photo: စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုရင် အာဏာသည် လူထုဆီမှာပဲဆိုတာ စစ်တပ်က 
Thursday, December 5, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံ အစိုးရ၏ ဖိတ်ခေါ်မှုအရ သြစတြေးလျနိုင်ငံသို့ တစ်ပတ်ကြာခရီးစဉ် သွားရောက်ခဲ့စဉ် သြစတြေးလျရုပ်သံအေဂျင်စီတစ်ခုဖြစ်သည့် အေဘီစီရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါအင်တာဗျူးမှ အကြောင်းအရာအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေး၊ စီးပွားရေးဖြစ်စဉ်တချို့ ရှိနေခဲ့တယ်။ ဒီဖြစ်စဉ်တွေကို ဆက်ထိန်းထားနိုင်ဖို့က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကြီးမားဆုံးစိန်ခေါ်မှုလို့ ယူဆပါသလား။

ဖြေ- ကျွန်မတို့က စစ်မှန်တဲ့ဒီမိုကရေစီကို သွားဖို့လိုပါတယ်။ အရင်တုန်းက စစ်အစိုးရက ကြိုတင်မျှော်မှန်းထားတဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကိုသွားဖို့မဟုတ်ပါဘူး။ သိတဲ့အတိုင်းပဲ အစိုးရအဖွဲ့ရဲ့ ၈၀ ရာခိုင်နှုန်းက အရင်အစိုးရအဖွဲ့ဟောင်းက လာတဲ့လူတွေပါပဲ။

မေး- စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ စစ်တပ်ကိုဆိုလိုတာပါလား။

ဖြေ- ကျွန်မထင်တာ သူတို့ယူဆနေတဲ့ ဒီမိုကရေစီဆိုတာက လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူဘောင်ထဲမှာ လက်တွေ့ကျင့်သုံးနေတဲ့ ဒီမိုကရေစီကို ဆိုလိုတာဖြစ်မယ်။ ဒါက ဒီမိုကရေစီဆန်တဲ့ အခြေခံဥပဒေတစ်ခုမဟုတ်ပါဘူး။

မေး- ဒီအခြေခံဥပဒေကနေ စစ်တပ်ရဲ့အာဏာက ဆင်းသက်လာတဲ့အတွက် စစ်တပ်က ဒါကိုထောက်ခံပေးနေတာလား။

ဖြေ- ဟုတ်ပါတယ်။ ကျွန်မတို့က စစ်မှန်တဲ့ဒီမိုကရေစီစနစ်တစ်ခုကို သွားမယ်ဆိုရင် အခုချိန်က အာဏာဆိုတာ လူထုဆီမှာပဲဆိုတာကို စစ်တပ်က နားလည်ရမယ့်အချိန်ပါ။ဘယ်လိုအဖွဲ့အစည်းအင်စတီကျူရှင်းမှာပဲဖြစ်ဖြစ်ပါ။

မေး- မြန်မာ့တပ်မတော်က ဆန့်ကျင်မှုတွေ၊ ဆန္ဒပြမှုတွေကို ဖြိုခွဲတဲ့နေရာမှာ အကြမ်းဖက်နည်းတွေကို အသုံးပြုဖို့ လုံးဝမတွန့်ဆုတ်ခဲ့ဘူးဆိုတာ ထင်ထင်ရှားရှားပြခဲ့ပါတယ်။ ဒါဆို အခြေခံဥပဒေကို ပြောင်းလဲဖို့ ဖိအားပေးတာက အရင်တုန်းက မြန်မာနိုင်ငံရဲ့အခြေအနေမျိုးကို နောက်ထပ်ပြန်ရောက်သွားစေနိုင်တဲ့ စွန့်စားမှုတစ်ခုဖြစ်နေနိုင်သလား။

ဖြေ- ကျွန်မက ဒီလိုမထင်ပါဘူး။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကျွန်မတို့ အဲဒါကိုကျော်လွှားခဲ့ပြီးပါပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒါက စွန့်စားမှုတစ်ခုလို့လည်း ကျွန်မက မထင်ပါဘူး။ ဘာလို့လဲဆိုရင် အချိန်တွေက ပြောင်းလဲသွားပါပြီ။ ကျွန်မ ထင်ပါတယ်။ တပ်မတော်ထဲက လူဦးရေအများအပြားကလည်း စစ်တပ်ကို လူတွေက ယုံကြည်မှုရှိတဲ့၊ လေးစားမှုရှိတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ စစ်တပ်တစ်ခု ဖြစ်စေချင်တဲ့ဆန္ဒရှိနေပါတယ်။ သူတို့ကိုယ်သူတို့ ပြည်သူလူထုနဲ့ တသီးတခြားစီ ဖြစ်ချင်မယ်လို့ ကျွန်မ မထင်ပါဘူး။ အတိတ်မှာတုန်းက ပြည်သူလူထုနဲ့ စစ်တပ်ဆိုတာ တစ်ဖက်စီ၊ အဖြူအမည်းလို သက်သက်စီဖြစ်နေတဲ့ အခြေအနေလို့ ပြည်သူလူထုက မြင်ခဲ့ကြတယ်။ အဲဒီလိုအခြေအနေမျိုးက နှစ်သက်စရာကောင်းတဲ့ တိုင်းပြည်မျိုးမဟုတ်ဘူးဆိုတာကိုသိတဲ့ စစ်တပ်ထဲက လူတွေအရေအတွက်လည်း တိုးလာနေပြီလို့လည်း ကျွန်မထင်တယ်။

မေး- ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအတွက် တစ်ချိန်လုံး တိုက်ပွဲဝင်ခဲ့တယ်။ တကယ်လို့ အခြေခံဥပဒေကိုပြင်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်သာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာရင် ဒီမိုကရေစီခေါင်းဆောင်တစ်ဦးအနေနဲ့ ဘာလုပ်ချင်ပါသလဲ။

ဖြေ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၁၉၈၈ မှာ စတင်တည်ထောင်ခဲ့ကတည်းက ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အပိုင်းသုံးပိုင်း ရှိခဲ့ပါတယ်။ အဲဒီအချက်တွေက ဒီနေ့အထိ ခိုင်ခိုင်မြဲမြဲနဲ့ အားကောင်းအောင် တည်ဆောက်နေဆဲပါ။ ဒါကြောင့် ကျွန်မတို့က ဒီမိုကရက်တစ်အဖွဲ့အစည်းတွေကို စဉ်ဆက်မပြတ် ခိုင်မာအားကောင်းအောင် ဖန်တီးရမယ်။ စစ်မှန်တဲ့ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လူ့အခွင့်အရေးအလေ့အကျင့်တွေကို လေးစားဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်မှုရှိဖို့ မဖြစ်မနေလုပ်ရမယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေ အများကြီးရှိတဲ့ တိုင်းပြည်ပါ။ ဗမာဆိုတာကလည်း လူဦးရေအများဆုံး တိုင်းရင်းသားလူမျိုးစုတစ်ခုပါပဲ။ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခုချိန်ထိ မရယူနိုင်ခဲ့သေးပါဘူး။ စစ်တပ်နဲ့ ပြည်သူလူထုကြားထဲမှာလည်း ပြန်လည်သင့်မြတ်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။ တစ်ဦးကိုတစ်ဦး ယုံကြည်မှု၊ နားလည်မှုတွေနဲ့ ငြိမ်းချမ်းတဲ့ သာယာဝပြောတဲ့ လုံခြုံစိတ်ချရတဲ့နိုင်ငံကို အတူတကွတည်ဆောက်နိုင်တယ်ဆိုတာကို ကျွန်မတို့က သင်ယူဖို့လိုအပ်တယ်။

မေး- အဲဒီလိုလုပ်နိုင်ဖို့ စစ်အစိုးရက လုပ်ခဲ့တာတွေကို ပြည်သူတွေက လုံလောက်တဲ့ ခွင့်လွှတ်မှုတွေရှိနေပြီလို့ ထင်ပါသလား။

ဖြေ- စစ်အုပ်ချုပ်ရေးအောက်မှာ ခံစားခဲ့ရတဲ့ တချို့တွေအတွက် ဒီလိုကိစ္စတွေကို ခွင့်လွှတ်ဖို့ ခက်ခဲတယ်ဆိုတာကို သာမန်မဟုတ်တဲ့ သဘာဝမကျတဲ့ကိစ္စတစ်ခုလို့ ကျွန်မကမထင်ပါဘူး။ ကျွန်မကတော့ လက်တုံ့ပြန်ဖို့အတွက် ဘယ်လိုစိတ်ကူးမှမရှိပါဘူး။ ဒါပေမဲ့ ကျွန်မက ကောင်းမွန်စွာဆက်ဆံခံရတယ်လို့ လက်ခံထားတယ်။ ကျွန်မ နေအိမ်အကျယ်ချုပ်ကျခဲ့တယ်။ ဒါပေမဲ့ အဲဒါကပြီးခဲ့ပြီ။ ကျွန်မလူတွေ ထောင်ထဲမှာ ဆက်ဆံခံခဲ့ရသလိုမျိုး ကျွန်မက ဆိုးဆိုးရွားရွား ဆက်ဆံတာမျိုးမခံခဲ့ရဘူး။ တစ်ချိန်တုန်းက သူတို့လုပ်နေကျအလုပ်ဖြစ်တဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ ကျွန်မကို ပုတ်ခတ်ပြောဆိုတာတွေ လုပ်နေတဲ့အချိန်မှာတောင် သူတို့ ကျွန်မဆီကို လာတဲ့အခါ ကျွန်မနဲ့ အဆက်အသွယ်ရှိတဲ့ အာဏာပိုင်တွေ၊ လုံခြုံရေးအဖွဲ့တွေ လာတဲ့အခါ သူတို့က အမြဲတမ်းလေးစားစရာကောင်းတယ်။ ကျွန်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဒါကြောင့် ကျွန်မမှာ လက်တုံ့ပြန်ဖို့ဆန္ဒမရှိပါဘူး။ ဒါပေမဲ့ တချို့တွေကတော့ နှစ်တွေအများကြီးကုန်ခဲ့ပေမယ့် ခွင့်မလွှတ်နိုင်ဘူးဆိုတာကိုလည်း ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ပိုပြီးအမြင်ကျယ်ကျယ် ကြည့်နိုင်ရမယ်။ လက်တုံ့ပြန်ချင်တဲ့ဆန္ဒတွေနဲ့ စိတ်ခံစားမှုတွေကိုပဲ အာရုံစိုက်နေလို့မရဘူး။ အကြမ်းဖက်မှုတွေအတွက် အကြမ်းဖက်တာတွေ၊ ဒေါသဖြစ်စေတာတွေရဲ့ အကြောင်းရင်းကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေရမယ်။ ကျွန်မတို့ ဒါတွေကို ရပ်တန့်ရမယ်။ ကျွန်မတို့မှာရှိတဲ့ ရည်မှန်းချက်ကိုရောက်အောင် နိုင်ငံကို တည်ဆောက်ရမယ်။

မေး- အစောပိုင်းက မြန်မာနိုင်ငံက ကွဲပြားခြားနားတဲ့ လူမျိုးစုတွေနဲ့ စုစည်းထားတဲ့ တိုင်းပြည်လို့ပြောခဲ့ပါတယ်။ လောလောလတ်လတ်မှာ တချို့လူနည်းစုတိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်က သူတို့ဘက်မှာ ခိုင်ခိုင်မာမာရပ်တည်မပေးဘူးဆိုတဲ့ ဝေဖန်မှုတွေရှိပါတယ်။ ဒီပေါ်မှာ ဘာများပြောချင်ပါသလဲ။

ဖြေ- ရခိုင်ပြည်နယ်က မွတ်ဆလင်လူမျိုးတွေနဲ့ ကချင်ပြည်နယ်ကအကြောင်းကို ပြောချင်တယ်လို့ထင်တယ်။ အခု ဒုတိယအကြောင်းအရာကို အရင်စပြောရအောင်။ ကချင်လွတ်မြောက်ရေးအဖွဲ့က အခု အစိုးရနဲ့ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးနေတယ်။ ကျွန်မ အဲဒါကိုပြောရမှာ အတော်စဉ်းစားရကျပ်ပါတယ်။ ကျွန်မ ဘာလို့စစ်တပ်ကို အပြစ်မရှာနေတာလဲ။ ကျွန်မ ဘာလို့ကချင်တွေအတွက် ထောက်ခံမပြောပေးတာလဲ။ ကေအိုင်အိုနဲ့ အစိုးရနဲ့က တိုက်ရိုက်ဆက်သွယ်နေတာ မဟုတ်ဘူးလား။ သူတို့က အစိုးရနဲ့ တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို လုပ်နေတဲ့အချိန်မှာ ကျွန်မတို့ကတစ်ဖက်၊ ဒါမှမဟုတ် အခြားတစ်ဖက်ကနေရပ်ပြီး ပြစ်တင်ရှုတ်ချရမှာလား။ ဒါက ငြိမ်းချမ်းရေးဖြစ်စဉ်ကို လွဲချော်သွားစေနိုင်တယ်။ ပြီးတော့ ကျွန်မတို့ အပြစ်တင်ခံရမယ်။ အခု ကျွန်မတို့ ရခိုင်ပြည်နယ်ရဲ့အခြေအနေကိုကြည့်ရရင် လူ့အဖွဲ့အစည်းနှစ်ခုထဲမှာ တိုးပွားနေတဲ့ မုန်းတီးမှုတွေ၊ မလုံခြုံမှုတွေကို အလွန်အမင်း လိုအပ်ချက်တွေအဖြစ် အာရုံစိုက်ရမယ့် အကြောင်းအရာတွေဖြစ်လာမှာကို ကျွန်မ အမြဲစိုးရိမ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကျွန်မကိုပြောဖို့ ဖိတ်ခေါ်မယ့်အစား အစိုးရကို တရားဥပဒေစိုးမိုးမှုရှိအောင်လုပ်ဖို့ ပြောစေချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု ဘာကြောင့်မရှိတာလဲ။ အကြမ်းဖက်မှုတွေ နောက်ထပ်မဖြစ်အောင် တားဆီးနိုင်ရင်၊ ဒါတွေကို အဆုံးသတ်နိုင်ရင် မတူညီတဲ့လူ့အဖွဲ့အစည်းနှစ်ခုကို သူတို့ရဲ့ကွဲပြားခြားနားမှုတွေအတိုင်း ရှိနေစေနိုင်တယ်။

မေး- တစ်ကမ္ဘာလုံးကလူတွေကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ဓာတ်တက်ကြွစေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုရော ဘယ်သူက စိတ်ဓာတ်တက်ကြွစေပါသလဲ။

ဖြေ- ကျွန်မကို စိတ်ဓာတ်တက်ကြွစေတဲ့သူတွေကို ကြားတောင်ကြားဖူးကြမှာ မဟုတ်ပါဘူး။ ပညာတတ်ပြီး ကြင်နာတတ်တဲ့သူတွေ၊ ကျွန်မတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အလုပ်ကြိုးစားလုပ်ကိုင်ပေးကြတဲ့ ကျွန်မရဲ့ပါတီထဲက ပုဂ္ဂိုလ်တွေ စတာတွေရယ်။ ချီးမွမ်းဂုဏ်ပြုမှုတွေ လိုချင်လို့မဟုတ်ဘဲ ရဲရဲဝံ့ဝံ့ဆောင်ရွက်ကြတဲ့ စစ်သားတွေပဲဖြစ်ပါတယ်။ ကျွန်မကတော့ အမည်နာမမရှိတဲ့ စစ်သားတွေလို့ သုံးနှုန်းပါတယ်။ ကျွန်မကတော့ လူအများရဲ့ အားပေးထောက်ခံမှု၊ ချစ်ခင်မှုတွေကို ကံကောင်းစွာရရှိနေပေမယ့် ခုနက အမည်နာမမရှိတဲ့ စစ်သားတွေကိုတော့ သူတို့ရှိနေတယ်ဆိုတာတောင် လူတွေကမသိကြပါဘူး။ ဒီလိုမျိုးပုဂ္ဂိုလ်တွေမရှိဘဲနဲ့ ကျွန်မ အခုနေရာမှာ ရှိနေနိုင်မှာမဟုတ်ပါဘူး။

(ဒေါ်အောင်ဆန်းစုကြည်နှင့် ABC ရုပ်သံအင်တာဗျူးကို အိဖြူလွင်ဘာသာပြန်ဆိုသည်။)

7Day News Journal
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံ အစိုးရ၏ ဖိတ်ခေါ်မှုအရ သြစတြေးလျနိုင်ငံသို့ တစ်ပတ်ကြာခရီးစဉ် သွားရောက်ခဲ့စဉ် သြစတြေးလျရုပ်သံအေဂျင်စီ တစ်ခုဖြစ်သည့် အေဘီစီရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တစ်ခုပြုလုပ်ခဲ့သည်။ အဆိုပါအင်တာဗျူးမှ အကြောင်းအရာအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး- လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေး၊ စီးပွားရေးဖြစ်စဉ်တချို့ ရှိနေခဲ့တယ်။ ဒီဖြစ်စဉ်တွေ ကို ဆက်ထိန်းထားနိုင်ဖို့က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကြီးမားဆုံးစိန်ခေါ်မှုလို့ ယူဆပါ သလား။

ဖြေ- ကျွန်မတို့က စစ်မှန်တဲ့ဒီမိုကရေစီကို သွားဖို့လိုပါတယ်။ အရင်တုန်းက စစ်အစိုးရက ကြိုတင်မျှော်မှန်း ထားတဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကိုသွားဖို့မဟုတ်ပါဘူး။ သိတဲ့အတိုင်းပဲ အစိုးရအဖွဲ့ရဲ့ ၈၀ ရာခိုင်နှုန်း က အရင်အစိုးရအဖွဲ့ဟောင်းက လာတဲ့လူတွေပါပဲ။

မေး- စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ စစ်တပ်ကိုဆိုလိုတာပါလား။

ဖြေ- ကျွန်မထင်တာ သူတို့ယူဆနေတဲ့ ဒီမိုကရေစီဆိုတာက လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူဘောင်ထဲမှာ လက်တွေ့ကျင့်သုံးနေတဲ့ ဒီမိုကရေစီကို ဆိုလိုတာဖြစ်မယ်။ ဒါက ဒီမိုကရေစီဆန်တဲ့ အခြေခံဥပဒေတစ်ခုမဟုတ်ပါဘူး။

မေး- ဒီအခြေခံဥပဒေကနေ စစ်တပ်ရဲ့အာဏာက ဆင်းသက်လာတဲ့အတွက် စစ်တပ်က ဒါကိုထောက် ခံပေးနေတာလား။

ဖြေ- ဟုတ်ပါတယ်။ ကျွန်မတို့က စစ်မှန်တဲ့ဒီမိုကရေစီစနစ်တစ်ခုကို သွားမယ်ဆိုရင် အခုချိန်က အာဏာဆိုတာ လူထုဆီမှာပဲဆိုတာကို စစ်တပ်က နားလည်ရမယ့်အချိန်ပါ။ဘယ်လို အဖွဲ့အစည်း အင်စတီ ကျူရှင်းမှာပဲဖြစ်ဖြစ်ပါ။

မေး- မြန်မာ့တပ်မတော်က ဆန့်ကျင်မှုတွေ၊ ဆန္ဒပြမှုတွေကို ဖြိုခွဲတဲ့နေရာမှာ အကြမ်းဖက်နည်းတွေကို အသုံးပြုဖို့ လုံးဝမတွန့်ဆုတ်ခဲ့ဘူးဆိုတာ ထင်ထင်ရှားရှားပြခဲ့ပါတယ်။ ဒါဆို အခြေခံဥပဒေကို ပြောင်းလဲဖို့ ဖိအားပေးတာက အရင်တုန်းက မြန်မာနိုင်ငံရဲ့အခြေအနေမျိုးကို နောက်ထပ်ပြန်ရောက်သွားစေနိုင်တဲ့ စွန့်စားမှုတစ်ခုဖြစ်နေနိုင်သလား။

ဖြေ- ကျွန်မက ဒီလိုမထင်ပါဘူး။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကျွန်မတို့ အဲဒါကိုကျော်လွှား ခဲ့ပြီးပါပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒါက စွန့်စားမှုတစ်ခုလို့လည်း ကျွန်မက မထင်ပါဘူး။ ဘာလို့လဲဆိုရင် အချိန်တွေက ပြောင်းလဲသွားပါပြီ။ ကျွန်မ ထင်ပါတယ်။ တပ်မတော်ထဲက လူဦးရေအများအပြားကလည်း စစ်တပ်ကို လူတွေက ယုံကြည်မှုရှိတဲ့၊ လေးစားမှုရှိတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ စစ်တပ်တစ်ခု ဖြစ်စေချင်တဲ့ဆန္ဒရှိနေပါတယ်။ သူတို့ကိုယ်သူတို့ ပြည်သူလူထုနဲ့ တသီးတခြားစီ ဖြစ် ချင်မယ်လို့ ကျွန်မ မထင်ပါဘူး။ အတိတ်မှာတုန်းက ပြည်သူလူထုနဲ့ စစ်တပ်ဆိုတာ တစ်ဖက်စီ၊ အဖြူအမည်းလို သက်သက်စီဖြစ်နေတဲ့ အခြေအနေလို့ ပြည်သူလူထုက မြင်ခဲ့ကြတယ်။ အဲဒီလိုအခြေ အနေမျိုးက နှစ်သက်စရာကောင်းတဲ့ တိုင်းပြည်မျိုးမဟုတ်ဘူးဆိုတာကိုသိတဲ့ စစ်တပ်ထဲက လူတွေအရေအတွက်လည်း တိုးလာနေပြီလို့လည်း ကျွန်မထင်တယ်။

မေး- ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအတွက် တစ်ချိန်လုံး တိုက်ပွဲဝင်ခဲ့တယ်။ တကယ်လို့ အခြေခံဥပဒေကိုပြင်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်သာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာရင် ဒီမိုကရေ စီခေါင်းဆောင် တစ်ဦးအနေနဲ့ ဘာလုပ်ချင်ပါသလဲ။

ဖြေ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၁၉၈၈ မှာ စတင်တည်ထောင်ခဲ့ကတည်းက ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အပိုင်းသုံးပိုင်း ရှိခဲ့ပါတယ်။ အဲဒီအချက်တွေက ဒီနေ့အထိ ခိုင်ခိုင်မြဲမြဲနဲ့ အားကောင်းအောင် တည်ဆောက်နေဆဲပါ။ ဒါကြောင့် ကျွန်မတို့က ဒီမိုကရက်တစ်အဖွဲ့အစည်းတွေကို စဉ်ဆက်မပြတ် ခိုင်မာအားကောင်းအောင် ဖန်တီးရမယ်။ စစ်မှန်တဲ့ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လူ့အခွင့်အရေးအလေ့အကျင့်တွေကို လေးစားဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်မှုရှိဖို့ မဖြစ်မနေလုပ်ရမယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေ အများကြီးရှိတဲ့ တိုင်းပြည်ပါ။ ဗမာဆိုတာကလည်း လူဦးရေအများဆုံး တိုင်းရင်းသားလူမျိုးစုတစ်ခုပါပဲ။ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခုချိန်ထိ မရယူနိုင်ခဲ့သေးပါဘူး။ စစ်တပ်နဲ့ ပြည်သူ လူထုကြားထဲမှာလည်း ပြန်လည်သင့်မြတ်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။ တစ်ဦးကို တစ်ဦး ယုံကြည်မှု၊ နားလည်မှုတွေနဲ့ ငြိမ်းချမ်းတဲ့ သာယာဝပြောတဲ့ လုံခြုံစိတ်ချရတဲ့နိုင်ငံကို အတူတကွ တည်ဆောက်နိုင်တယ်ဆိုတာကို ကျွန်မတို့က သင်ယူဖို့လိုအပ်တယ်။

မေး- အဲဒီလိုလုပ်နိုင်ဖို့ စစ်အစိုးရက လုပ်ခဲ့တာတွေကို ပြည်သူတွေက လုံလောက်တဲ့ ခွင့်လွှတ်မှုတွေ ရှိနေပြီလို့ ထင်ပါသလား။

ဖြေ- စစ်အုပ်ချုပ်ရေးအောက်မှာ ခံစားခဲ့ရတဲ့ တချို့တွေအတွက် ဒီလိုကိစ္စတွေကို ခွင့်လွှတ်ဖို့ ခက်ခဲတယ်ဆိုတာကို သာမန်မဟုတ်တဲ့ သဘာဝမကျတဲ့ကိစ္စတစ်ခုလို့ ကျွန်မကမထင်ပါဘူး။ ကျွန်မကတော့ လက်တုံ့ပြန်ဖို့အတွက် ဘယ်လိုစိတ်ကူးမှမရှိပါဘူး။ ဒါပေမဲ့ ကျွန်မက ကောင်းမွန်စွာဆက်ဆံခံရတယ်လို့ လက်ခံထားတယ်။ ကျွန်မ နေအိမ်အကျယ်ချုပ်ကျခဲ့တယ်။ ဒါပေမဲ့ အဲဒါကပြီးခဲ့ပြီ။ ကျွန်မလူတွေ ထောင်ထဲမှာ ဆက်ဆံခံခဲ့ရသလိုမျိုး ကျွန်မက ဆိုးဆိုးရွားရွား ဆက်ဆံတာမျိုးမခံခဲ့ရဘူး။ တစ်ချိန်တုန်းက သူတို့လုပ်နေကျအလုပ်ဖြစ်တဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ ကျွန်မကို ပုတ်ခတ်ပြောဆိုတာတွေ လုပ်နေတဲ့အချိန်မှာတောင် သူတို့ ကျွန်မဆီကို လာတဲ့အခါ ကျွန်မနဲ့ အဆက်အသွယ်ရှိတဲ့ အာဏာပိုင်တွေ၊ လုံခြုံရေးအဖွဲ့တွေ လာတဲ့အခါ သူတို့က အမြဲတမ်းလေးစားစရာကောင်းတယ်။ ကျွန်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဒါကြောင့် ကျွန်မမှာ လက်တုံ့ပြန်ဖို့ဆန္ဒမရှိပါဘူး။ ဒါပေမဲ့ တချို့တွေကတော့ နှစ်တွေအများကြီးကုန်ခဲ့ပေမယ့် ခွင့်မလွှတ်နိုင်ဘူးဆိုတာကိုလည်း ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ပိုပြီးအမြင်ကျယ်ကျယ် ကြည့်နိုင်ရမယ်။ လက်တုံ့ပြန်ချင်တဲ့ဆန္ဒတွေနဲ့ စိတ်ခံစားမှုတွေကိုပဲ အာရုံစိုက်နေလို့မရဘူး။ အကြမ်းဖက်မှုတွေအတွက် အကြမ်းဖက်တာတွေ၊ ဒေါသဖြစ်စေတာတွေရဲ့ အကြောင်းရင်းကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေရမယ်။ ကျွန်မတို့ ဒါတွေကို ရပ်တန့်ရမယ်။ ကျွန်မတို့မှာရှိတဲ့ ရည်မှန်းချက်ကိုရောက်အောင် နိုင်ငံကို တည်ဆောက်ရမယ်။

မေး- အစောပိုင်းက မြန်မာနိုင်ငံက ကွဲပြားခြားနားတဲ့ လူမျိုးစုတွေနဲ့ စုစည်းထားတဲ့ တိုင်းပြည်လို့ပြောခဲ့ပါတယ်။ လောလောလတ်လတ်မှာ တချို့လူနည်းစုတိုင်းရင်း သားတွေ က ဒေါ်အောင်ဆန်း စုကြည်က သူတို့ဘက်မှာ ခိုင်ခိုင်မာမာရပ်တည်မပေးဘူးဆိုတဲ့ ဝေဖန်မှုတွေရှိပါတယ်။ ဒီပေါ်မှာ ဘာများပြောချင်ပါသလဲ။

ဖြေ- ရခိုင်ပြည်နယ်က မွတ်ဆလင်လူမျိုးတွေနဲ့ ကချင်ပြည်နယ်ကအကြောင်း ကို ပြောချင်တယ်လို့ ထင်တယ်။ အခု ဒုတိယအကြောင်းအရာကို အရင်စပြောရအောင်။ ကချင်လွတ်မြောက်ရေးအဖွဲ့က အခု အစိုးရနဲ့ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးနေတယ်။ ကျွန်မ အဲဒါကိုပြောရမှာ အတော်စဉ်းစားရကျပ်ပါတယ်။ ကျွန်မ ဘာ လို့ စစ်တပ်ကို အပြစ်မရှာနေတာလဲ။ ကျွန်မ ဘာလို့ကချင်တွေ အတွက် ထောက်ခံ မပြောပေးတာလဲ။ ကေအိုင်အိုနဲ့ အစိုးရနဲ့က တိုက်ရိုက်ဆက်သွယ်နေတာ မဟုတ်ဘူးလား။ သူတို့က အစိုးရနဲ့ တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို လုပ်နေတဲ့အချိန်မှာ ကျွန်မတို့ကတစ်ဖက်၊ ဒါမှမဟုတ် အခြားတစ်ဖက်ကနေရပ်ပြီး ပြစ်တင်ရှုတ်ချရမှာလား။ ဒါက ငြိမ်းချမ်းရေးဖြစ်စဉ်ကို လွဲချော်သွားစေနိုင် တယ်။ ပြီးတော့ ကျွန်မတို့ အပြစ်တင်ခံရမယ်။ အခု ကျွန်မတို့ ရခိုင်ပြည်နယ်ရဲ့အခြေအနေကိုကြည့်ရရင် လူ့အဖွဲ့အစည်းနှစ်ခုထဲမှာ တိုးပွားနေတဲ့ မုန်းတီးမှုတွေ၊ မလုံခြုံမှုတွေကို အလွန်အမင်း လိုအပ်ချက်တွေ အဖြစ် အာရုံစိုက်ရမယ့် အကြောင်းအရာတွေဖြစ်လာမှာကို ကျွန်မ အမြဲစိုးရိမ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကျွန်မကိုပြောဖို့ ဖိတ်ခေါ်မယ့်အစား အစိုးရကို တရားဥပဒေစိုးမိုးမှုရှိအောင်လုပ်ဖို့ ပြောစေချင်ပါတယ်။ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု ဘာကြောင့်မရှိတာလဲ။ အကြမ်းဖက်မှုတွေ နောက်ထပ်မဖြစ်အောင် တားဆီးနိုင်ရင်၊ ဒါတွေကို အဆုံးသတ်နိုင်ရင် မတူညီတဲ့လူ့အဖွဲ့အစည်းနှစ်ခုကို သူတို့ရဲ့ကွဲပြားခြား နားမှုတွေ အတိုင်း ရှိနေစေနိုင်တယ်။

မေး- တစ်ကမ္ဘာလုံးကလူတွေကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ဓာတ်တက်ကြွစေ တယ်။ ဒေါ်အောင်ဆန်း စုကြည်ကိုရော ဘယ်သူက စိတ်ဓာတ်တက်ကြွစေပါသလဲ။

ဖြေ- ကျွန်မကို စိတ်ဓာတ်တက်ကြွစေတဲ့သူတွေကို ကြားတောင်ကြားဖူးကြမှာ မဟုတ်ပါဘူး။ ပညာတတ်ပြီး ကြင်နာတတ်တဲ့သူတွေ၊ ကျွန်မတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အလုပ်ကြိုးစား လုပ်ကိုင်ပေးကြ တဲ့ ကျွန်မရဲ့ပါတီထဲက ပုဂ္ဂိုလ်တွေ စတာတွေရယ်။ ချီးမွမ်းဂုဏ်ပြုမှုတွေ လိုချင်လို့မဟုတ်ဘဲ ရဲရဲဝံ့ဝံ့ဆောင်ရွက်ကြတဲ့ စစ်သားတွေပဲဖြစ်ပါတယ်။ ကျွန်မကတော့ အမည်နာမမရှိတဲ့ စစ်သားတွေလို့ သုံးနှုန်းပါတယ်။ ကျွန်မကတော့ လူအများရဲ့ အားပေးထောက်ခံမှု၊ ချစ်ခင်မှုတွေကို ကံကောင်းစွာ ရရှိနေပေမယ့် ခုနက အမည်နာမမရှိတဲ့ စစ်သားတွေကိုတော့ သူတို့ရှိနေတယ်ဆိုတာတောင် လူတွေကမသိကြ ပါဘူး။ ဒီလိုမျိုးပုဂ္ဂိုလ်တွေမရှိဘဲနဲ့ ကျွန်မ အခုနေရာမှာ ရှိနေနိုင်မှာမဟုတ်ပါဘူး။

(ဒေါ်အောင်ဆန်းစုကြည်နှင့် ABC ရုပ်သံအင်တာဗျူးကို အိဖြူလွင်ဘာသာပြန်ဆိုသည်။)

7Day News Journal

No comments:

Post a Comment