Monday 4 November 2013

ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှု များပြားနေသော်လည်း လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှု ကဏ္ဍတွင် အားနည်းနေ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တတိယအများဆုံး တိုင်ကြားနေသော်လည်း လက်ရှိကာလအထိ ရဲ တပ်ဖွဲ့ဝင်များအား လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှုများ အားနည်းနေ ဆဲဖြစ်ကြောင်း ကျောက် တံတားမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးဖြစ်သူ ဒုရဲမှူး မျိုးမြင့်ကြိုင်က ပြောကြားသည်။
"ပညာပေးမှု အပိုင်းမှာတော့ အားနည်းနေပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် ကိုယ်ပိုင် သင်တန်းကျောင်းတွေ ပေးတာမျိုးတွေ ရှိတယ်" ဟု ဒုရဲမှူးမျိုးမြင့်ကြိုင်က ပြောကြားသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားလွှာများအနက် တရားရုံး လုပ်ထုံး လုပ်နည်းအရ မတရား စီစဉ်ခံနေရမှု၊ အမှုဘေးချိတ်ထားမှု၊ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ အယူခံ တက်ရမှု၊ တရားရုံးကြန့်ကြာမှု အစရှိသည့် တရားရုံးမှုနှင့် အချုပ်ခန်း၊ အကျဉ်းထောင် စသည့်နေရာများတွင် ရဲတပ်ဖွဲ့ဝင်များ၏ ညှင်းပန်းနှိပ်စက်မှုများမှာ အများဆုံး အနေအထားဖြစ်ကြောင်း သိရသည်။
"ရဲတပ်ဖွဲ့ဝင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုကို အများဆုံး တိုင်ကြားပါတယ်။ ကျွန်တော်တို့ အနေနဲ့ အချက်အလက်နဲ့ တိုင်ကြားခံရပုံ မှန်မမှန်စစ်ပြီး တိုင်တဲ့သူဘက်က မှန်နေတယ်ဆိုရင် သက်ဆိုင်ရာ ဌာနကိုတိုင်ပြီး လုပ်ထုံးလုပ်နည်းအရ အရေးယူစေပါတယ်။ ကျွန်တော်တို့ အနေနဲ့ သူတို့ကို လုပ်ပေးနိုင်တဲ့ အနေအထားကလည်း ပညာပေးခြင်း အဆင့်ပဲ ရှိပါတယ်" ဟု ဦးဝင်းမရက ဆိုပါသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် အကျင့်ပျက် လာဘ်စားသည့် ရဲဝန်ထမ်းများ၊ ထုတ်ပယ်ခြင်း ရာထူး ချခြင်း ပြုလုပ်ခံရသည့် ရဲဝန်ထမ်းများမှာ ၄၀၀၀ ဦးခန့်ရှိနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန် ချက် များအရ သိရသည်။ 

Eleven

1 comment:

  1. အင်း ကူညီပါရစေ ဆိုင်းဘုတ်လေးက တော်တော် ချစ်စရာ လေးစားစရာ အားကိုးစရာ အနှစ်အရသာ ရှိလှပါတယ်။ အမှန်တကယ် ကူညီတဲ့သူတွေလဲ ရှိမှာပါ ။ ဒါပေမဲ့ ပြန်ပြီးအကူအညီပေးနေရတဲ့သူတွေက များနေ သေးတယ်လို့ထင်ပါတယ် ။ ပြည်သူကို များမျးကူညီနိုင်ပြီး မှုခင်းတွေကို ဖေါ်ထုတ် အရေးယူနိုင်ပြီး ပြည်သူကလေးစားတဲ့ ပြည်သူ့အကျိုးပြု ဥပဒေဘက်တော်သားများ များများ ပေါ်ထွက်လာပါစေဗျာ ။

    ReplyDelete