Sunday 3 November 2013

NLD ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲကို တောင်ဥက္ကလာပ၊ မရမ်းကုန်းနှင့် စမ်းချောင်းမြို့နယ်တို့်တွင် တစ်ရက်တည်း ပြုလုပ်

I-3-11
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူရေး ဟောပြောပွဲ ကျင်းပနေသည်ကို တွေ့ရစဉ်
နိုဝင်ဘာ ၂ ရက်တွင် NLD ပါတီ ပြုလုပ်လျက်ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ဆန္ဒ သဘောထား ကောက်ယူရေး ဟောပြောပွဲ များအား တောင်ဥက္ကလာပမြို့နယ်၊ မရန်းကုန်းမြို့နယ်ရှိ မျက်မမြင်ကျောင်းနှင့် စမ်းချောင်းမြို့နယ်တို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
တောင်ဥက္ကလာပမြို့နယ် NLD ဥက္ကဋ္ဌ ဦးချစ်တင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တိုင်းပြည်အား နှစ်နှစ်ကျော် အုပ်ချုပ်ခဲ့သော်လည်း မည်မည်ရရ အပြောင်းအလဲကို မတွေ့ရသေးခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ အခြေခံဥပဒေ မဖြစ်ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အခြေခံ ပြည်သူတို့၏ ဘ၀မှာ ဘာမှအပြောင်းအလဲ မရှိသည့်အပြင် မီတာခများကို တိုးမြှင့်ကောက်ခံ လိုက်ခြင်းဖြင့် ပြည်သူများ၏ဘ၀ ပိုမိုကျပ်တည်းခြင်းသာ ဖြစ်ပေါ် လာမည် ဖြစ်သည့် အကြောင်း ပြောကြားသည်။
ထို့နောက် ဦးမောင်ဖေတင်က ဆက်လက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ ပြည်သူအများစု၏ ဘုံသဘောတူညီချက်ဖြင့် ရေးဆွဲခြင်းဖြစ်ပြီး ထိုသို့ရေးဆွဲထားသည့် ဘုံသဘော တူညီချက်ဖြင့် ရွေးကောက် ခံရသည့် အစိုးရအဖွဲ့က အုပ်ချုပ်ပါမယ်ဟု ကတိပြုရသည့် ဘုံသဘောတူညီချက်အဖြစ် ၎င်းလက်ခံသည်ဟု ပြောကြားသည်။
ထို့နောက် ၂၀၀၈ အခြေခံ ဥပဒေတွင် အငြင်းပွားဖွယ်ရာ အချက်များကို ထုတ်နုတ်ပြောကြား ခဲ့သည်။ တောင်ဥက္ကလာပမြို့နယ်တွင် တက်ရောက်လာသူ တစ်ထောင်ကျော် ပတ်ဝန်းကျင်ရှိပြီး အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ၉၉ ရာနှုန်းကျော် ထောက်ခံခဲ့ကြောင်းလည်း သိရသည်။
မရမ်းကုန်းမြို့နယ်တွင် ကျင်းပသည့်ပွဲတွင် တက်ရောက်သူ နှစ်ထောင်ကျော်ရှိပြီး ၉၈ ရာနှုန်းကျော်က အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံခဲ့ကြောင်း သတင်းရရှိသည်။
မရမ်းကုန်းမြို့နယ်မှ ၂၀၀၈ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရပ်ကျေးအဆင့်မှ စတင်ကာ ပါတီဝင်များ က ပြည်သူလူထုထံ လိုက်လံဟောပြောကာ ဆန္ဒတောင်းခံ ကြသည်ဟု မရမ်းကုန်းမြို့နယ်မှ NLD ပါတီဝင် ဒေါ်ခင်နွဲ့သန်းက ပြောပြခဲ့သည်။
ဟောပြောပွဲသို့ တက်ရောက်လာသည့် ဦးခင်မောင်ဝင်းက "ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ပြင်ဆင်ဖို့ အရင်ကြိုးစားရမှာပဲ။ လုံးဝပြင်ဆင်ဖို့ မဖြစ်နိုင်ဘူး ဆိုရင်တော့ အသစ်ရေးရမှာပေါ့" ဟု The Daily Eleven သို့ ဖြေကြားသည်။
Eleven

1 comment:

  1. ပြည်သူ့ခေါင်းဆောင် လို့ဘယ်သူကအတည်ပြု့ ပေးခဲ့တာလဲ ?

    ပြည်သူ့ခေါင်းဆောင် ဆိုပြည်သူအတွက်ဘာတွေလုပ်ပေးပြီသွားပြီလဲ ?

    နိုဘယ်ဆုရှင် ဆို မြန်မာပြည်မှာငြိမ်းချမ်းရေးကိစ္စတွေ၊အဓိကရုဏ်းတွေမှာ ဘယ်လောက်ဝင် လုပ်ပေးပြီးလဲ ?

    လွှတ်တော်အမတ်သာဖြစ်လာတယ်အဆိုဘယ်နှစ်ခုတင်ပြီးပြီလဲ၊အဆိုဘယ်နှစ်ခုများဆွေးနွေးပြီးပြီလဲ၊
    ပြည်သူ့အတွက်အကျိုးရှိတဲ့ဥပဒေကြမ်းဘယ်နှစ်ခုလွှတ်တော်မှာတင်ပြပြီးပြီလဲ၊ပြည်သူတွေအတွက် လွှတ်တော်မှာမေးခွန်းဘယ်နှစ်ခုမေးပြီးပြီလဲ ?

    ဒေါ်စုကမြင်၅မြင် နဲ့ကြည့်တယ်ဆိုတာထား၊အဓိက ကနိုင် ငံတကာအမြင် ၊ဒီအမြင် နဲ့ကမ္ဘာက လေးစားအောင် မူစလင် ဘက်က လူနည်းစုအခွင့်အ ရေးကိုတန်ဖိုးထားတာထား၊နိုင်ငံရေးအမြင် နဲ့ကြည့်ရင်ဒီလူနည်းစုရဲ့  မြန်မာနိုင် ငံအ ပေါ်ထားတဲ့ ယုတ်မာတဲ့ဗျူဟာကိုမြင်နိုင် မယ်၊ဒါကိုဒေါ်စုမမြင် တာလား?

    ( ဥပမာ-white card ကိစ္စ၊NLDဖွဲ့စည်းပုံအ ခြေခံဥပ ဒေပြင် အဖွဲ့ခေါင်းဆောင် မွတ်စလင် ကိုနီ၊
    FBမှာNLDဘက်က ရပ်တည်နေတဲ့ဝါဒဖြန့်သမားအများစုကမွတ်စလင် )စီးပွားရေးအမြင် ကကြည့်ရင် Father Land လိုမူစလင် စီးပွားရှင် တွေကမြန်မာတွေနေရာကိုအတင်းဝယ်ပြီးမွတ်စလင် အချင်းချင်းအရှုံးခံရောင်းပြီးနယ်ချဲ့ နေတဲ့ စီးပွားရေးဗျူဟာကိုဒေါ်စု မသိတာလား?အုပ်ချူပ်ရေး
    အမြင် အရ ဒေါ်စုသာအာဏာရသွားရင် အခုကတည်းက ဒေါ်စုနဲ့NLDအ ပေါ် သြဇာလွှမ်းမိုးနေတဲ့ မွတ်စလင် တွေကြောင့် တစ်ချိန်မှာ အချူပ်အခြာအာဏာထိခိုက်လာနိုင် တယ်ဆိုတာ ကလေးတောင် တွေးတတ်တယ်။ဒေါ်စုမ တွေးတတ်ဘူးလား ?

    စစ်ရေးအမြင် အရကြည့်ရင်ကမ္ဘာမှာမူစလင်နိုင်ငံတွေကများတယ်။ဒေါ်စုကြောင့်တစ်ချိန်မှာစစ်ရေးအရ
    ဝင် ရောက်စွပ်ဖက်မှု့ တွေရှိလာနိုင်တယ်။ဒို့တာဝန်အ ရေး ၃ပါးကိုထိခိုက် ရင် တပ်မ တော်ကလည်း
    ငြိမ်ခံနေမှာမဟုတ်ဘူး။ဒေါ်စုသာအာဏာရခဲ့ရင် အရင် တုန်းကလိုမဟုတ်ပဲနိုင် ငံခြားတပ် တွေတပ်စွဲ
    ခွင့်ပေးလိုက် ရင် မြန်မာနိုင် ငံကကမ္ဘာနဲ့အတိုက်အခံ ဖြစ်သွားနိုင်တယ်။အဲ့အချိန်ကရင် ကမ္ဘာက ပေး
    သမျှဆုတွေအကုန်လက်ခံထားတဲ့ဒေါ်စုဘာမှဝင်ပြောရဲမှာမဟုတ်ဘူး။ဒီတော့စစ်ရေးအရရှုပ်ထွေးမှု့ တွေဖြစ်လာရင် စစ်အ ကြောင်းနားမလည်တဲ့ ဒေါ်စု ဘယ်လိုဖြေရှင်းပေးနိုင်မှာလဲ ?

    ReplyDelete