Friday 11 October 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့ သဘော တူညီချက် အသစ်များ လက်မှတ် ရေးထိုး

Photo: ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့ သဘော တူညီချက် အသစ်များ လက်မှတ် ရေးထိုး …

Friday, 11 October 2013 

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့မှ ကိုယ်စားလှယ် များသည် ဆွေးနွေးပွဲသို့ လေ့လာသူ အဖြစ် တက်ရောက် လာကြသူများ၏ ရှေ့မှောက်၌ လက်မှတ်ရေး ထိုးခဲ့ သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့၏ သဘော တူညီချက် အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့၏ သဘော တူညီချက်

၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ (၁ဝ) ရက်။                                                                

၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဦးဆွမ် လွတ်ဂမ် ဦးဆောင်သော ကေအိုင်အိုေ ဆွးနွေးရေး ကိုယ်စား လှယ် အဖွဲ့တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း အတွင်းရှိ မဂျွယ်ခန်းမတွင် ၂ဝ၁၃ခုနှစ် အောက်တိုဘာ ၈ရက်မှ ၁ဝ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဤဆွေးနွေးပွဲတွင် လေ့လာသူများ (Observers) အဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Mr.  Vijay  Nambiar ၊တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ အာရှရေးရာ အထူး ကိုယ်စားလှယ် Mr.  Wang Ying Fan၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁ဝ)ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် (၄)ဦး၊ ကချင်ပြည်နယ် အတွင်းရှိ တရားဝင် နိုင်ငံရေး ပါတီများ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီနှင့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်များ၊ ကချင် လူမျိုးများ၊ ရိုးရာ ယဉ်ကျေးမှုဗဟို ကော်မတီ နှင့် ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများ စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့ (Peace- talk  Creation Group) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် မြို့မိမြို့ဖ (၁ဝ)ဦးတို့ တက်ရောက် ခဲ့ကြပါသည်။

၂။ တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရေးကို အာမခံ နိုင်သည့် နိုင်ငံရေးအရ သဘောတူညီမှုများ ထွက်ပေါ် လာနိုင်ရေးကို ဦးတည်၍ နှစ်ဖက် ကိုယ်စားလှယ် များမှ အသိသက်သေများ ရှေ့မှောက်တွင် အောက်ပါ အချက်များ အား နှစ်ဦးနှစ်ဖက် သဘောတူ အတည်ပြုကြပါသည်-

 (က) နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ (Political Dialogue) ကျင်းပ နိုင်ရန်အတွက် ပြင်ဆင်မှု ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ပါဝင်ရန် ကေအိုင်အိုအား ဖိတ်ခေါ်သည် ဖြစ်သောကြောင့် ကြိုတင်ဆွေးနွေး ညှိနှိုင်းသည့် လုပ်ငန်းစဉ် အနေဖြင့် အောက်ဖော်ပြပါ အတိုင်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် သဘော တူသည်-

 (၁) ပြည်ထောင်စု အစိုးရမှ စီမံချက်များကို ပေးပို့ခြင်း၊ ဆွေးနွေး  ခြင်းများ ပြုလုပ် ဆောင်ရွက်မည်။

 (၂) ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့မှ တောင်းဆိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များ ညီလာခံ (Ethnic Armed Groups Conference) ကျင်းပမည်။

 (ခ) ၂ဝ၁၃ ခုနှစ်၊ မေလ(၂၈- ၃ဝ)ရက်နေ့အတွင်း ဆွေးနွေးပွဲ ရလဒ်များကြောင့် ပစ်ခတ် တိုက်ခိုက်မှုများ လျှော့ချနိုင်ခြင်း၊ နှစ်ဖက်ထိတွေ့ ဆက်ဆံမှုများ တိုးတက် ဆောင်ရွက်နိုင်ခြင်း တို့အပေါ် နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့မှ အသိအမှတ် ပြုပြီး ပစ်ခတ် တိုက်ခိုက်မှုများ ထပ်မံ မဖြစ်ပွား စေရေးကို ဆက်လက်ညှိနှိုင်း ဆောင်ရွက် ရန် သဘောတူသည်။

 (ဂ) နယ်မြေ လုံခြုံရေး အခြေအနေ အရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ မူလနေထိုင်ရာ အရပ်သို့ ပြန်နိုင်ရေးနှင့် ပြန်လည် ထူထောင်ရေး အတွက် အခြေခံရမည့် မူများနှင့် စီမံချက် တစ်ရပ် ရေးဆွဲနိုင် ရန် နှစ်ဖက် အဖွဲ့များ၏ အလုပ်အဖွဲ့ (Technical Team) များနှင့်   သက်ဆိုင်ရာ ဌာနများ ဆက်လက် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် အနည်းဆုံး ရွာ(၄)ရွာကို ရွေးချယ်ပြီး ရှေးဦးစီမံချက် (Pilot  Project) အဖြစ် ညှိနှိုင်း အကောင် အထည် ဖော်သွားရန် သဘောတူသည်။

 (ဃ)  စစ်ရှိန် လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွား စေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ  (Joint  Monit
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့မှ ကိုယ်စားလှယ် များသည် ဆွေးနွေးပွဲသို့ လေ့လာသူ အဖြစ် တက်ရောက် လာကြသူများ၏ ရှေ့မှောက်၌ လက်မှတ်ရေး ထိုးခဲ့ သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့၏ သဘော တူညီချက် အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့၏ သဘော တူညီချက်
၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ (၁ဝ) ရက်။
၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ဦးဆွမ် လွတ်ဂမ် ဦးဆောင်သော ကေအိုင်အိုေ ဆွးနွေးရေး ကိုယ်စား လှယ် အဖွဲ့တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း အတွင်းရှိ မဂျွယ်ခန်းမတွင် ၂ဝ၁၃ခုနှစ် အောက်တိုဘာ ၈ရက်မှ ၁ဝ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဤဆွေးနွေးပွဲတွင် လေ့လာသူများ (Observers) အဖြစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Mr. Vijay Nambiar ၊တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ အာရှရေးရာ အထူး ကိုယ်စားလှယ် Mr. Wang Ying Fan၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁ဝ)ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် (၄)ဦး၊ ကချင်ပြည်နယ် အတွင်းရှိ တရားဝင် နိုင်ငံရေး ပါတီများ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီနှင့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်များ၊ ကချင် လူမျိုးများ၊ ရိုးရာ ယဉ်ကျေးမှုဗဟို ကော်မတီ နှင့် ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများ စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့ (Peace- talk Creation Group) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် မြို့မိမြို့ဖ (၁ဝ)ဦးတို့ တက်ရောက် ခဲ့ကြပါသည်။

၂။ တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်ရေးကို အာမခံ နိုင်သည့် နိုင်ငံရေးအရ သဘောတူညီမှုများ ထွက်ပေါ် လာနိုင်ရေးကို ဦးတည်၍ နှစ်ဖက် ကိုယ်စားလှယ် များမှ အသိသက်သေများ ရှေ့မှောက်တွင် အောက်ပါ အချက်များ အား နှစ်ဦးနှစ်ဖက် သဘောတူ အတည်ပြုကြပါသည်-

(က) နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ (Political Dialogue) ကျင်းပ နိုင်ရန်အတွက် ပြင်ဆင်မှု ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ပါဝင်ရန် ကေအိုင်အိုအား ဖိတ်ခေါ်သည် ဖြစ်သောကြောင့် ကြိုတင်ဆွေးနွေး ညှိနှိုင်းသည့် လုပ်ငန်းစဉ် အနေဖြင့် အောက်ဖော်ပြပါ အတိုင်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် သဘော တူသည်-

(၁) ပြည်ထောင်စု အစိုးရမှ စီမံချက်များကို ပေးပို့ခြင်း၊ ဆွေးနွေး ခြင်းများ ပြုလုပ် ဆောင်ရွက်မည်။

(၂) ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့မှ တောင်းဆိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များ ညီလာခံ (Ethnic Armed Groups Conference) ကျင်းပမည်။

(ခ) ၂ဝ၁၃ ခုနှစ်၊ မေလ(၂၈- ၃ဝ)ရက်နေ့အတွင်း ဆွေးနွေးပွဲ ရလဒ်များကြောင့် ပစ်ခတ် တိုက်ခိုက်မှုများ လျှော့ချနိုင်ခြင်း၊ နှစ်ဖက်ထိတွေ့ ဆက်ဆံမှုများ တိုးတက် ဆောင်ရွက်နိုင်ခြင်း တို့အပေါ် နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့မှ အသိအမှတ် ပြုပြီး ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံမဖြစ် ပွား စေရေး ကို ဆက်လက်ညှိနှိုင်း ဆောင်ရွက် ရန် သဘောတူသည်။

(ဂ) နယ်မြေ လုံခြုံရေး အခြေအနေ အရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ မူလနေထိုင်ရာ အရပ်သို့ ပြန်နိုင်ရေးနှင့် ပြန်လည် ထူထောင်ရေး အတွက် အခြေခံရမည့် မူများနှင့် စီမံချက် တစ်ရပ် ရေးဆွဲနိုင် ရန် နှစ်ဖက် အဖွဲ့များ၏ အလုပ်အဖွဲ့ (Technical Team) များနှင့် သက်ဆိုင်ရာ ဌာနများ ဆက်လက် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် အနည်းဆုံး ရွာ(၄)ရွာကို ရွေးချယ်ပြီး ရှေးဦးစီမံချက် (Pilot Project) အဖြစ် ညှိနှိုင်း အကောင် အထည် ဖော်သွားရန် သဘောတူသည်။

(ဃ) စစ်ရှိန် လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွား စေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ (Joint Monit

မြ၀တီ

No comments:

Post a Comment