Friday 11 October 2013

ဘုရားပေါ် မရှောင်တဲ့ မုဒိန်းကောင်

ပဲခူးမြို့၊ ရွှေမော်ဓေါဘုရားပေါ် တောင်ဘက်မုဒ်ရှိ ဗေဒင်ဟောခန်းအနီးတွင်(၁၀.၁၀.၂၀၁၃)နေ့ နံနက် (၄း၀၀) အချိန်ခန့်က မုဒိန်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ထက်ထက်လှိုင် ထမင်းဆိုင်တွင်အလုပ်နေသော မxxxxx(၁၇)နှစ်သည် အလုပ်လုပ်နေစဉ် ဘုရားတောင်ဘက်မုဒ်ရှိ အိမ်သာသို့ သွားစဉ် အဓမ္မပြုကျင့် ခံရခြင်း ဖြစ်သည်။

အဆိုပါ ဆိုင်ဘေးမှ ဘုရားပန်းရောင်း သော မိန်းခလေးတစ်ဦးနှင့် အတူသွားရာ မxxxxမှ အိမ်သာမှ ထွက်၍ ခြေထောက်ဆေးနေစဉ် လွန်ခဲ့သော (၄/၅)ရက်ခန့်က ထမင်းဆိုင်တွင် ထမင်းစားဘူး သူ ကျော်သက်ဦး (၂၁)နှစ်၊ (ဘ)ဦးဇော်ဦး၊ (ယာဉ်နောက်လိုက်)၊ ဘဏ္ဍာကုန်းကျေးရွာ၊ ပဲခူးမြို့နယ် နေသူ သည်မှ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

ကျော်သက်ဦးမှ ဘုရားပေါ်တက်မည်၊ လိုက်ခဲ့ဟုခေါ်ရာ မxxxxမှ မလိုက်နိုင်ကြောင်း ပြောသော အခါ ကျော်သက်ဦးမှ အတင်းလက်ဆွဲကာ ပါးစပ်ပိတ်ပြီး ဘုရားပေါ်သို့ ခေါ်ဆောင်သွားခဲ့ရာ ဘုရားတောင် ဘက်မုဒ်ပေါ်ရှိ ဗေဒင်ဟောသည့် အခန်းအနီးတွင် ထိုင်ပြီး ကျော်သက်ဦးမှ မxxxxအား ချစ်ကြိုက်ကြောင်း ပြောဆိုပြီး မxxx၏ ရင်သားအားကိုင်ခြင်း၊ ပါးအားနမ်းပြီး ဆွဲလှဲကာအလိုမတူဘဲ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့သဖြင့် မxxxxမှ ကျော်သက်ဦးအား အရေးယူပေးပါရန် ပဲခူးမြို့မ ရဲစခန်း သို့ တိုင်ကြားရာ ရဲစခန်းမှ(ပ)၆၀၀/၂၀၁၃ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆)အရ အမှုဖွင့် အရေးယူထားပြီး တရားခံ ကျော်သက်ဦးအားဖ မ်းဆီးစစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်

Ko Thant Zin
Myanmar News Now

No comments:

Post a Comment