Friday 11 October 2013

ကွာလာလမ်ပူမြို့ရှိ မြန်မာ ရတနာကုန်သည် တစ်ဦး၏နေအိမ် ဓားပြတိုက်ခံရ

Photo: ကွာလာလမ်ပူမြို့ရှိ မြန်မာရတနာကုန်သည် တစ်ဦး၏နေအိမ် ဓားပြတိုက်ခံရ
Friday, October 11, 2013

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာရတနာ ကုန်သည်တစ်ဦး၏ နေအိမ်သို့ ဓားပြတိုက်ခိုက် သူများအား ရဲများက ဖမ်းမိလိုက်ကြောင်း သိရသည်။

တာမန်ဆရီတီလောမတ် ရပ်ကွက်ရှိ မြန်မာရတနာ ကုန်သည်က ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ပြီး ၂၄ နာရီ အကြာတွင် Geng Ismail အမည်ရှိ အဆိုပါ ဓားပြအဖွဲ့ကို ဖမ်းမိလိုက်ခြင်း ဖြစ်ကြောင်း မလေးရှား စီအိုင်ဒီ လက်ထောက်တပ်ဖွဲ့မှူးချုပ် ရာဂျာရှာရွန်ရာဂျာ အဗ္ဗဒူလာက ပြောကြားခဲ့သည်။

အောက်တိုဘာ ၄ ရက် နံနက် ၁ နာရီ ၃၀ မိနစ်က အဆိုပါ အဖွဲ့မှ ဓားပြလေးဦးသည် မြန်မာရတနာ ကုန်သည်၏ နေအိမ်သို့ ၀င်ရောက်ကာ အိမ်တွင်ရှိသူ လေးဦးအား ကြိုးဖြင့်တုပ်ပြီး ရင်းဂစ်တစ်သိန်းခန့် တန်ဖိုးရှိ ကျောက်မျက်ရတနာများနှင့် ငွေများကို ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ထောက်လှမ်းရေး သတင်းအရ မိမိတို့ တပ်ဖွဲ့ဝင်များသည် ဆီလန်ဂေါမြို့၊ ကလန်းဒေသရှိ ဂျလန်းဆန်ဂိုင်းပူတပ် ရပ်ကွက်တွင် အမြဲတမ်း နေထိုင်ခွင့်လက်မှတ် ရရှိထားသူ နိုင်ငံခြားသား တစ်ဦးအား စတင်ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရာဂျာရှာရွန်က ပြောကြားခဲ့သည်။

''ပထမဆုံး ဖမ်းမိခဲ့တဲ့သူက ဓားပြမှုကို ကျူးလွန်ကြောင်း ၀န်ခံခဲ့ပြီး ကျွန်တော်တို့ အနေနဲ့ ဆက်လက် ဖမ်းဆီးမှုတွေ လုပ်နိုင်ခဲ့တာပါ'' ဟု ရာဂျာရှာရွန်က အောက်တိုဘာ ၇ ရက်က ပြောကြားခဲ့သည်။

ဓားပြမှုအား ကြိုးကိုင် လှုပ်ရှားခဲ့သည့် အသက် ၂၂ နှစ်အရွယ် အစ္စမေး ဆိုသူအား နောက်ပိုင်းတွင် ရှာဖွေဖော်ထုတ် နိုင်ခဲ့သည်။

အစ္စမေးနှင့် အသက် ၁၅ နှစ်မှ ၁၈ နှစ် အကြား ညီဝမ်းကွဲတော် သုံးဦးကို ချာရက်မြို့ရှိ တာမင်ရှာမီလင်ပါကာဆာ ရပ်ကွက်တွင် ထပ်မံဖမ်းဆီး နိုင်ခဲ့ကြောင်း ရာဂျာရှာရွန်က ပြောကြားခဲ့သည်။

''ဖမ်းမိထားသူတွေထဲက တစ်ယောက်ဟာ မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းထားတဲ့ ရိုဟင်ဂျာတစ်ဦး ဖြစ်ပါတယ်'' ဟု ရာဂျာရှာရွန်က ပြောကြားသည်။ ၎င်းတို့အား ငှားရမ်းထားသည့် အိမ်တစ်လုံး၌ ဖမ်းမိရာတွင် မိုဘိုင်းဖုန်း အလုံး ၂၀၊ ရွှေလက်စွပ် ၅၇ ကွင်း၊ ဆွဲကြိုး ၂၇ ကုံး၊ ရွှေလက်ကောက် ကိုးကွင်း၊ ဓားတစ်ချောင်းနှင့် ရွှေထည့်သည့် သေတ္တာတစ်လုံး တို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားပြအုပ်စုသည် ချာရက်နှင့် ကွာလာလမ်ပူမြို့ ၀န်းကျင်တွင် လုယက်မှု၊ ဓားပြတိုက်မှုများကို ကျူးလွန်နေသူများ ဖြစ်နိုင်ကြောင်း ရာဂျာရှာရွန်က ပြောကြားသည်။ ဖမ်းမိထားသူ လေးဦးကို ဆက်လက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

ဓားပြတိုက်ခဲ့သည့် ပစ္စည်းများအား မလေးရှား ရဲများက ပြသနေစဉ် (Photo-The Star Online)

http://www.myanmaronlinenews.net/2013/10/blog-post_5961.html
ဓားပြတိုက်ခဲ့သည့် ပစ္စည်းများအား မလေးရှား ရဲများက ပြသနေစဉ် (Photo-The Star Online)
 မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာရတနာ ကုန်သည်တစ်ဦး၏ နေအိမ်သို့ ဓားပြတိုက်ခိုက် သူများ အား ရဲများက ဖမ်းမိလိုက်ကြောင်း သိရသည်။
တာမန်ဆရီတီလောမတ် ရပ်ကွက်ရှိ မြန်မာရတနာ ကုန်သည်က ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ပြီး ၂၄ နာရီ အကြာတွင် Geng Ismail အမည်ရှိ အဆိုပါ ဓားပြအဖွဲ့ကို ဖမ်းမိလိုက်ခြင်း ဖြစ်ကြောင်း မလေးရှား စီအိုင်ဒီ လက်ထောက်တပ်ဖွဲ့မှူးချုပ် ရာဂျာရှာရွန်ရာဂျာ အဗ္ဗဒူလာက ပြောကြားခဲ့သည်။

အောက်တိုဘာ ၄ ရက် နံနက် ၁ နာရီ ၃၀ မိနစ်က အဆိုပါ အဖွဲ့မှ ဓားပြလေးဦးသည် မြန်မာရတနာ ကုန်သည်၏ နေအိမ်သို့ ၀င်ရောက်ကာ အိမ်တွင်ရှိသူ လေးဦးအား ကြိုးဖြင့်တုပ်ပြီး ရင်းဂစ်တစ်သိန်း ခန့် တန်ဖိုးရှိ ကျောက်မျက်ရတနာများနှင့် ငွေများကို ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ထောက်လှမ်းရေး သတင်းအရ မိမိတို့ တပ်ဖွဲ့ဝင်များသည် ဆီလန်ဂေါမြို့၊ ကလန်းဒေသရှိ ဂျလန်းဆန်ဂိုင်းပူတပ် ရပ်ကွက်တွင် အမြဲတမ်း နေထိုင်ခွင့်လက်မှတ် ရရှိထားသူ နိုင်ငံခြားသား တစ်ဦးအား စတင်ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ရာဂျာရှာရွန်က ပြောကြားခဲ့သည်။

''ပထမဆုံး ဖမ်းမိခဲ့တဲ့သူက ဓားပြမှုကိုကျူးလွန်ကြောင်း ၀န်ခံခဲ့ပြီး ကျွန်တော်တို့အနေနဲ့ ဆက်လက် ဖမ်းဆီးမှုတွေ လုပ်နိုင်ခဲ့တာပါ'' ဟု ရာဂျာရှာရွန်က အောက်တိုဘာ ၇ ရက်က ပြောကြား ခဲ့သည်။ ဓားပြမှု အား ကြိုးကိုင်လှုပ်ရှားခဲ့သည့် အသက် ၂၂ နှစ်အရွယ် အစ္စမေးဆိုသူအား နောက်ပိုင်းတွင် ရှာဖွေဖော် ထုတ် နိုင်ခဲ့သည်။

အစ္စမေးနှင့် အသက် ၁၅ နှစ်မှ ၁၈ နှစ် အကြား ညီဝမ်းကွဲတော် သုံးဦးကို ချာရက်မြို့ရှိ တာမင်ရှာမီလင်ပါ ကာဆာ ရပ်ကွက်တွင် ထပ်မံဖမ်းဆီး နိုင်ခဲ့ကြောင်း ရာဂျာရှာရွန်က ပြောကြား ခဲ့သည်။

''ဖမ်းမိထားသူတွေထဲက တစ်ယောက်ဟာ မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းထားတဲ့ ရိုဟင်ဂျာ တစ်ဦး ဖြစ်ပါတယ်'' ဟု ရာဂျာရှာရွန်က ပြောကြားသည်။ ၎င်းတို့အား ငှားရမ်းထားသည့် အိမ် တစ်လုံး၌ ဖမ်းမိရာတွင် မိုဘိုင်းဖုန်း အလုံး ၂၀၊ ရွှေလက်စွပ် ၅၇ ကွင်း၊ ဆွဲကြိုး ၂၇ ကုံး၊ ရွှေလက်ကောက် ကိုးကွင်း၊ ဓားတစ်ချောင်းနှင့် ရွှေထည့်သည့် သေတ္တာတစ်လုံး တို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားပြအုပ်စုသည် ချာရက်နှင့် ကွာလာလမ်ပူမြို့ ၀န်းကျင်တွင် လုယက်မှု၊ ဓားပြတိုက်မှုများကို ကျူးလွန်နေသူများ ဖြစ်နိုင်ကြောင်း ရာဂျာရှာရွန်က ပြောကြားသည်။ ဖမ်းမိထားသူ လေးဦးကို ဆက်လက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment