Saturday 5 October 2013

ငွေကြေး ခ၀ါချမှုများကို ထိန်းချုပ်သည့် အနေဖြင့် နိုင်ငံတကာမှ ၀င်ငွေ၊ ထွက်ငွေများကို ထိန်းကျောင်း စစ်ဆေးနေဟုဆို

ငွေကြေး ခ၀ါချမှုများကို ထိန်းချုပ်သည့် အနေဖြင့် နိုင်ငံတကာမှ ၀င်ငွေ၊ ထွက်ငွေများကို ထိန်းကျောင်း စစ်ဆေးနေကြောင်း ဘဏ္ဍာရေး ၀န်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အောက်တိုဘာ ၄ ရက်တွင် သတင်းထောက်များကို ပြောကြားသည်။
အောက်တိုဘာ ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးအပြီး သတင်းထောက် များ မေးမြန်းသည့် ငွေကြေး ခ၀ါ ချမှုများ ထိန်းချုပ်ရေး ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီးက ပြန် လည်ဖြေကြား ရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ''ငွေကြေး ခ၀ါချမှုနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်မှာ စစ်ဆေးတဲ့အဖွဲ့ တစ်ဖွဲ့သတ်သတ် ရှိပါတယ်။ အဓိက တာဝန်ယူ လုပ်တာက ပြည်ထဲရေး ၀န်ကြီးဌာန ပါ။ ပြည်ထဲရေး ၀န်ကြီးဌာနက ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်ပြီး ၀င်ငွေရရှိမှုတွေ၊ စစ်ဆေးမှုတွေ၊ စိစစ်မှုတွေ တာဝန်ယူလုပ်တယ်။ အလားတူပဲ ဗဟိုဘဏ်ကလည်း ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ဝင်တစ်ယောက် အနေနဲ့ ပါဝင်ပြီးတော့ ဒီကိစ္စကို ထိန်းချုပ်ဆောင် ရွက်နေတာ ရှိပါတယ်။ ခုနက ကျွန်တော်ပြောတဲ့ ၀င်ငွေတွေ (Inflow)၊ နိုင်ငံ တ ကာက ၀င်လာတဲ့ငွေတွေ၊ ထွက်သွားတဲ့ငွေတွေ ထိန်းကျောင်းစစ်ဆေးမှုက ခုနကပြောတဲ့ ငွေကြေး ခ၀ါချမှုကို စိစစ်တဲ့အပိုင်းနဲ့ ဆက်စပ်နေပါတယ်'' ဟု ပြောကြားသည်။

တရားဝင် ရရှိကြောင်း နည်းလမ်းမဖော် ပြနိုင်သောငွေ (ငွေမည်း) များ ကို ငွေဖြူပြုလုပ်ရာ၌ အိမ်၊ ခြံ၊ မြေ ကဏ္ဍတွင် အခွန်ဆောင်ကာ ရင်းနှီးမြှပ်နှံ မှုများ ပြုလုပ်ခြင်းဖြင့် အများဆုံး ဆောင်ရွက်လျက် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

Eleven Media Group

No comments:

Post a Comment