Tuesday 1 October 2013

ခွေးရူးပြန် ရောဂါကြောင့် နှစ်စဉ်သေဆုံးသူ ဦးရေ ၁၀၀၀ ခန့် ရှိနေ

Photo: ခွေးရူးပြန် ရောဂါကြောင့် နှစ်စဉ်သေဆုံးသူ ဦးရေ ၁၀၀၀ ခန့် ရှိနေ
Tuesday, October 1, 2013

မြန်မာနိုင်ငံတွင် ခွေးရူးပြန် ရောဂါကြောင့် သေဆုံးသူဦးရေ တရားဝင် ထုတ်ပြန်ချက်များအရ ၂၄၀ ဦးသာ ရှိသည်ဟု ဆိုသော်လည်း နှစ်စဉ်ခွေး ရူးပြန် ရောဂါကြောင့် သေဆုံးသူမှာ ၁၀၀၀ ခန့် ရှိနေကြောင်း စက် တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ''ကမ္ဘာ့ခွေးရူးပြန် ရောဂါနေ့ အထိမ်း အမှတ် ဟောပြောပွဲ'' တွင် ပါမောက္ခ ဒေါက်တာချစ်စိုး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်အတွင်း ခွေးရူးရောဂါ ဖြစ်ပွားသူ ၂၀၅ ဦးရှိရာ ၂၀၅ ဦး သေဆုံးခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင် ခွေးရူးရောဂါ ဖြစ်ပွားသူ ၂၄၀ ဦးရှိရာ ၂၄၀ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာပေါ်တွင် ခွေးရူးရောဂါကြောင့် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း သေဆုံးနေပြီး တစ်နှစ်လျှင် ၅၅၀၀၀ ၀န်းကျင် အသက်ဆုံးရှုံး နေကြောင်းနှင့် မြန်မာနိုင်ငံ တွင်နှစ်စဉ် ၂၀၀ ဦးကျော် သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

တိရစ္ဆာန်မှ ကိုက်မိ၊ ခြစ်မိခြင်း၊ ရောဂါရှိသည့် တိရ စ္ဆာန်၏ သွားရည်မှတစ်ဆင့် မိမိခန္ဓာကိုယ်၏ ပေါက်ပြဲနေသည့် အရေပြားနှင့် ထိတွေ့ခြင်း၊ မျက်စိ၊ ပါးစပ်တစ်ခုခုအတွင်း ရောက်ရှိပါက ရောဂါကူးစက်နိုင်ကြောင်း...

တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်ပြီး လူသေဆုံးမှု မြင့်မား သည့် ရောဂါများတွင် ခွေးရူးပြန်ရောဂါမှာ တစ်ခုအပါအ၀င် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အတွင်းက အာဖရိကနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ မွေးမြူရေး တိရ စ္ဆာန်များ သုတေသနဗဟို (ILRI) မှ ထုတ်ပြန်ခဲ့သည့် ကျန်းမာရေး သုတေသန စာတမ်းအရ သိရသည်။

ခွေးရူးပြန်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်ရာ တွင် ကြောင်၊ ခွေး၊ မြေခွေး၊ လင်းနို့ တို့မှတစ်ဆင့် လူသို့ကူးစက်နိုင်ပြီး မြန်မာနိုင်ငံတွင် ခွေးမှတစ်ဆင့် ကူးစက်မှု ပိုမိုများပြားကြောင်း သိရသည်။

ခွေးရူးပြန်ရောဂါသည် Rabies ဟုခေါ်သည့်ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်ဖြစ်ပြီး ယင်းပိုးကူးစက် ခံရလျှင် ဦးနှောက်နှင့် အာရုံကြောမကြီးသို့ ရောက်ရှိပြီး ရောဂါလက္ခဏာများ ပြလေ့ရှိကြောင်း၊ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသည့် တိရစ္ဆာန်မှ ကိုက်မိ၊ ခြစ်မိခြင်း၊ ရောဂါရှိသည့် တိရ စ္ဆာန်၏ သွားရည်မှတစ်ဆင့် မိမိခန္ဓာကိုယ်၏ ပေါက်ပြဲနေသည့် အရေပြားနှင့် ထိတွေ့ခြင်း၊ မျက်စိ၊ ပါးစပ်တစ်ခုခုအတွင်း ရောက်ရှိပါက ရောဂါကူးစက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါပိုးနှင့် ပတ်သက်၍ စစ်ဆေးပေးနိုင် သည့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် အင်းစိန်မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် စဥ့်ကိုင်မြို့နယ်တို့၌သာ ရှိနေသေးပြီး ရောဂါပျံ့နှံမှုအား လေ့လာရာတွင် ယင်းဒေသနှစ်ခုမှ တွေ့ရှိချက်ကိုသာ နိုင်ငံ့အတိုင်းအတာဖြင့် မှတ်ချက်ယူနေရကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစုမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

Eleven Media Group

တိရစ္ဆာန်ဆေးကုခန်း တစ်ခုတွင် ကာကွယ်ဆေး ထိုးနှံနေသည့် အိမ်မွေးခွေးအား တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)
တိရစ္ဆာန်ဆေးကုခန်း တစ်ခုတွင် ကာကွယ်ဆေး ထိုးနှံနေသည့် အိမ်မွေးခွေးအား တွေ့ရစဉ် (ဓာတ်ပုံ-ထွယ်ဆန်အောင်)
မြန်မာနိုင်ငံတွင် ခွေးရူးပြန် ရောဂါကြောင့် သေဆုံးသူဦးရေ တရားဝင် ထုတ်ပြန်ချက်များအရ ၂၄၀ ဦးသာ ရှိသည်ဟု ဆိုသော်လည်း နှစ်စဉ်ခွေး ရူးပြန် ရောဂါကြောင့် သေဆုံးသူမှာ ၁၀၀၀ ခန့် ရှိနေကြောင်း စက် တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ''ကမ္ဘာ့ခွေးရူးပြန် ရောဂါနေ့ အထိမ်း အမှတ် ဟောပြောပွဲ'' တွင် ပါမောက္ခ ဒေါက်တာချစ်စိုး၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်အတွင်း ခွေးရူးရောဂါ ဖြစ်ပွားသူ ၂၀၅ ဦးရှိရာ ၂၀၅ ဦး သေဆုံးခဲ့ပြီး၊ ၂၀၁၁ ခုနှစ်တွင် ခွေးရူးရောဂါ ဖြစ်ပွားသူ ၂၄၀ ဦးရှိရာ ၂၄၀ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာပေါ်တွင် ခွေးရူးရောဂါကြောင့် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း သေဆုံးနေပြီး တစ်နှစ်လျှင် ၅၅၀၀၀ ၀န်းကျင် အသက်ဆုံးရှုံး နေကြောင်းနှင့် မြန်မာနိုင်ငံ တွင်နှစ်စဉ် ၂၀၀ ဦးကျော် သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

တိရစ္ဆာန်မှ ကိုက်မိ၊ ခြစ်မိခြင်း၊ ရောဂါရှိသည့် တိရ စ္ဆာန်၏ သွားရည်မှတစ်ဆင့် မိမိခန္ဓာကိုယ် ၏ ပေါ က်ပြဲနေ သည့် အရေပြားနှင့် ထိတွေ့ခြင်း၊ မျက်စိ၊ ပါးစပ်တစ်ခုခုအတွင်း ရောက်ရှိ ပါက ရောဂါကူး စက်နိုင်ကြောင်း...

တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်ပြီး လူသေဆုံးမှု မြင့်မား သည့် ရောဂါများတွင် ခွေးရူးပြန်ရောဂါမှာ တစ်ခု အပါအ၀င် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အတွင်းက အာဖရိကနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ မွေးမြူရေး တိရ စ္ဆာန်များ သုတေသနဗဟို (ILRI) မှ ထုတ်ပြန်ခဲ့သည့် ကျန်းမာရေး သုတေသန စာတမ်းအရ သိရသည်။

ခွေးရူးပြန်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်ရာ တွင် ကြောင်၊ ခွေး၊ မြေခွေး၊ လင်းနို့ တို့မှတစ်ဆင့် လူသို့ကူးစက်နိုင်ပြီး မြန်မာနိုင်ငံတွင် ခွေးမှတစ်ဆင့် ကူးစက်မှု ပိုမိုများပြားကြောင်း သိရသည်။

ခွေးရူးပြန်ရောဂါသည် Rabies ဟုခေါ်သည့်ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့်ဖြစ်ပြီး ယင်းပိုးကူးစက် ခံရလျှင် ဦးနှောက်နှင့် အာရုံကြောမကြီးသို့ ရောက်ရှိပြီး ရောဂါလက္ခဏာများ ပြလေ့ရှိကြောင်း၊ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသည့် တိရစ္ဆာန်မှ ကိုက်မိ၊ ခြစ်မိခြင်း၊ ရောဂါရှိသည့် တိရ စ္ဆာန်၏ သွားရည်မှတစ်ဆင့် မိမိခန္ဓာကိုယ်၏ ပေါက်ပြဲနေသည့် အရေပြားနှင့် ထိတွေ့ခြင်း၊ မျက်စိ၊ ပါးစပ်တစ်ခုခုအတွင်း ရောက်ရှိပါက ရောဂါကူးစက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ခွေးရူးပြန်ရောဂါပိုးနှင့် ပတ်သက်၍ စစ်ဆေးပေးနိုင် သည့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် အင်းစိန်မြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးတွင် စဥ့်ကိုင်မြို့နယ်တို့၌သာ ရှိနေသေးပြီး ရောဂါပျံ့နှံမှုအား လေ့လာရာတွင် ယင်းဒေသနှစ်ခုမှ တွေ့ရှိချက် ကိုသာ နိုင်ငံ့အတိုင်း အတာဖြင့် မှတ်ချက်ယူနေရကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစုမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment