Tuesday 1 October 2013

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ အတွက် ဦးစားပေး အကောင် အထည် ဖော်မည့် ကုန်စည်များနှင့် ဦးစားပေး ကဏ္ဍများကို အထောက်အကူပြုမည့် ကဏ္ဍများ သတ်မှတ်

Photo: အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ အတွက် ဦးစားပေး အကောင် အထည် ဖော်မည့် ကုန်စည်များနှင့် ဦးစားပေး ကဏ္ဍများကို အထောက်အကူပြုမည့် ကဏ္ဍများ သတ်မှတ်
Tuesday, October 1, 2013

ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို ရေးဆွဲရန် ပြင်ဆင်နေပြီး အဆိုပါ မဟာဗျူဟာအတွက် ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး ကဏ္ဍများကို ထောက်အကူပြုမည့် ကဏ္ဍများကို သတ်မှတ်ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ပို့ကုန်မဟာဗျူဟာတွင် ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များမှာ ဆန်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နှင့် အ၀တ်အထည်၊ သစ်နှင့်သစ်တောထွက် ပစ္စည်းတို့ဖြစ်ပြီး ဦးစားပေး ၀န်ဆောင်မှုအဖြစ် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို သတ်မှတ်ထားကာ အလားအလာကောင်းသည့် ကဏ္ဍအဖြစ် ရော်ဘာကို သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ ဦးစားပေး ကဏ္ဍများကို အထောက်အကူပြုစေမည့် ကဏ္ဍများအဖြစ် ကုန်သွယ်မှုဆိုင် ရာ ငွေကြေးဝန်ဆောင်မှု၊ ကုန်သွယ်မှု သတင်းအချက်အလက်နှင့် ကုန်သွယ်မှု မြှင့်တင်ရေး၊ အရည်အသွေး စီမံခန့်ခွဲခြင်း၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့ခြင်းနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေး ကဏ္ဍများကို သတ်မှတ်ထားကြောင်း သိရသည်။

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို အကြိုညှိနှိုင်း ဆွေးနွေးခြင်း၊ အသေးစိတ် ညှိနှိုင်းခြင်း၊ မဟာဗျူဟာ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း စသည့်အဆင့်လေးဆင့်ဖြင့် ငါးနှစ်ကြာ ရေးဆွဲအကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အကြိုညှိနှိုင်း ဆွေးနွေးခြင်း၊ အသေးစိတ် ညှိနှိုင်းခြင်း အဆင့်များကို ဆောင်ရွက်ပြီးစီး ခဲ့သဖြင့် မဟာဗျူဟာ ဒီဇိုင်းရေးဆွဲခြင်း အဆင့်နှင့် အကောင်အထည် ဖော်ခြင်းအဆင့်တို့ အတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ရေးဆွဲအကောင် အထည် ဖော်နိုင်ရေးအတွက် ဂျာမနီနိုင်ငံ GIZ အဖွဲ့၏ ထောက်ပံ့မှုဖြင့် နိုင်ငံတကာ ကုန်သွယ်မှုစင်တာက နည်းပညာ အကူအညီ ပေးသွားမည်ဖြစ်ပြီး အဆိုပါဗျူဟာ ရေးဆွဲရန် ဦးဆောင်သူအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်ကာ အစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ ပို့ကုန်လုပ်ငန်း ကဏ္ဍများကို ကိုယ်စားပြု ပါဝင်သူများ ပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ် အပေါ်၌သာ လုံးဝမှီခို အားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့်စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပင်မထုတ်ကုန် အနည်းငယ်အပေါ်သာ မှီခိုအားထား နေရခြင်းကြောင့် အစိုးရက ပြည်ပပို့ကုန် အမျိုးအစားများ စုံလင်များပြား လာစေရန်အတွက် မူဝါဒများ ချမှတ်ဆောင်ရွက် နေကြောင်း၊ ကုန်သွယ်မှု ကဏ္ဍအတွက် ဘဏ္ဍာရေး ငွေကြေးကိစ္စများ ပံ့ပိုးပေးခြင်း၊ ဈေးကွက်ချဲ့ထွင် ပေးခြင်းနှင့် ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက် ပေးခြင်းများကို ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ELeven Media Group

ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်နေသည့် သင်္ဘောတစ်စင်းအား တွေ့ရစဉ်
ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်နေသည့် သင်္ဘောတစ်စင်းအား တွေ့ရစဉ်
ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးအတွက် အမျိုးသားအဆင့် ပို့ကုန် မဟာ ဗျူဟာကို ရေးဆွဲရန် ပြင်ဆင်နေပြီး အဆိုပါ မဟာဗျူဟာအတွက် ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များ၊ ယင်းဦးစားပေး ကဏ္ဍများကို ထောက်အကူပြုမည့် ကဏ္ဍများကို သတ်မှတ်ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
ပို့ကုန်မဟာဗျူဟာတွင် ဦးစားပေး အကောင်အထည်ဖော်မည့် ကုန်စည်များမှာ ဆန်၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ အထည်အလိပ်နှင့် အ၀တ်အထည်၊ သစ်နှင့်သစ်တောထွက် ပစ္စည်းတို့ဖြစ်ပြီး ဦးစားပေး ၀န်ဆောင်မှုအဖြစ် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို သတ်မှတ်ထားကာ အလား အလာကောင်းသည့် ကဏ္ဍအဖြစ် ရော်ဘာကို သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ ဦးစားပေး ကဏ္ဍများကို အထောက်အကူပြုစေမည့် ကဏ္ဍများအဖြစ် ကုန်သွယ်မှုဆိုင် ရာ ငွေကြေးဝန်ဆောင်မှု၊ ကုန်သွယ်မှု သတင်းအချက်အလက်နှင့် ကုန်သွယ်မှု မြှင့်တင်ရေး၊ အရည်အသွေး စီမံခန့်ခွဲခြင်း၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့ခြင်းနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေး ကဏ္ဍများကို သတ်မှတ်ထားကြောင်း သိရသည်။

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကို အကြိုညှိနှိုင်း ဆွေးနွေးခြင်း၊ အသေးစိတ် ညှိနှိုင်းခြင်း၊ မဟာ ဗျူဟာ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း စသည့်အဆင့်လေးဆင့်ဖြင့် ငါးနှစ်ကြာ ရေးဆွဲအကောင် အထည် ဖော်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အကြိုညှိနှိုင်း ဆွေးနွေးခြင်း၊ အသေးစိတ် ညှိနှိုင်းခြင်း အဆင့်များကို ဆောင်ရွက်ပြီးစီး ခဲ့သဖြင့် မဟာဗျူဟာ ဒီဇိုင်းရေးဆွဲခြင်း အဆင့်နှင့် အကောင် အထည် ဖော်ခြင်းအဆင့်တို့ အတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ရေးဆွဲအကောင် အထည် ဖော်နိုင်ရေးအတွက် ဂျာမနီနိုင်ငံ GIZ အဖွဲ့၏ ထောက်ပံ့မှုဖြင့် နိုင်ငံတကာ ကုန်သွယ်မှုစင်တာက နည်းပညာ အကူအညီ ပေးသွားမည်ဖြစ်ပြီး အဆိုပါဗျူဟာ ရေးဆွဲရန် ဦးဆောင်သူအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်ကာ အစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ ပို့ကုန်လုပ်ငန်း ကဏ္ဍများကို ကိုယ်စားပြု ပါဝင်သူများ ပါဝင်ကြမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန် အနည်းငယ် အပေါ်၌သာ လုံးဝမှီခို အားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန် စသည်များ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပင်မထုတ်ကုန် အနည်းငယ်အပေါ်သာ မှီခိုအားထား နေရခြင်းကြောင့် အစိုးရက ပြည်ပပို့ကုန် အမျိုးအစားများ စုံလင်များပြား လာစေရန်အတွက် မူဝါဒများ ချမှတ်ဆောင်ရွက် နေကြောင်း၊ ကုန်သွယ်မှု ကဏ္ဍအတွက် ဘဏ္ဍာရေး ငွေကြေးကိစ္စများ ပံ့ပိုးပေးခြင်း၊ ဈေးကွက်ချဲ့ထွင် ပေးခြင်းနှင့် ကုန်သွယ်မှု မြှင့်တင်ဆောင်ရွက် ပေးခြင်းများကို ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ELeven Media Group

No comments:

Post a Comment