Sunday 15 September 2013

တွင်းထွက်သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI) အလုပ်ရုံဆွေးနွေး

Photo: တွင်းထွက်သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI) အလုပ်ရုံဆွေးနွေး
 Sunday, September 15, 2013

မြန်မာနိုင်ငံ တွင်းထွက်သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ် လုပ်ရေး၊ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (MEITI) အလုပ်ရုံ ဆွေးနွေး ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တော ရပ်ကွက်ရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်း ရုံးခန်းမ၌ကျင်းပရာ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်း အိုက်ပေါင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးအတွင်းဝန်ရုံးမှ ဒေါ်ကေသီနှင့် EITI option study မှ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် Dr. Jeremy Weate၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများနှင့် မီဒီယာ အဖွဲ့များ တက်ရောက်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်သစ်တောနှင့် သတ္တု ဝန်ကြီးက အမှာစကားပြောကြားပြီး ရေနံသဘာဝဓာတ်ငွေ့နှင့် ဓာတ် သတ္တု  များ ပေါကြွယ်ဝသော နိုင်ငံများတွင် သဘာဝအရင်း အမြစ်များကို တူးဖော်ခြင်းသည် ဝင်ငွေကောင်းရရှိကာ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက် အကူပြုသည့် အပြင် ဆင်းရဲနွမ်းပါးမှု ကိုလည်း လျော့ကျစေနိုင်သည်။ EITI (သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာရေး) သည် တူးဖော် ထုတ်လုပ်ရေးကဏ္ဍတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု တို့ကို တိုးတက်ကောင်းမွန်စေခြင်းများ ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံ သည် လည်း သဘာဝသယံ ဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်၍ ပြည်ထောင်စု ဝန်ကြီး ငါးဦးဖြင့် တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး၊ စက်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီကို ဖွဲ့စည်းထားရှိပြီး အစိုးရသာမက အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များပါ အခွန်ငွေ ဆိုင်ရာတို့ကို ပွင့်လင်းမြင်သာမှုရှိစေရန် ကုမ္ပဏီများ၏ဝင်ငွေ အပေါ်မူတည်၍ ဝင်ငွေအချိုးအလိုက် ပေးဆောင်မှု အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးအတွင်းဝန် ရုံးမှ ဒေါ်ကေသီက ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ EITI option study မှ တွေ့ရှိချက် များကို နိုင်ငံတကာကျွမ်းကျင် ပညာရှင် Dr. Jeremy Weate က EITI ဖော်ဆောင်ဖွဲ့မှုတွင် မိမိဘက်မှရှိနေသော အဟန့် အတား များ၊ ၎င်းအဟန့်အတားများကို ကျော်လွှားနိုင်မည့် အခွင့်အလမ်း များ၊ MSG ဖွဲ့စည်းရေးအတွက် အကြံပြုလိုသော အချက်များကို ရှင်း လင်းပြော ကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် အစိုးရ အဖွဲ့နှင့် လုပ်ငန်းရှင်များက သိလိုသည့် အချက်များကို မေးမြန်းကြရာ EITI option study မှ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် Dr. Jeremy Weate နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးအတွင်းဝန်ရုံးမှ ဒေါ်ကေသီတို့က ရှင်းလင်းဖြေကြားကာ တက်ရောက်လာကြသူ များကလည်း အစုအဖွဲ့ဖွဲ့ ၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

မြ၀တီ
မြန်မာနိုင်ငံ တွင်းထွက်သဘာဝ သယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး၊ ပွင့်လင်းမြင်သာမှု ဖော်
ဆောင်ရေး(MEITI) အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်း ရုံးခန်းမ၌ကျင်းပရာ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ သို့ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးအတွင်းဝန်ရုံး မှ ဒေါ်ကေသီနှင့် EITI option study မှ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် Dr. Jeremy Weate၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများနှင့် မီဒီယာ အဖွဲ့များ တက်ရောက်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးက အမှာစကားပြော ကြားပြီး ရေနံသဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုများ ပေါကြွယ်ဝသော နိုင်ငံများတွင် သဘာဝအရင်း အမြစ်များကို တူးဖော်ခြင်းသည် ဝင်ငွေကောင်းရရှိကာ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့် အပြင် ဆင်းရဲနွမ်းပါးမှုကိုလည်း လျော့ကျစေနိုင်သည်။ EITI (သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်း များ ပွင့်လင်းမြင်သာရေး)သည် တူးဖော်ထုတ်လုပ်ရေးကဏ္ဍတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို တိုးတက်ကောင်းမွန်စေခြင်းများ ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံသည်လည်း သဘာဝသယံ ဇာတ ပေါကြွယ် ဝသော နိုင်ငံဖြစ်၍ ပြည်ထောင်စုဝန်ကြီး ငါးဦးဖြင့် တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး၊ စက်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီကို ဖွဲ့စည်းထား ရှိပြီး အစိုးရသာမက အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များပါ အခွန်ငွေဆိုင်ရာတို့ကို ပွင့်လင်းမြင်သာမှု ရှိစေရန် ကုမ္ပဏီများ၏ဝင်ငွေ အပေါ်မူတည်၍ ဝင်ငွေအချိုးအလိုက် ပေးဆောင်မှုအခြေအနေများနှင့် ပတ် သက်၍ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးအတွင်းဝန်ရုံးမှ ဒေါ်ကေသီက ရှင်းလင်းပြောကြားသည်။ ဆက်လက် ၍ EITI option study မှ တွေ့ရှိချက်များကို နိုင်ငံတကာကျွမ်းကျင် ပညာရှင် Dr. Jeremy Weate က EITI ဖော်ဆောင်ဖွဲ့မှုတွင် မိမိဘက်မှရှိနေသော အဟန့်အတားများ၊ ၎င်းအဟန့်အတားများကို ကျော် လွှားနိုင်မည့် အခွင့်အလမ်းများ၊ MSG ဖွဲ့စည်းရေးအတွက် အကြံပြုလိုသောအချက်များကို ရှင်း လင်းပြော ကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် အစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များက သိလိုသည့် အချက် များကို မေးမြန်းကြရာ EITI option study မှ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် Dr. Jeremy Weate နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးအတွင်းဝန်ရုံးမှ ဒေါ်ကေသီတို့က ရှင်းလင်းဖြေကြားကာ တက်ရောက်လာကြသူ များကလည်း အစုအဖွဲ့ဖွဲ့ ၍ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။ 

မြ၀တီ

No comments:

Post a Comment