Sunday 15 September 2013

လုယက်မှုကျူးလွန်သူတရားခံအား သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိ

Photo: လုယက်မှုကျူးလွန်သူတရားခံအား သက်သေခံပစ္စည်းနှင့်အတူ 
ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၅

၁၅.၉.၂၀၁၃ရက်နေ့ ၀၇၂၀ အချိန်တွင် ကမာရွတ်မြို့နယ်နေ
ဒေါ်စောကလျာသည် နေအိမ်မှလှည်းတန်းဈေးသို့ အထည်ဆိုင်ဖွင့်ရန် တစ်ဦးတည်းလမ်းလျှောက်လာစဉ် သင်္ဃန်းဆိုင်နှင့် ဗဟိုလမ်းကြား
အရောက်တွင် အမည်မသိအသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးနှင့် မျက်နှာချင်းဆိုင်တွေ့မိပြီး ၄င်းအမျိုးသားမှ မျက်နှာကိုလက်ဖြင့်ကာ၍
ဒေါ်စောကလျာ၏ လည်ပင်းတွင်ဆွဲထားသော (၅)မူးသားခန့်ရှိ ကြံဆစ်ပုံရွှေဆွဲကြိုး(၁)ကုံးနှင့် တွဲလျက် ရွှေချိန် (၁)ပဲ၊ (၆)ရွေးရှိ
ကျောက်ဖြူ (၁၄)လုံးပါလော့ကက်သီး(၁)ခု စုစုပေါင်းတန်ဘိုး
ငွေကျပ်(၅)သိန်းခန့်အား ဆွဲဖြတ်ယူကာထွက်ပြေးသွားသဖြင့်
စုံစမ်းအရေးယူပေးရန် ဒေါ်စောကလျာမှ တိုင်တန်းခဲ့၍ ကမာရွတ်မြို့မ
ရဲစခန်း(ပ)၄၀၉/၂၀၁၃၊ပုဒ်မ၃၈၂ဖြင့်အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုမှ ပြစ်မှုကျူးလွန်သူအား ကမာရွတ်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် ပူးပေါင်း၍ လိုက်လံစုံစမ်းရှာဖွေ
ဖမ်းဆီးခဲ့ရာ ၁၀၀၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ကွမ်းခြံ(၂)လမ်းရှိ လူနေထိုင်ခြင်းမရှိသည့်ခြံဝင်းထဲမှ ကျော်ကျော်၊ (ဘ)ဦးထွန်းရှိန်၊ ပတ္တမြားရပ်ကွက်၊ ကျိုက်လတ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား သက်သေခံပစ္စည်းများနှင့်အတူ
တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၁၅.၉.၂၀၁၃ရက်နေ့ ၀၇၂၀ အချိန်တွင် ကမာရွတ်မြို့နယ်နေ ဒေါ်စောကလျာသည် နေအိမ်မှ လှည်း တန်းဈေးသို့ အထည်ဆိုင်ဖွင့်ရန် တစ်ဦးတည်းလမ်းလျှောက်လာစဉ် သင်္ဃန်းဆိုင်နှင့် ဗဟိုလမ်းကြား
အရောက်တွင် အမည်မသိအသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးနှင့် မျက်နှာချင်းဆိုင်တွေ့မိပြီး ၄င်းအမျိုး သားမှ မျက်နှာကိုလက်ဖြင့်ကာ၍ ဒေါ်စောကလျာ၏ လည်ပင်းတွင်ဆွဲထားသော (၅)မူးသားခန့်ရှိ ကြံဆစ် ပုံရွှေဆွဲကြိုး(၁)ကုံးနှင့်တွဲလျက် ရွှေချိန်(၁)ပဲ၊ (၆)ရွေးရှိ ကျောက်ဖြူ(၁၄)လုံးပါလော့ကက်သီး(၁)ခု စုစုပေါင်း တန်ဘိုး ငွေကျပ်(၅)သိန်းခန့်အား ဆွဲဖြတ်ယူကာထွက်ပြေးသွားသဖြင့် စုံစမ်းအရေးယူပေးရန် ဒေါ်စော ကလျာမှ တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း(ပ)၄၀၉/၂၀၁၃ ၊ ပုဒ်မ၃၈၂ဖြင့်အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ ပါသည်။

အဆိုပါအမှုမှ ပြစ်မှုကျူးလွန်သူအား ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့် ပူးပေါင်း ၍ လိုက်လံစုံစမ်းရှာဖွေဖမ်းဆီးခဲ့ရာ ၁၀၀၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ကွမ်းခြံ(၂)လမ်းရှိ လူနေထိုင်ခြင်းမရှိသည့်ခြံဝင်းထဲမှ ကျော်ကျော်၊ (ဘ)ဦးထွန်းရှိန်၊ ပတ္တမြားရပ်ကွက်၊ ကျိုက်လတ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment