Sunday 15 September 2013

ဂန့်ဂေါမြို့ စည်ပင်ဌာနမှ မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေ စက်ကြီးမြစ်ရေ နှင့်အတူ မျောပါသွား

Photo: ဂန့်ဂေါမြို့ စည်ပင်ဌာနမှ မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေ စက်ကြီးမြစ်ရေ နှင့်အတူ မျောပါသွား 
Sunday, September 15, 2013

ဂန့်ဂေါမြို့ စည်ပင်ဌာန မှ ဂန့်ဂေါ မြို့ပေါ် ရပ်ကွက်များသို့ ရေပေးဝေ နေ သည့် ရေစက်ကြီး သည် စက်တင်ဘာလ ၁၃ ရက် ညပိုင်းက မြစ် သာမြစ်ရေ နှင့် အတူ မျောပါ သွားကြောင်း သိရသည်။

မြစ်သာမြစ်ရေ သည် ဂန့်ဂေါမြို့ ပေါ်တွင် ထူးခြားစွာ မိုးရွာသွန်းမှု မရှိခဲ့ သော်လည်း ဂန့်ဂေါမြို့ အထက်ပိုင်းတွင် မိုးရွာသွန်းမှု များခြင်းကြောင့် အဆိုပါ ရက်ပိုင်း အတွင်း မြစ်သာမြစ်ရေ တက်နေသည် ဟု သိရ သည်။ " စက်တင်ဘာလ ၁၃ ရက် ညပိုင်းက ဂန့်ဂေါမှာ မိုးနည်းနည်း ပဲ ရွာတာပါ ၊ မနှစ်က ပြောစမှတ် ဖြစ်လောက် အောင် တက်ခဲ့ တဲ့ မြစ်သာမြစ်ရေ မှာတောင် ရေပေးဝေရေး စက်ကြီး မမျောခဲ့ပါဘူး ၊ လက်ရှိ အချိန် ထိတော့ စည်ပင်ရေကို အား ထား နေရ သူတွေက စည်ပင် ရေစက်ကြီး ရေထဲမျော သွားတဲ့ အတွက် သောက်သုံးရေ အခက်အခဲ ဖြစ်မှာ စိုးရိမ် နေကြပါတယ် ... " ဟု အမှတ်(၁) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောကြား ခဲ့သည်။

" စည်ပင် ရေက ဒေသခံ ပြည်သူတွေ အားကိုး သလောက် ဖြစ်မလာပါဘူး ၊ ပြီးခဲ့တဲ့ သြဂုတ်လ ထဲမှာဆိုရင် ရေစက် ပျက်လို့ဆိုပြီး တစ်လလုံးမှ တစ်ကြိမ်ပဲ ရေပေးခဲ့တယ် ၊ လကုန် ခါနီးတော့ တစ်ကြိမ် လာတယ် ၊ အခုမြစ်ရေနဲ့ အတူ မျောသွားတယ် ဆိုတော့ တစ်လတစ်ကြိမ် တောင် လာဖို့ ခက်သွားပါပြီ ၊ ပြောရမယ် ဆိုရင် ရေသာ ပုံမှန်မလာ တာပါ ၊ လစဉ်ကြေး ကတော့ ကောက်ခံမှု မပျက်ကွက် ပါဘူး ၊ သူတို့ ရေမပေးနိုင် တဲ့ လဆို ချက်ချင်း လာမကောက်ဘဲ ရေပေးတဲ့ လကြမှ နှစ် လစာပေါင်း ကောက်တာ တွေလည်း ရှိပါတယ် ၊ ကျွန်တော်တို့ ဆန္ဒကတော့ ရေဆိုတာ နေ့စဉ် လူနေမှုဘဝ မှာ မရှိမဖြစ် လိုအပ် တဲ့အရာပါ ၊ အခုချိန်ထိ တော့ရေစက် ကြီး မျောပါသွားတဲ့ အတွက် ဒေသခံတွေ အခက်အခဲ မဖြစ်အောင် စည်ပင်ဌာနမှ ဘယ်လို ဆောင်ရွက် ပေးမယ် ဆိုတာကို ဘာမှ မပြောသေး ပါဘူး ... '' ဟု အမှတ်(၄) ရပ်ကွက်မှ ဒေသခံတစ်ဦး က ပြောကြားခဲ့သည်။


ဂန့်ဂေါမြို့ စည်ပင်ဌာနမှ ရေပေးဝေ ရာတွင် မူလ သတ်မှတ်ချက် မှာ တစ်လ လျှင် (၁ဝ) ကြိမ် ပေးဝေရန်သတ်မှတ် ထားသည်။ သို့သော် ရေပေးဝေသည့် နေ့များတွင် အချိန် ကြာမြင့်စွာ ပေးသည့် အတွက် ဒေသခံ များ သည် ရေရရှိခိုက် ခံယူထား ကြရသည်။ စည်ပင်ရေ၏ လစဉ် သတ်မှတ်ကြေးမှာ ငွေကျပ် ၅၀၀၀ ဟု သိရှိရသည်။

( ယောသူလေး )
The Myawady Daily
ဂန့်ဂေါမြို့ စည်ပင်ဌာန မှ ဂန့်ဂေါ မြို့ပေါ် ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေစက်ကြီးသည် စက်တင် ဘာ လ ၁၃ ရက် ညပိုင်းက မြစ် သာမြစ်ရေ နှင့် အတူ မျောပါ သွားကြောင်း သိရသည်။
မြစ်သာမြစ်ရေသည် ဂန့်ဂေါမြို့ ပေါ်တွင် ထူးခြားစွာ မိုးရွာသွန်းမှုမရှိခဲ့ သော်လည်း ဂန့်ဂေါမြို့ အထက်ပိုင်း တွင် မိုးရွာသွန်းမှု များခြင်းကြောင့် အဆိုပါ ရက်ပိုင်း အတွင်း မြစ်သာမြစ်ရေ တက်နေသည် ဟု သိရ သည်။ " စက်တင်ဘာလ ၁၃ ရက် ညပိုင်းက ဂန့်ဂေါမှာ မိုးနည်းနည်း ပဲ ရွာတာပါ ၊ မနှစ်က ပြောစမှတ် ဖြစ်လောက် အောင် တက်ခဲ့ တဲ့ မြစ်သာမြစ်ရေ မှာတောင် ရေပေးဝေရေး စက်ကြီး မမျောခဲ့ပါဘူး ၊ လက်ရှိ အချိန် ထိတော့ စည်ပင်ရေကို အား ထား နေရ သူတွေက စည်ပင် ရေစက်ကြီး ရေထဲမျော သွားတဲ့ အတွက် သောက်သုံးရေ အခက်အခဲ ဖြစ်မှာ စိုးရိမ် နေကြပါတယ် ... " ဟု အမှတ်(၁) ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောကြား ခဲ့သည်။

" စည်ပင် ရေက ဒေသခံ ပြည်သူတွေ အားကိုး သလောက် ဖြစ်မလာပါဘူး ၊ ပြီးခဲ့တဲ့ သြဂုတ်လ ထဲမှာဆိုရင် ရေစက် ပျက်လို့ဆိုပြီး တစ်လလုံးမှ တစ်ကြိမ်ပဲ ရေပေးခဲ့တယ် ၊ လကုန် ခါနီးတော့ တစ်ကြိမ် လာတယ် ၊ အခုမြစ်ရေနဲ့ အတူ မျောသွားတယ် ဆိုတော့ တစ်လတစ်ကြိမ် တောင် လာဖို့ ခက်သွားပါပြီ ၊ ပြောရမယ် ဆိုရင် ရေသာ ပုံမှန်မလာ တာပါ ၊ လစဉ်ကြေး ကတော့ ကောက်ခံမှု မပျက်ကွက် ပါဘူး ၊ သူတို့ ရေမပေးနိုင် တဲ့ လဆို ချက်ချင်း လာမကောက်ဘဲ ရေပေးတဲ့ လကြမှ နှစ် လစာပေါင်း ကောက်တာ တွေလည်း ရှိပါတယ် ၊ ကျွန်တော်တို့ ဆန္ဒကတော့ ရေဆိုတာ နေ့စဉ် လူနေမှုဘဝ မှာ မရှိမဖြစ် လိုအပ် တဲ့အရာပါ ၊ အခုချိန်ထိ တော့ရေစက် ကြီး မျောပါသွားတဲ့ အတွက် ဒေသခံတွေ အခက်အခဲ မဖြစ်အောင် စည်ပင်ဌာနမှ ဘယ်လို ဆောင်ရွက် ပေးမယ် ဆိုတာကို ဘာမှ မပြောသေး ပါဘူး ... '' ဟု အမှတ်(၄) ရပ်ကွက်မှ ဒေသခံတစ်ဦး က ပြောကြားခဲ့သည်။

ဂန့်ဂေါမြို့ စည်ပင်ဌာနမှ ရေပေးဝေ ရာတွင် မူလ သတ်မှတ်ချက် မှာ တစ်လ လျှင် (၁ဝ) ကြိမ် ပေးဝေရန်သတ်မှတ် ထားသည်။ သို့သော် ရေပေးဝေသည့် နေ့များတွင် အချိန် ကြာမြင့်စွာ ပေးသည့် အတွက် ဒေသခံ များ သည် ရေရရှိခိုက် ခံယူထား ကြရသည်။ စည်ပင်ရေ၏ လစဉ် သတ်မှတ်ကြေးမှာ ငွေကျပ် ၅၀၀၀ ဟု သိရှိရသည်။

( ယောသူလေး )
The Myawady Daily

No comments:

Post a Comment