Sunday 15 September 2013

ငါးအသည်းဆီပြန်ဟင်းနှင့် ဒညင်းသီးပြုတ်တို့ စားသုံးခဲ့ရာမှ အစာအဆိပ်သင့်

၁၄.၉.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်ခန့်တွင် ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာ၊ မြန်မာ့ မီးရထား ၀င်းနေ ဆောက်လုပ်ရေးကုမ္မဏီတွင် သံချည်သံကွေးလုပ်ကိုင်သူများဖြစ်သည့် ကိုထွန်းထွန်းဦး (၃၃)နှစ်၊
မမြင့်မြင့်မော်(၃၁)နှစ်၊ ကိုဇေယျာမင်း(၂၆)နှစ်၊ မပုလဲဝင်း(၄)နှစ်တို့ မိသားစု(၄)ဦးနှင့် အတူနေကိုချစ်ကို (၂၅)နှစ်တို့သည်အခြားအလုပ်သမား (၂)ဦးနှင့်အတူ နေအိမ်၌ငါးအသည်းအားဆီပြန်ဟင်းချက်၍ ဒညင်း သီးပြုတ်နှင့်တွဲဖက် ထမင်းစားခဲ့ကြရာမှ နာရီဝက်ခန့်အကြာတွင် ၄င်းတို့(၅)ဦးမှာ မူးဝေအော့အန် ခဲ့သော် လည်း နေထိုင်ရသည်မှာ သက်သာသေးသဖြင့် ဆေးရုံသို့ပြသခြင်း မပြုခဲ့ကြောင်း ၁၅.၉.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ခန့်တွင် ၄င်းတို့ (၅)ဦးမှာ ပိုမိုပြီးမူးဝေအော့အန်လာသဖြင့် အင်းစိန်ဆေးရုံသို့ပြသခဲ့ရာ အရေးပေါ်အဆောင်၌ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် တက်ရောက်ကုလျက်ရှိကြောင်းသတင်းရရှိ ပါသည်။

Yangon Police

No comments:

Post a Comment